Subscribe to our RSS Feed

အမြင်မှန်ရလာတဲ့ NLD ကို ခြေစုံကန်ခဲ့သူများ ပြန်လာမည်ဟု ကောလဟာလ ထွက်ပေါ်နေ

အဒဖ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) ဝင်များဖြစ်ခဲ့ကြပြီး ခေါင်းဆောင်မှုညံ့ဖျင်းမှု၊ ဆုံးဖြတ်ချက်မှားမှုနဲ့ ဦးတည်ချက်တွေ တစ်နေ့တစ်မျိုးပြောင်းနေမှုတွေကြောင့် NLD ကို အယုံအကြည်မရှိကာ ပါတီကို ခြေစုံကန်၍ နှုတ်ထွက်သွားကြသူများနဲ့ ပါတီသစ် ထူထောင်ထားသူ အချို့က ဒီနေ့ဆိုရင် သက်ဆိုင်ရာပါတီ အသီးသီးမှာ နေရာအတော်ရနေကြပြီး၊ လွှတ်တော်ထဲမှာ နေရတွေ ရနေကြပြီဖြစ်ပါတယ်။ ၎င်းတို့အနေနဲ့ မနေ့တနေ့ကမှ အမြင်မှန်ရပြီး မှတ်ပုံတင်တဲ့ NLD ကို သွားယောက် ကူညီဖို့ ဆန္ဒရှိနေကြပါတယ်။ ဒါပေမယ့် ၎င်းတို့အနေနဲ့ NLD ကိုတော့ သိပ်ပြီး အယုံအကြည် မရှိရဲသေးသလို အရင်လို ခေါင်းမာပြီး အလဲအကွဲ ဆုံးဖြတ်ချက်တွေနဲ့၊ ရှေ့နောက်မညီတဲ့ လုပ်ဆောင်မှုတွေကို ဆက်လုပ်မှာကိုတော့ ဆိုးရိမ်နေကြောင်း သိရပါတယ်။

NLD ပါတီမှ ခွဲထွက်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကာ အောင်မြင်မှုတွေရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF)နှင့် အမျိုးသား ဒီမိုကရေစီပါတီတို့မှ အဖွဲ့ဝင်တချို့က အဒဖ ကို သွားရောက် ကူညီမယ်လို့ သိရပါတယ်။ ဒါပေမယ့် ၎င်းတို့အတွက် အကြီးမားဆုံးအခက်အခဲကတော့ အများစုက အမျိုးသားတွေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အဒဖ က အမျိုးသမီးဦးစားပေး စီမံကိန်းကြောင့် ကူညီလိုသူတွေမှာ အခက်အခဲဖြစ်နေရပါတယ်။

အမျိုးသား ဒီမိုကရေစီပါတီ ဥက္ကဌ ဦးသိန်းညွန့်ကတော့ အရင်တုန်းက NLD မှတ်ပုံတင်တာနဲ့ အမျိုးသား ဒီမိုကရေစီပါတီကို ဖျက်ပြီး NLD နဲ့ပေါင်းမယ်လို့ ကြေညာခဲ့ပေမယ့် အခုတော့ မပေါင်းနိုင်ဘူးလို့ ပြန်ပြောခဲ့ပါတယ်။ ဦးသိန်းညွန့်ဟာ အရင်တုန်းက NLD ပါတီဝင်ဟောင်း တစ်ဦးဖြစ်ပြီး အတွင်းသိတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ NLD ကို ပြန်မသွားချင်တာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။

ပြန်ပြီးလက်တွဲပါမယ်... ပြန်ပြီးလက်တွဲပါမယ်..

၂၀၁၀ ရွေးကောက်ပွဲမှာ အောင်မြင်မှုတွေ ရခဲ့တဲ့ NDF ဦးခင်မောင်ဆွေကလည်း သူတို့ပါတီမှာ နှုတ်ထွက်စာ တင်သူ မရှိသေးဘူးလို့ ပြောထားပါတယ်။

ဒီမိုကရက်တစ်ပါတီ(မြန်မာနိုင်ငံ) ၏ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်သန်းသန်းနုကလည်း ၄င်းတို့ပါတီမှ NLD ပါတီသို့ ကူးပြောင်းမည့် ပါတီဝင် မရှိသေးကြောင်း၊ ယခုအခါ နိုင်ငံရေးပါတီတချို့တွင် NLD သို့ကူးပြောင်းကြမည် ဆိုသည်ကို သက်ဆိုင်ရာ ပါတီများက တရားဝင် ထုတ်မပြောသော်လည်း ကောလာဟလ အနေဖြင့်ကြားနေရကြောင်း သာ ပြောဆိုခဲ့ပါတယ်။
အဒဖ ပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ လျှောက်လွှာတင်ပြီးပြီးချင်းမှာ အရင်ဆုံး အဆိုတော်တွေ ကို ခေါ်တွေ့ခဲ့ပါတယ်၊ အဲဒီနောက် မင်းသား မင်းသမီးတွေကို ခေါ်တွေ့ခဲ့ပါတယ်။ လက်ရှိ အမတ်တစ်ဦးကတော့ NLD မှတ်ပုံတင်ခြင်းကို ကြိုဆိုပေမယ့် စောင့်ကြည့်ရအုံးမယ်လို့ ဆိုပါတယ်။ NLD မှ အမြင်မှန်ရပြီး မှတ်ပုံတင်ခြင်းကို ဒီနေ့ တရားဝင်ပါတီ အားလုံးနီးပါးက သတိနဲ့ ကြိုဆိုခဲ့ကြပါတယ်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်