Subscribe to our RSS Feed

အစာအိမ်ရောင်လို့ ဆေးရုံပြသည့် အမျိုးသား ရာသီလာဟု ဆို

From : .. trend times


တရုတ်အမျိုးသားတစ်ဦးဟာ ဗိုက်အောင့်ဒဏ်ကို ခံစားနေရပြီး ဆီးထဲတွင် သွေးများ ပါလာတဲ့အတွက် ဆရာဝန်ကို သွားပြရာကနေ သူဟာ အမျိုးသမီးစင်စစ် ဖြစ်နေပြီး ဓမ္မတာလာနေခြင်းဖြစ်ကြောင်းကို သိရှိခဲ့ရပြီး အံ့သြမှင်သက်ခဲ့ရပါတယ်။

အသက် ၄၄နှစ်အရွယ် အိမ်ထောင်ရှိသူ ယင်းအမျိုးသားဟာ Zhejiang ပြည်နယ်မှာထိုင်သူ ဖြစ်ပြီး Yongkang မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ သူ့ မိန်းမနဲ့ အတူသွားပြခဲ့ပြီးနောက် သူဟာ ဘ၀တစ်လျှောက်လုံးမှာ မိန်းမဖြစ်နေခဲ့တယ်ဆိုတဲ့ တုန်လှုပ်စရာ ရှာဖွေတွေ့ ရှိမှုကို လက်ခံခဲ့ရပါတယ်။

အနုလုံပဋိလုံ စစ်ဆေးစမ်းသပ်ပြီးတဲ့နောက်မှာ ၄င်းမှာ ကျားအင်္ဂါအပြင် ပြီးပြည့်စုံတဲ့ မအင်္ဂါအစုံလိုက်ပါရှိနေတာကို ဆရာဝန်များက ရှာဖွေတွေ့ ရှိခဲ့ကြပါတယ်။ ယင်းကျားအင်္ဂါကို အသုံးပြုပြီးတော့ ၄င်းရဲ့ မိန်းမနဲ့ ဆက်ဆံလာခဲ့တာလည်း ၁၀ နှစ်လောက်ရှိပြီလို့  ၄င်းကတော့ ဆိုပါတယ်။

ဆရာဝန်တွေကတော့ ဒီအချက်ကို သံသယရှိနေပါတယ်။ သူ့ ရဲ့ လိင်အင်္ဂါအစိတ်အပိုင်းတွေဟာ အခြားလူတွေနဲ့  မတူ ကွဲပြားနေပြီး သူ့ မှာ လည်ဇလုတ်ပါမလာတာကို ဆရာဝန်တွေက တွေ့ ရှိခဲ့ပါတယ်။

Doctors told him that his stomach ache was actually his monthly period

Yongkang ပြည်သူ့ ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ အဆိုအရ မစ္စတာချန်းဟာ မိန်းမတစ်ယောက်ဖြစ်နေတယ်ဆိုတာကို ဆရာဝန်တွေက မယုံနိုင်ခဲ့ကြဘူး လို့ သိရပါတယ်။” သူဟာ ဆံပင်အတိုထားပြီး ယောက်င်္ကျား အ၀တ်အစားတွေကိုလည်း ၀တ်ဆင်ထားတယ်။ ဒါကြောင့် အစကတော့ သူဟာ မိန်းမတစ်ယောက့် ဖြစ်နေလိမ့်မယ်လို့  ကျွန်တော်တို့ ထင်မထားခဲ့ဘူး” လို့  ၄င်းကဆိုပါတယ်။

ဒါပေမယ့်လည်း မစ္စတာချန်ကတော့ သူ့ မျက်နှာနဲ့ ခြေထောက်တွေ ဖောင်းရောင်လာပြီး မောပန်းနွမ်းနယ်နေသလို ဖြစ်လာတဲ့အခါမှာ သူတစ်ခုခုတော့ဖြစ်နေပြီဆိုတာကို သ်နေခဲ့တယ်လို့ ဆိုပါတယ်။ပိုဆိုးတာက ၄င်းရဲ့ဆီးထဲမှာ သွေးတွေ ပါလာတာလို့ လည်းဆိုပါတယ်။

ဓာတ်မှန်ရိုက်စစ်ဆေးသည့် အဖြေအရ သူ့မှာ သားအိမ်နဲ့ သားဥများရှိနေကြောင်းလည်း တွေ့ ရှိရပါတယ်။အဲ့အတောအတွင်းမှာ ခရိုမိုဇုန်းလို့ ခေါ်တဲ့ ဗီဇမျှင်တွေကို စစ်ဆေးရရှိတဲ့ ရလာဒ်ကလည်း မစ္စတာချန်းမှာ သူကို မိန်းမဖြစ်ကြောင်း သေချာစေတဲ့ XX သဏ္ဍန် ဗီဇမျှင်တွေရှိနေတယ်လို့လည်း ညွှန်းဆိုနေပါတယ်။

The man had a full set of female reproductive organs along with a penis

မစ္စတာ ချန်းဟာ Congenital Adrenal Hyperplasia လို့ ခေါ်တဲ့ စထရပ်စ် ဟော်မုန်းဓာတ် ထုတ်လွှတ်မှုနည်းပါပြီး ကျားဟော်မုန်းဓာတ်တွေ ထုတ်လွှတ်မှုများပြားနေခြင်းကြောင့် ကျောက်ကပ်အပေါ်ကပ်လျှက်ရှိ adrenal အရည်ထုတ် ဂလင်းတွေ ရောင်ကိုင်းလာစေတဲ့ မျိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးကို လည်းခံစားနေရပါတယ်။သူရဲ့ ကျောက်ကပ် အပေါ်ရှိ adrenal အရည်ထုတ်ဂလင်းထဲမှာ ဖြစ်နေတဲ့ အကျိတ်ကို ခွဲထုတ်ဖယ်ရှားပေးခဲ့ပါတယ်။ဒီရောဂါဖြစ်ရပ်မျိုးဟာ အလွန်အမင်းရှားပါးပြီး မစ္စတာချန်းဟာ ကျား၊မ လိင်၂ မျိုးပါ ပဂ္ဂိုလ်တစ်ဦးဖြစ်နေတာလား မဖြစ်ဘူးလားဆိုတာကို အတည်တော့ မပြုရသေးပါဘူး။ ဒါပေမယ့် သူ့ မှာ လိင်အင်္ဂါ၂ မျိုးပါလာသလိုမျိုးတော့ဖြစ်နေပါတယ်။

မစ္စတာချန်းဟာ ဒီအချိန်မှာ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ ရောဂါအတွင် ခွဲစိတ်ကုသမှုခံယူဖို့ နောက်ကျလွန်းနေပြီလို့  ဆရာဝန်တွေက ဆိုပါတယ်။ အကြောင်းကတော့ ဒီလိုခွဲစိတ်ကုသမှုမျိုးဟာ ငယ်ရွယ်စဉ် အချိန်မှာပဲ လုပ်ဆောင်ရတာမျိုး ဖြစ်တဲ့ အတွက်ကြောင့်ပါပဲ။


.. www.MyanmarExpress.net
 

1 comments:

သိပ္ပံပညာနဲ့ ဘယ်လိုပဲအဖြေထုတ်ထုတ် အကြောင်းတရားကတော့ ကာမေသုမိစ္ဆာစာရရဲ့ အကျိုးဆက်တွေပါပဲ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်