Subscribe to our RSS Feed

"ဟေ့...မြဲမြဲမှတ်ထား မြန်မာပြည်သားတွေဟာ ခင်ဗျားတို့ထင်သလို ငတုံးတွေ မဟုတ်ဘူး"

........ မိုးထက်မြင့်



တစ်နေ့က Facebook ပေါ်မှာ အုံးအုံးကြွက်ကြွက်ညံသွားပါတယ်။ BBC ကနေ ပြီးတော့ လက်ရှိသမ္မတဦးသိန်းစိန်ဟာ ရှစ်လေးလုံးတုန်းက တပ်မမှူးဘ၀နဲ့ လူထုကို ပစ်ခတ်နှိမ်နင်းခဲ့ပါတယ်ဆိုတဲ့

ဝီကီလိခ်ရဲ့ ကြေးနန်းကိုကိုးကားပြီး ရှစ်လေးလုံးမတိုင်ခင် ချိန်ကိုက်ဗုံးတစ်လုံးထောင်ပစ်လိုက်ပါတယ်။
ဒါပေမဲ့ ထင်သလိုမဖြစ်လာဘဲ ၈၈ တုန်းကလို ရေဒီယိုနားထောင်ယုံသပ်သပ်မဟုတ်တော့တဲ့ လူထုက
BBC ကို ၀ိုင်းမေတ္တာပို့ပါတော့တယ်။ ယနေ့လူထုဟာ သတင်းတစ်ခုကို သိယုံနဲ့ တန်းမယုံတော့ဘဲ
ဘက်ပေါင်းစုံကနေပြီးတော့ ဒီသတင်းမှန်မမှန်ကို အတည်ပြုဖို့ ရှာဖွေဖတ်ရှုလာနိုင်သလို မီဒီယာလောကရဲ့
လျင်မြန်စွာပျံ့နှံ့လာမှုကြောင့် BBC ရဲ့ သတင်းအပေါ် တန်ပြန်သတင်းတွေ ပေါ်ထွက်လာပြီး
အဖြစ်မှန်ကို ပြည်သူတွေသိခဲ့ရပါတယ်။ တကယ်တော့ BBC မှာပြောသလို အဲဒီ ၈၈ တုန်းက သမ္မတဦးသိန်းစိန်ဟာ တပ်မမှူး တစ်ယောက် မဟုတ်ဘဲ ဗိုလ်မှူးတစ်ယောက်ဖြစ်နေတာပါ။ လုပ်တော့လုပ်ကြံတာပဲ။ ဒါပေမဲ့ မအောင်မြင်ဖြစ်တော့ အကျိုးဆက်က ပြည်သူတွေ ၀ိုင်းပို့တဲ့ မေတ္တာကို BBC ခံလိုက်ရတော့တာပါပဲ။


အခုလည်း Burma Campaign UK က အများပြည်သူတွေအနေနဲ့ ကိုယ့်သမ္မတ ဘာလုပ်ထားတယ်ဆိုတာကို သိသင့်တယ်လို့ ဆိုပြီး အများပြည်သူအနေနဲ့ ဝီကီလိခ်ရဲ့ ပြောဆိုချက် မှန်မမှန် ဦးသိန်းစိန်ဆီကို စာရေးသား မေးမြန်းကြပါဆိုပြီး BBC မှာ တင်လိုက်ပြန်ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို ပြန်ကြားရေးဝန်ကြီးသစ် ဦးရဲထွဋ်ဆီကနေပြီးတော့ တန်ပြန်သတင်းတွေ ထွက်လာတော့ ကြားထဲက BBC က ငပွကြီး ဖြစ်သွားပြန်ပါတယ်။ “တကယ်လို့ သမ္မတဦးသိန်းစိန်မှာ ဖုံးကွယ်ထားစရာ ဘာတစ်ခုမှ မရှိဘူးဆိုရင် သူ့ရဲ့တပ်တွင်း လုပ်ဆောင်မှု မှတ်တမ်းအပြည့်အစုံကို မြန်မာနိုင်ငံက လူတိုင်းလူတိုင်း ကြည့်ရှုနိုင်ဖို့ မထုတ်ပြန်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး” ဟု ဘားမားကမ်ပိန်းယူကေ က ၈၈ အမီ လူထုနဲ့ သမ္မတကြား အတို့အထောင်လုပ်ပါတယ်။ ဦးရဲထွဋ်က “ကလေးမြို့သူမြို့သားတွေ အဲဒီအချိန်က သမ္မတဦးသိန်းစိန် ဒေသတည်ငြိမ်ရေး ဘယ်လိုညင်သာသိမ်မွေ့စွာ ဆောင်ရွက်ခဲ့တယ်ဆိုတာ အသိဆုံးဖြစ်ပါတယ်။ ဘားမားကမ်ပိန်းယူကေရဲ့ ပြောဆိုချက်ဟာ သမ္မတရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ် နိုင်ငံတကာက အသိအမှတ်ပြုနေမှုကို ထိခိုက်စေဖို့ စတန့်ထွင် ဆောင်ရွက်တာလို့ပဲ မြင်ပါတယ်” လို့ ပြန်လည်တုန့်ပြန်လိုက်ပါတယ်။ တကယ်လည်းပဲ ထိုအချိန်က ခလရ ၈၉ တပ်ရင်းမှူးအဖြစ် ကလေးမြို့မှာတာဝန်ထမ်းဆောင်ခဲ့တာပါ။


“ကလေးမြို့ပေါ်ကို သာစည်ရွာဖက်က သပိတ်တပ်လာတဲ့နေ့မှာ မြို့ပေါ်က အ၀င်မခံဘူး။ ဒါနဲ့ နှစ်ဖက်အင်အားစုတွေ ထိပ်တိုက်တွေ့နေကြတယ်။ ဒါနဲ့ ကျွန်တော်ရယ် ဒေါ်လှကြည်ရယ် တပ်ရင်းမှူးကို သွားအကြောင်းကြားတော့ အရာရှိနှစ်ယောက်ကို အခြေအနေလိုက်ထိန်းခိုင်းလို့ ပြေလည်ခဲ့ပါတယ်”ဟု ကိုယ်တွေ့ကြုံခဲ့ရတဲ့ ကလေးမြို့က ဦးဝင်းစိန်က ပြောပါတယ်။


ဒါ့အပြင် ကလေးမြို့ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ဝင် ဦးမျိုးမင်းအောင်ကလည်း ယင်းကာလအတွင်း သွေးထွက်သံယို မဖြစ်ခဲ့ပါဘူးလို့ဆိုပါတယ်။
“ကလေးမြို့၊ ပြည်သူ့ပန်းခြံ အာဇာနည်ကျောက်တိုင်မှာ အာဇာနည်နေ့ပန်းခွေချဖို့ ကျွန်တော်အပါအ၀င် ကျောင်းသားတွေ တားတော့ အဲဒီမှာ လုံခြုံရေးချထားတဲ့ တပ်က တားတယ်၊ ဦးသိန်းစိန်က ပစ်မိန့်မပေးဘဲ ကျွန်တော်တို့ကို ပန်းခွေချခွင့် ပြုလိုက်လို့ ဘာမှမဖြစ်ဘူး”လို့ ၎င်းက ဆိုခဲ့တာပါ။ ဒီပြောချက်တွေအားလုံး မဇ္ဈိမ ကမေးထားတာတွေပါ။ အလကားလုပ်ကြံထားတဲ့ Coding တွေထည့်ထားတာမဟုတ်ဘူး။



ကလေးမြို့က မြို့ခံတွေဟာ ဦးသိန်းစိန်အကြောင်း ကောင်းကောင်းသိသလို ရှစ်လေးလုံးတုန်းက ဦးသိန်းစိန်
ဘာတွေ ဆောင်ရွက်ခဲ့လည်းဆိုတာလည်း အသိဆုံးပါ။ ဒါကို ၀ီကီလိခ်က တပ်မမှူးအဖြစ်နဲ့ ပြည်သူတွေကို ပစ်ခတ်နှိမ်နင်းခဲ့တယ်ဆိုပြီး သတင်းလွှင့်၊ BBC ကဖွပေး၊ Burma Campaign UK က ကြားထဲကနေ ပြည်သူတွေ စာရေးမေးပါဆိုပြီး ၀င်လှော်။ တကယ့်ကို အကြံပက်စက်တယ်ဆိုရမှာပါ။
Burma Campaign UK သိချင်ရင် ပြည်သူတွေကို စာရေးမေးခိုင်းစရာတောင်မလိုပါဘူး။ ကလေးမြို့က ၈၈ ကိုမီလိုက်တဲ့ ရပ်မိရပ်ဖတွေကို လူကိုယ်တိုင်သွားတွေ့ပြီး သမ္မတ ဦးသိန်းစိန်ဘာလုပ်ခဲ့လဲ မေးလိုက်ပါ။ ပြည်ပမှာနေပြီး ကြားထဲက ပြည်သူကို လူမိုက်ငှားသလို မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။


BBC က ၁၉၈၈ခုနှစ် သြဂုတ်လ ၆ရက် ည ၈ နာရီ ၄၅ မိနစ် မြန်မာပိုင်းအစီအစဉ် ကဏ္ဍ
ထုတ်လွှင့်ချက်တစ်ခုနဲ့ ဗုံးတစ်လုံးထောင်ခဲ့ပါသေးတယ်။ " 
ကျွန်မတို့ ကို ….တစ်ယောက်ပြီး တစ်ယောက် …
အကြိမ်ကြိမ် ၀င်လာ မုဒိန်းကျင့်နေတယ် …မုဒိန်းကျင့်ခံရတဲ့  မိန်းကလေး ကိုးယောက်မှာ …
သုံးယောက်က ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီး …." ဆိုပြီး အင်းစိန်ထောင်ထဲမှာ …
လုံထိန်းများက အကြိမ်ကြိမ် မုဒိန်းပြုကျင့်ခံခဲ့ရပါတယ်ဆိုတဲ့  …
မိန်းကလေးများနဲ့  တွေ့ ဆုံခန်းဆိုပြီး လီဆယ် ထုတ်လွှင့်ခဲ့ပါတယ်။ အဖြစ်မှန်က
BBC က သတင်းထောက် ခရစ္စတိုဖာ ဂါးနက်က စမ်းချောင်းမြို့နယ် ၊ ကျွန်းတောတောင်ရပ်ကွက်
ချမ်းသာလမ်း ၊ အိမ်အမှတ် ၁၈ ကိုအောင်မျိုးထွန်း ရဲ့ နေအိမ်မှာ ဒီရေဒီယို ထုတ်လွှင့်ချက် အစီအစဉ်ကို အသံသွင်းဖို့ လုပ်ခဲ့ကြတာပါ။ ကျောင်းသူလေး ၂ ဦးကိုခေါ်ပြီး အသံသွင်းဖို့လုပ်ပါတယ်။ 

အဲဒီထဲက ကျောင်းသူတစ်ဦးဖြစ်တဲ့ မအေးငြိမ်းသူဆိုတာ ဘုမသိဘမသိနဲ့ စာရွက်မှာရေးထားတာကို ဖတ်ပြခဲ့ပြီး အသံသွင်းခဲ့ပါတယ်။ နောက်တော့ အဲ့ဒီအစီအစဉ်မှာ ပါဝင်ခဲ့ရတဲ့ ကျောင်းသူက နောက်ပိုင်းမှာ စာရေးပြီး ပြန်တောင်းပန်ခဲ့ပါတယ်။.အဖြစ်မှန်ကို ပြည်သူတွေ မသိလိုက်သေးခင်မှာ
BBC ထောင်တဲ့ ဗုံးကို ပြည်သူတွေတက်နင်းမိပြီး ၈၈ လို အဖြစ်မျိုး ဖြစ်ခဲ့ရပါတယ်။
BBC အကြံအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။


အဲဒါတင်မကသေးပါဘူး။ BBC ကနေ တခါမျှ မြန်မာမှာမရှိဖူးတဲ့ အမည်တစ်ခုနဲ့ မြန်မာပြည်မြေပုံထဲမှာ ရိုဟင်ဂျာဆိုတဲ့ မြန်မာတိုင်းရင်းသားတစ်မျိုးဆိုပြီး သတင်းလွှင့်ပြီး ဗုံးတွေ တစ်လုံးပြီး တစ်လုံးထောင်ခဲ့ဖူးပါတယ်။ ဒီလိုဗုံးပေါင်းများစွာထောင်ပြီး နိုင်ငံရေး မတည်ငြိမ်စေမဲ့ ထုတ်လွင့်မှုတွေ တိုင်းရင်းသားစည်းလုံးမှု ပျက်ပြားစေခဲ့သော ထုတ်လွင့်မှုပေါင်း အကြိမ်ရေ ထောင်သောင်းမက ထုတ်လွှင့်ခဲ့ကြပါတယ်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်