From :
.. ud
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ရန်ကုန်တိုင်းဒေသ ကြီး)၏တောင်သူလယ်သမား၊အလုပ် သမားနှင့် လူငယ်ဖိုရမ်(၂ဝ၁၄)ကို ယနေ့ စတင်ကျင်းပသည်။
ယခုဖိုရမ်တွင် ပါတီ၏လုပ်ငန်း တာဝန်များဖြစ်သော ပါတီတွင်း စည်းလုံးရေး၊ ပြည်သူများကို စည်းရုံးရေး၊ ပြည်သူလိုအပ်ချက် ဖြည့်ဆည်းရေးတို့ကို ပွင့်လင်းမြင် သာစွာဆောင်ရွက်ရေးနှင့် ပါတီ၏ အနာဂတ်ကာလတွင်ဒေသအလိုက် လူမှုအဖွဲ့အစည်းနှင့် ပွင့်လင်းမြင် သာစွာလုပ်ကိုင်ဆောင်ရွက်ရေးတို့ အတွက် ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။
တောင်သူလယ်သမား၊ အလုပ် သမားနှင့် လူငယ်ဖိုရမ်ကို ပထမ ဦးဆုံးအကြိမ်အဖြစ် နေပြည်တော် ၌ ဇူလိုင် ၄ ရက်မှ ဇူလိုင် ၆ ရက်အထိပြုလုပ်ခဲ့ပြီး ယင်းဖိုရမ်၏ နောက်ဆက်တွဲအဖြစ် တိုင်းဒေသ ကြီးနှင့်ပြည်နယ်များတွင်ဆက်လက် လုပ်ဆောင်ခြင်းဖြစ်သည်။
''ပါတီညီလာခံမှာ မိမိတို့ရဲ့ ပါတီကိုလ ရှေ့ဖုံး ရန်ကုန်တိုင်းဒေသကြီးမှ
ပြည်သူ့ပါတီအဖြစ် ပြောင်းလဲပြီး တော့ ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်ပြည်သူ့ပါတီပီပီ မိမိတို့ ပါတီဟာပြည်သူ့အတွက်ဖြစ်ရမယ်။ ပြည်သူ့ကိုအခြေပြုရမယ်။ ပြည်သူ နဲ့တစ်သားတည်းဖြစ်ရမယ်။ပြည်သူ့ ဆန္ဒသဘောထားကို အလေးထား ရမယ်။ ပြည်သူ့အခွင့်အရေးများ ကို ဦးစားပေးရမယ်။ ပြည်သူ့လို အပ်ချက်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမယ်။ ပြည်သူ့ အတွက်ဖြစ်ရမယ်။ အခုကျွန်တော် တင်ပြခဲ့တဲ့လုပ်ငန်းစဉ်များကို အမြဲ ဦးစားပေးပြီးတော့ ရှေးရှုဆောင် ရွက်သွားရမှာဖြစ်ပါတယ်''ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီအထွေထွေအတွင်းရေး မှူးဦးမောင်မောင်သိမ်းက ပြော ကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအထွေထွေအတွင်း ရေးမှူးဦးမောင်မောင်သိမ်းကအမှာ စကားပြောကြားရာတွင် တောင်သူ လယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်၂ဝ၁၄၏ ရှေ့လုပ်ငန်း စဉ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန်၊ ပါတီ၏ လှုပ်ရှားမှုများကို အောက်ခြေ အဆင့် Reass Root Level အထိ စဉ်ဆက်မပြတ်ရှင်သန် သွက်လက် စွာဖော်ဆောင်လျက် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင် နိုင်ရေးအထိချိတ်ဆက်ဆောင်ရွက် ရန်၊ ပါတီဝင်များ၏ ညီညွတ်မှု၊ နိုးကြားတက်ကြွမှုနှင့်ပြည်သူ့
အကျိုး ပြုမှုစွမ်းအားတို့ကို ထိန်းသိမ်းမြှင့် တင်ရန်၊ပါတီနှင့်အရပ်ဘက်လူမှု အဖွဲ့အစည်းများအကြား၊ ပါတီနှင့် ပြည်သူများအကြား အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းဆောင် ရွက်မှုကိုမြှင့်တင်ရန်တို့ကို အောင် မြင်စွာ အကောင်အထည်ဖော်နိုင် ရေးအတွက် နယ်မြေဒေသအလိုက် မိမိနယ်မြေ အခြေအနေများနှင့် ကိုက်ညီဆီလျော်သော လှုပ်ရှားမှု ပုံစံကို မြို့နယ်ပါတီအဖွဲ့အစည်း များက မှန်ကန်စွာညှိနှိုင်းစိစစ် ရွေးချယ်၍ လှုပ်ရှားနိုင်ရန်အရေး ကြီးကြောင်း၊ပါတီ၏လှုပ်ရှားမှုသည် ပါတီ၏အသက်ပင်ဖြစ်ကြောင်း။
ပါတီ၏လှုပ်ရှားမှု၌ ပါတီဝင် များဖြင့်သာ ပါတီအတွင်း စည်းရုံး လှုပ်ရှားမှုနှင့် ပြည်သူလူထုအတွင်း ပါတီနှင့် ပြည်သူပေါင်းစပ်လှုပ်ရှား မှုဟူ၍ ယေဘုယျအားဖြင့် နှစ်မျိုး ရှိရာ လှုပ်ရှားမှုနှစ်မျိုးသည်လည်း အပြန်အလှန် ဆက်စပ်လျက်ရှိ ကြောင်း။
ပါတီတွင်းပါတီဝင်များ၏လှုပ် ရှားမှုသည် နိုင်ငံတော်နှင့်ပြည်သူ များကို အကျိုးပြုရန်ဖြစ်သကဲ့သို့ ပြည်သူလူထုအတွင်းပါတီလှုပ်ရှား မှုသည်လဲ ပါတီနှင့်ပြည်သူများ အကြားဆက်စပ်ပေါင်းစည်းမှုပုံစံ
ဖြင့် ပြည်သူတို့၏အကျိုးကိုဖော် ဆောင်ရန်ဖြစ်ကြောင်း၊ ပြည်သူများ နားလည်မှု၊ စာနာမှု၊ ပူးပေါင်းမှု၊ အားထားမှုတို့ကို ပါတီကရယူနိုင် မှသာ ပါတီသည်ပြည်သူ့အကျိုးကို ဖော်ဆောင်ရင်းစစ်မှန်သော ပြည်သူ့ ပါတီအဖြစ် ခိုင်မာစွာတက်လှမ်းနိုင် မည်ဖြစ်ရာ နယ်မြေဒေသအလိုက် ဒေသခံပြည်
သူများနှင့် တစ်သား တည်း ပေါင်းစပ်လှုပ်ရှားနိုင်ရန် လိုအပ်ကြောင်း၊ ပါတီ၏လှုပ်ရှားမှု နှင့် ပြည်သူများ၏ လှုပ်ရှားမှုကို ညီညွတ်မျှတစွာ ပေါင်းစပ်ခြင်းဖြင့် ပါတီ၏လှုပ်ရှားမှုကို တသီးတခြား မဖြစ်စေတော့ဘဲ တောင်သူလယ် သမားပုံစံ၊အလုပ်သမားပုံစံ၊လူငယ် ပုံစံတို့ဖြင့် လိုအပ်သလိုလှုပ်ရှားမှု ပုံသဏ္ဌာန်ကို ပုံဖော်သွားနိုင်ရမည် ဖြစ်ကြောင်း။
ယခုနှစ် ဇူလိုင် ၄ ရက်မှ ၆ ရက်အထိကျင်းပခဲ့သော တောင်သူ လယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်တို့မှ ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များသည် ပါတီတွင်း လှုပ်ရှားမှုနှင့် ပြည်သူများ၏ လှုပ် ရှားမှုကို ပေါင်းစည်းပုံဖော်ရန်နှင့် ပါတီ၏ လှုပ်ရှားနိုင်မှုစွမ်းအားကို မြှင့်တင်ရန်ဖြစ်သည်ဟု အနှစ်သာ ရကျကျအဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြောင်း။
သို့သော်မြို့နေလူထုနှင့်ထိတွေ့ ဆက်ဆံမှုပုံစံသည် ကျေးလက်နေ
ပြည်သူများနှင့် ထိတွေ့ဆက်ဆံမှု ပုံစံနှင့် တစ်ထပ်တည်းမတူညီနိုင် သည်ကိုလည်းကောင်း၊ မြို့ပြနှင့် ကျေးလက်များ၏ မတူညီကြသော လိုလားချက်နှင့် ဘဝအခြေအနေ ကွာဟမှုများကိုလည်းကောင်း မိမိ တို့ပါတီအနေဖြင့် အလေးဂရုပြုရ မည်ဖြစ်ကြောင်း၊လှုပ်ရှားမှုပုံစံအား လုံးသည်ရည်ရွယ်ချက်အရ၊ အနှစ် သာရအရ အတူတူပင်ဖြစ်သော် လည်း နယ်မြေဒေသအခြေအနေ၊ လူထုလူတန်းစားအခြေအနေတို့ကို လျစ်လျူပြုမိပြီး လှုပ်ရှားမှုအားလုံး ကို တစ်ပုံစံတည်းပုံသေကားကျ ဆောင်
ရွက်ခြင်းမျိုးကို ရှောင်ရှား၍ နယ်မြေဒေသအလိုက် ထိရောက် သောလှုပ်ရှားမှုပုံသဏ္ဌန်ကို ပုံဖော် ဆောင်ရွက်သွားသင့်ကြောင်း။
အထူးသဖြင့်အရပ်ဘက်လူ့အဖွဲ့ အစည်းများ၏ လွတ်လွတ်လပ်လပ် ရပ်တည်တတ်သည့်သဘော၊ပါတီ နိုင်ငံရေးများမှလည်း ကင်းလွတ် စွာ ရပ်တည်လိုသည့် သဘောတို့ ကိုလည်းကောင်း၊ ရပ်ကျိုးရွာကျိုး၊ သာရေးနာရေး၊ လူမှုရေးတို့ကို အလေးထားလုပ်ကိုင်သည့် အဖွဲ့ အစည်းများဖြစ်သည်ကိုလည်းကောင်း မှန်ကန်စွာနားလည်သိရှိပြီး မိမိ တို့၏ ချဉ်းကပ်မှုနည်းလမ်းမှန်ကန် ရန်အရေးကြီးကြောင်း၊ ¤င်းတို့အား လွှမ်းမိုးလိုသည့်သဘော၊ ဆရာ လုပ်လိုသည့် သဘော၊ ချုပ်ကိုင်လို သည့်သဘောတို့ဖြင့် ထိတွေ့ချဉ်း ကပ်မှုမလုပ်ဘဲနားလည်မှု၊ စာနာမှု၊ ကူညီလိုမှုတို့ကိုအခြေခံ၍¤င်းတို့၏ လုပ်ငန်းများကို တွင်ကျယ်အောင်၊ အလုပ်ဖြစ်အောင် ပူးပေါင်းပံ့ပိုး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဤသို့ဖြင့် လူမှုအဖွဲ့အစည်းများ အကြား ပါတီ၏ပုံရိပ်ကောင်းကို သိမ်မွေ့စွာ၊ စိတ်ရှည်စွာဖော်ဆောင် သွားကြရပါမည်ဖြစ်ကြောင်း ပြော ကြားသည်။
ထို့အပြင် လူမှုအဖွဲ့အစည်း များမှတစ်ဆင့်ပြည်သူလူထုအတွင်း ပါတီ၏ ပုံရိပ်ကောင်းကိုပုံဖော်ရာ၌ သက်ဆိုင်ရာလုပ်ငန်းသဘာဝနှင့်
နှံ့စပ်အကျွမ်းဝင်သည့်ပုံရိပ်ကောင်း သောပါတီဝင်များကိုရွေးချယ်တာဝန် ပေးနိုင်ရန် အရေးကြီးကြောင်း၊ ဤသဘောထားမှာပါတီ၏ရေတို ရေရှည်လုပ်ငန်းများ
အတွက် ပါတီ တာဝန်ပေးအပ်ရေး၌အလေးထားရ မည့် စည်းရုံးရေး အခြေခံသဘော လည်းဖြစ်ကြောင်း။
လူထုနှင့်ပေါင်းစပ်လှုပ်ရှားနိုင် သော လှုပ်ရှားမှုပုံသဏ္ဌာန်အမျိုး အစားမှာ နယ်မြေဒေသအလိုက် များပြားစွာရှိကြောင်း၊ အမှိုက်သိမ်း ဆည်းရေး၊ ပလတ်စတစ်ရှင်းလင်း ရေး၊ ရေစီးရေလာကောင်းမွန်ရေး စသည့်မြို့ရွာသန့်ရှင်းရေးလုပ်ငန်း များ၊ သွေးလွန်တုပ်ကွေးကာကွယ်
ရေး၊ဆေးရုံဆေးခန်းပံ့ပိုးအထောက် အကူပြုရေး၊ စာသင်ကျောင်းများ သန့်ရှင်းရေး၊ ရေကောင်းရေသန့် ရရှိရေး၊ စာပေဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲသင်တန်းများ၊ အားကစားလှုပ်ရှားမှုများစသည်ဖြင့် လှုပ်ရှားမျိုးစုံကို မိမိနယ်မြေအတွင်း ရှိမိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီ၊ အရန်မီးသတ် စသည့်အဖွဲ့အစည်း များနှင့်ပူးပေါင်း၍လည်းကောင်း၊ ဒေသခံပညာတတ်ရှေ့နေ၊ဆရာဝန်၊ အငြိမ်းစားပညာရှင် ပုဂ္ဂိုလ်များနှင့် ညှိနှိုင်း၍လည်းကောင်း လုပ်ကိုင် ဆောင်ရွက်နိုင်ကြောင်း။
ထို့အပြင် ရိုးရှင်း၍ပြည်သူများ နားလည်လက်ခံထားသည့် လူထု အကျိုးပြုစစ်ကြောင်းကြီးငါးကြောင်း ပုံစံများဖြင့်လည်း လှုပ်ရှားမှုများကို ပုံဖော်ဆောင်ရွက်သင့်ကြောင်း။
အဓိကမှာ မိမိတို့လှုပ်ရှားမှုများ သည် နယ်မြေအခြေအနေ၊ လူထု အခြေအနေနှင့်ကိုက်ညီပြီး အရပ် ဘက်လူမှုအဖွဲ့အစည်းများ၏ အင် အား၊ဒေသခံပြည်သူများ၏အင်အား ကိုရယူပေါင်းစပ်ပုံဖော်သောပါတီ၏ လှုပ်ရှားမှုစွမ်းရည်ကို မြှင့်တင်နိုင် ရန်ဖြစ်ကြောင်း ပြောကြားသည်။
မြို့နယ်အဆင့် လှုပ်ရှားမှုနှင့် ပတ်သက်၍လည်း အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း ကမြို့နယ်များ၌လက်ရှိလူငယ်လှုပ် ရှားမှုများ၊ တာဝန်ပေးအပ်မှုများ နှင့်အတူ ရေရှည်ဖွံ့ဖြိုးတိုးတက် သော လူ့အဖွဲ့အစည်းဖော်ဆောင် ရေးဆင့်ပွားသင်တန်း၊ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေးဆင့် ပွားသင်တန်းတို့သည် ပါတီဝင်တို့ ၏ တက်ြ<ွကမှု၊ လှုပ်ရှားမှုတို့ကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်သည့် ပါတီအတွင်း အောင်မြင်လျက်ရှိ သောရလဒ်ကောင်းများဖြစ်ကြောင်း၊ ဤအခြေအနေကောင်းများကို ယခု ဆက်လက်ဖော်ဆောင်မည့် တောင် သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်လှုပ်ရှားမှုများနှင့် လက်တွေ့ ကျကျပေါင်းစပ်၍ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအောင်နိုင်ရေးစီမံချက် များနှင့် အချိတ်အဆက်မိအောင် ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။
မြို့နယ်အဆင့်၌ လှုပ်ရှားမှု များကိုဖော်ဆောင်ရာတွင် တိုင်း ဒေသကြီး၊ ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့်များကလည်းနယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်များကို ပါတာဝန်ပေးပြီးသက်ဆိုင်ရာမြို့နယ် ပါတီအဖွဲ့အစည်းဝင်များနှင့်ပူးပေါင်း ၍ အောင်မြင်မှုရရှိအောင် အလေး ထားစီမံဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ ''ပါတီ၏ လှုပ်ရှားမှု သည် ပါတီ၏အသက်ဖြစ်သည်'' ''ပါတီဝင်များသည် ပါတီ၏လှုပ် ရှားမှုများ၌ အဓိကဇာတ်ကောင် များဖြစ်သည်။ မိမိယုံကြည်ချက် အရ မိမိကိုယ်ကိုတာဝန်ပေး၍ တာဝန်ယူထားသူများဖြစ်သည်'' ''ပုံရိပ်ကောင်းသောပါတီဝင်များ ကသာ ပါတီ၏ပုံရိပ်ကောင်းကို ဖန်တီးနိုင်သည်'' ''ပြည်သူများ၏ လိုအင်ဆန္ဒနှင့် ထပ်တူရင်ခုန်သံ ညီသည့် ပြည်သူ့ပါတီဖြစ်စေရ မည်''၊ ''တောင်သူလယ်သမား အကျိုးစီးပွားနှင့် အလုပ်သမား အကျိုးစီးပွားတို့ကို အမျိုးသား အကျိုး စီးပွားနှင့်ပေါင်းစပ်၍ ဖွံ့ဖြိုး တိုးတက်သည်ထက်တိုးတက်လာ အောင် ပါတီကဖော်ဆောင်မည်'' စသည့် ပါတီ၏မွန်မြတ်သည့် သဘောထားများကိုအလေးနက်ခံ ယူ၍ ပါတီ၏လှုပ်ရှားမှုများကို ဖော်ဆောင်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
တစ်အိမ်တက်ဆင်း(Door to Door )စည်းရုံးခြင်းနှင့်ပတ်သက်၍ မိမိပါတီ ၂ဝ၁၅ ရွေးကောက်ပွဲ အခြေအနေအကဲဖြတ်နိုင်ရန်၊ မိမိ ပါတီအားနည်းချက်များနှင့် ပြုပြင် ရန်လိုအပ်ချက်များကို ပြည်သူ့ထံ မှသိရှိနိုင်စေရန်၊ ပြည်သူ့ဆန္ဒနှင့် လိုအပ်ချက်များကို သိရှိနိုင်စေရန်၊ မိမိပါတီ၏ အမာခံအင်အားများ စုစည်းရရှိနိုင်စေရန်နှင့် ပါတီဝင် အင်အားတိုးပွားနိုင်စေရန်ဆိုသည့် လုပ်ငန်းစဉ်(၅)ရပ်ကို နားလည် ထားရမည်ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှူးက ရှင်းလင်းပြော ကြားခဲ့သည်။
ရန်ကုန် တိုင်းဒေသကြီးတိုင်း တွဲဖက်လူငယ်ရေးရာတာဝန်ခံ
ဒေါ်သင်းသင်းမိုးက''ကိုယ်ရဲ့တိုင်း နဲ့မြို့နယ်တွေရဲ့ လိုက်လျောညီတွေ ရှိမယ့် လုပ်ငန်းစဉ်တွေကို ပြန် လည်ချမှတ်နိုင်ရန်အတွက် ပိုပြီး တော့ ထိထိရောက်ရောက် ဆောင် ရွက်နိုင်အောင်လို့လုပ်ခြင်းဖြစ်ပါ တယ်''ဟု ဆိုသည်။
ယနေ့ကျင်းပသော ဖိုရမ်သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးစိုး သာ၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ ဗဟိုအကြံပေး များဖြစ်ကြသော ဦးလွန်းသီ၊ ဦးမောင်ပါ၊ ဗဟိုအလုပ်အမှု ဆောင်များဖြစ်ကြသော ဦးမြင့်ဆွေ (ရန်ကုန်တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ)၊ ဦးနန္ဒကျော်စွာ၊ဦးမြညိမ်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးစိန်တင်ဝင်း၊ ဦးလှမြင့်၊ ဦးတင် အောင်၊ ဦးဘဝင်း၊ ဦးလှထွန်းဦး နှင့်တိုင်းဒေသကြီးပါတီကော်မတီ ဝင်များ၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသ ကြီးလွှတ်တော်များမှ လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ နာယကဒေါ်ခင်သက် ဌေးနှင့်တိုင်းအဆင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းမှ ဖိတ်ကြား ထားသူများ၊ ခရိုင်နှင့်မြို့နယ်များ မှ အတွင်းရေးမှူးနှင့်ကော်မတီဝင် များအင်အား စုစုပေါင်း ၅ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်