NLD ခြံပေါက်တစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီ ဥက္ကဌတစ်ဦး ဖြစ်သူ ဦးသိန်းညွန့် ဟာ ကမ္ဘာ့ဒီမိုကရေစီနေ့က ဗွီအိုအေနဲ့ နေပြည်တော်မှာ တွေ့ဆုံမေးမြန်းစဉ်က "ဒီနေ့ NLD မှတ်ပုံတင်ရင်၊ အမျိုးသားဒီမိုကရေစီပါတီကို မနက်ဖြန် ဖျက်မယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်မှု ညံ့ဖျင်းပြီး ဆုံးဖြတ်ချက် ခဏခဏ မှားနေတဲ့ NLD ကို ပြန်မသွားတော့ဘူးလို့ သိရပါတယ်။
NLD ပါတီမှ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လွဲမှားတဲ့ စကားကို နားထောင်ပြီး ၂၀၀၈ အခြေခံဥပဒေကို လက်မခံပဲ ဆန့်ကျင်ကာ ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ခဲ့တာကြောင့် NLD ပါတီဝင် အများအပြားက NDF ဆိုပြီး ပါတီတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ NLD လည်း နှစ်ခြမ်း ကွဲပြီး အင်အားချိနဲ့ခဲ့ရပါတယ်။
NLD ခြံပေါက်တွေနဲ့ ဖွဲ့စည်းထားတဲ့ NDF ဟာလည်း ထုံးစံအတိုင်း နှစ်ခြမ်းကွဲပြန်ပါတယ်။ ဥက္ကဌဖြစ်သူ ဦးခင်မောင်ဆွေနဲ့ ဒုဥက္ကဌဖြစ်သူ ဦးသိန်းညွန့်တို့ သဘောထားကွဲကြပြီး ဦးသိန်းညွန့်ကို ပါတီမှ ထုတ်ပယ်လိုက်ပါတယ်။ ဇွန်လ ၆ ရက်နေ့တွင် နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်က ဦးသိန်းခံညွန့်ကို တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် တရားဝင် သတ်မှတ်ပြီးနောက် ဦးဘုန်းမြင့်အောင် (အမျိုးသားလွှတ်တော်) နှင့် ရန်ကုန်တိုင်းဒေသကြီး အမတ်များ ဖြစ်တဲ့ ဦးကြည်မြင့်၊ ဦးကျော်နှင့် ဒေါ်စန်းစန်းမြင့်တို့ကလည်း NDF မှနုတ်ထွက် ခဲ့ကြပါတယ်။

ဦးသိန်းညွန့်ဟာ အမျိုးသားဒီမိုကရေစီပါတီဥက္ကဖြစ်ပြီး အမျိုးသား ဒီမိုကရေစီပါတီမှာ NDF မှ ခွဲထွက်လာသူ ၁၀၀ ကျော်အပြင် အင်အား ၁၀၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။ ဦးသိန်းညွန့်တို့ တို့ ဦးခင်မောင်ဆွေနဲ့ ဒေါက်တာသန်းငြိမ်းတို့ဟာ NLD ကနေ ခွဲထွက်တုန်းကတော့ မှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်တာကြောင့်လို့ အကြောင်းပြကြပါတယ်။ အခု NLD က ဒေါ်အောင်ဆန်းစုကြည် အမြင်မှန်ရပြီး ကိုယ်တိုင် ရွေးကောက်ပွဲ ဝင်မယ်ဆိုတာကို တောင် သူတို့တွေက ပြန်သွားဖို့ အစီအစဉ် မရှိကြပြန်ပါဘူး။
ဦးသိန်းညွန့်၊ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေတို့ဟာ NLD ပါတီအတွင်းက ပုဂ္ဂိုလ်စွဲကြီးမားမှု၊ ပါတီတစ်ခုလုံးရဲ့ သဘောထားက လူတစ်ယောက်တည်းအပေါ်မှာ မူတည်နေမှု၊ ပါတီဝင်အများစုဟာ သက်ကြီးတွေ ဖြစ်နေမှု နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က စကားတွေ ရှေ့နောက်မညီမှုတွေကို ခရေစေ့တွင်းကျ သိရှိထားသူများဖြစ်ပါတယ်။ အတွင်းသိတွေ ဖြစ်နေတာကြောင့် NLD ကို ပြန်မသွားကြတာလည်း ဖြစ်နိုင်ပါတယ်။
နောက်တစ်ခုက ဦးသိန်းညွန့်တို့ ခွဲထွက်သွားချိန်တုန်းက ကျန်ခဲ့တဲ့ သူတွေက ဝေဖန် ပြစ်တင် ရှုံ့ချတာတွေ လုပ်ခဲ့ကြပါတယ်။ အခု ပြန်သွားပြီး အဲဒီလူတွေနဲ့ ရင်ဆိုင်ရမှာကို သဘောမကျလို့လည်း ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် အခုချိန်မှာတော့ NDF နဲ့ အမျိုးသားဒီမိုကရေစီ ပါတီ တို့က NLD ထက် တစ်နှစ် နီးပါး စီနီယာ ကျနေပြီးသား ဖြစ်ပြီး NLD ကတော့ ၂၀၀၈ အခြေခံဥပဒေမှာ နောက်ဆုံးမှ မှတ်ပုံတင်တဲ့ သက်တမ်းအနုဆုံး ပါတီလေး တစ်ခု ဖြစ်ပါတယ်။

5 comments:
နိုင်ငံရေးအကြောင်း နားလည်သွားသူများသည် NLD ကို ဘယ်တော့မှ မသွားပါ
ဘာမှနားမလည်သောသူများသာ NLD သို့ဝင်ရန်စိတ်အားထက်သန်နေကြသည်
မြန်မာလူမျိုးက....နားေ၇ာင်တတ်တယ်....ဒေါ်အောင်ဆန်းစုကြည် က အထင်ကြီးစရာမရှိပါဘူး.....ကျနော်တို့ ကဘယ်တူတက်တက်ပါ....စိတ်မ၀င်စားပါဘူး....ကိုယ်လုပ်မှကိုယ်စားရတာ..
ဒေါ်အောင်ဆန်းစုကြည် က....အထင်ကြီးစရာမရှိပါဘူး...
နိုင်ငံကိုကောင်းအောင်တကယ်လုပ်ပေးနိုင်သူကိုသာ အထင်ကြီးမည်...
မှတ်ချက်...ဘယ်သူတက်ပြီးအုပ်ချုပ်မှရယ်မဟုတ်ပါ....
ကိုမင်းကိုဦးရေ ခင်ဗျားဘယ်လောက် အစွမ်းအစရှိသလဲ၊ဒေါ်အောင်ဆန်း
စုကြည် ဘယ်လောက်အစွမ်းအစ ရှိသလဲဆိုတာ သိရအောင် ခင်ဗျား
အနေနဲ့ ပြည်သူအတွက်တခုလောက် လုပ်ပြပါလား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်