From :
..the voice
အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာရှိ ၆၀ ကျော်ကို ပြည်သူတို့၏ အသနားခံစာနှင့် တိုင်ကြားစာများအရ ပြည်ထောင်စုအစိုးရ အဖွဲ့က စစ်ဆေးအရေးယူလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီအဖွဲ့ဝင် တစ်ဦးက The Voice သို့ ပြောကြားသည်။
ယင်းအရာရှိများ အနက် အရာရှိအချို့ကို အငြိမ်းစားပေးခြင်းဖြင့် အရေးယူပြီး ကျန်အရာရှိများကိုမူ အခြား ဌာနဆိုင်ရာများ သို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းဖြင့် အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။
"တချို့က နိုင်ငံတော်သမ္မတရဲ့ Reform Strategy အရ ဌာနပြောင်းတာ ရှိတယ်။ အတော်များများ လာဘ်စားမှု ရှိတယ်လို့ တိုင်ကြားခံရလို့ အရေးယူတာ" ဟု အဆိုပါ နိုင်ငံတော်သမ္မတ၏ စီးပွားရေး
လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင်က ပြောကြားသည်။
အပြစ်ပေး အရေးယူခံရသည့် အဆင့်မြင့်အရာရှိများတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာန တို့တွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင် နေသူများပါဝင်ကြောင်း နိုင်ငံတော်သမ္မတ ရုံးနှင့် နီးစပ်သူများက ဆိုသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတားဖြစ်စေသော နိုင်ငံ့ဝန်ထမ်း များကို အရေးယူသင့်သော်လည်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ပွင့်လင်းမြင်သာစွာ အရေးယူ သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အကြံပြုသည်။
"အချိန်မီ သတင်းထုတ်ပြန်ပေးဖို့လည်း လိုတယ်" ဟု ၄င်းကဆိုသည်။
နိုင်ငံတော်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် စနစ်ဟောင်းမှမပြောင်းလို သူများနှင့် အသွင်ကူးပြောင်းရေးကို မလိုက်နိုင်သူများကို ချန်ထားရစ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။
စီးပွားရေးလုပ်ငန်းရှင်များက သက်သေနှင့်တကွ တိုင်ကြားသောကြောင့် အကောက်ခွန်ဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ညွှန်ကြားရေးမှူး နှစ်ဦးနှင့် အကောက်ခွန်ဝန်ထမ်း ၃၃ ဦးကို ယခုနှစ် ဇန်နဝါရီလ အတွင်း အပြစ်ပေး အရေးယူခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားထားသည်။
ယခုနှစ် ဇန်နဝါရီလ အတွင်းမှာပင်ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးဟောင်းအပါအဝင် အဆင့်မြင့်အရာရှိ ခုနစ်ဦးကို နိုင်ငံတော်ပိုင် ပစ္စည်း အလွဲသုံးစားမှုဖြင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့် လာဘ်ပေးလာဘ်ယူမှု
အရေးယူဆောင်ရွက်ရေး ကော်မတီတို့က ခေါ်ယူစစ်ဆေးခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အရပ်သားအစိုးရသစ် လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများ အကျင့်ပျက်ခြစားခြင်းကို တိုက်ဖျက်ရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဆင့်မြင့်အရာရှိ ကိုးဦးပါဝင်သော လာဘ်ပေးလာဘ် ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။
.. www.MyanmarExpress.net
အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာရှိ ၆၀ ကျော်ကို ပြည်သူတို့၏ အသနားခံစာနှင့် တိုင်ကြားစာများအရ ပြည်ထောင်စုအစိုးရ အဖွဲ့က စစ်ဆေးအရေးယူလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီအဖွဲ့ဝင် တစ်ဦးက The Voice သို့ ပြောကြားသည်။
ယင်းအရာရှိများ အနက် အရာရှိအချို့ကို အငြိမ်းစားပေးခြင်းဖြင့် အရေးယူပြီး ကျန်အရာရှိများကိုမူ အခြား ဌာနဆိုင်ရာများ သို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းဖြင
"တချို့က နိုင်ငံတော်သမ္မတရဲ့ Reform Strategy အရ ဌာနပြောင်းတာ ရှိတယ်။ အတော်များများ လာဘ်စားမှု ရှိတယ်လို့ တိုင်ကြားခံရလို့ အရေးယူတာ" ဟု အဆိုပါ နိုင်ငံတော်သမ္မတ၏ စီးပွားရေး
လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင်က ပြောကြားသည်။
အပြစ်ပေး အရေးယူခံရသည့် အဆင့်မြင့်အရာရှိများတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာန တို့တွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင် နေသူများပါဝင်ကြောင်း နိုင်ငံတော်သမ္မတ ရုံးနှင့် နီးစပ်သူများက ဆိုသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတားဖြစ်စေသော နိုင်ငံ့ဝန်ထမ်း များကို အရေးယူသင့်သော်လည်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ပွင့်လင်းမြင်သာစွာ အရေးယူ သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အကြံပြုသည်။
"အချိန်မီ သတင်းထုတ်ပြန်ပေးဖို့လည်း လိုတယ်" ဟု ၄င်းကဆိုသည်။
နိုင်ငံတော်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် စနစ်ဟောင်းမှမပြောင်းလို သူများနှင့် အသွင်ကူးပြောင်းရေးကို မလိုက်နိုင်သူများကို ချန်ထားရစ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။
စီးပွားရေးလုပ်ငန်းရှင်များက သက်သေနှင့်တကွ တိုင်ကြားသောကြောင့် အကောက်ခွန်ဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ညွှန်ကြားရေးမှူး နှစ်ဦးနှင့် အကောက်ခွန်ဝန်ထမ်း ၃၃ ဦးကို ယခုနှစ် ဇန်နဝါရီလ အတွင်း အပြစ်ပေး အရေးယူခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားထားသည်။
ယခုနှစ် ဇန်နဝါရီလ အတွင်းမှာပင်ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးဟောင်းအပါအဝင် အဆင့်မြင့်အရာရှိ ခုနစ်ဦးကို နိုင်ငံတော်ပိုင် ပစ္စည်း အလွဲသုံးစားမှုဖြင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့် လာဘ်ပေးလာဘ်ယူမှု
အရေးယူဆောင်ရွက်ရေး ကော်မတီတို့က ခေါ်ယူစစ်ဆေးခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အရပ်သားအစိုးရသစ် လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများ အကျင့်ပျက်ခြစားခြင်းကို တိုက်ဖျက်ရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဆင့်မြင့်အရာရှိ ကိုးဦးပါဝင်သော လာဘ်ပေးလာဘ် ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။
.. www.MyanmarExpress.net

.jpg)
13 comments:
Brave!but they r high officers taking minor bribes!How to take action on above this level???????
တရားရုံးတွေမှာ လျှိ့ဝှက်ထောက်လှမ်းရေးတွေလွှတ်ပေးပါ။
ကျန်တာတွေတော့ဘာမှမပြောလိုပါဘူး
တစ်ခုပဲပြောမယ်ဘာကြောင့်မီးလောင်လောင်မြို့ပြင်ထွက်ရပါမယ်နိုင်ငံအတွင်းမှာအေးချမ်းစွာနေတဲ့တစ်ခြားပြည်သူတွေရဲ့အိုးအိမ်တွေမီးလောင်ခံခဲ့ရတုန်းကလည်းမြို့သစ်တွေမှာပဲပြောင်းရွေှ့ဆောက်လုပ်နေထိုင်ခဲ့ရပါတယ်ဘုန်းကြီးကျောင်းတွေအပါအဝင်ပေါ့ ဒါကြောင့်အခုမီးလောင်ပျ
က်စီးသွားတဲ့ဗလီကိုလည်းဘာအခွင့်အရေးမှပိုပေးစရာအကြောင်းမရှိပါဘူးမူလနေရာမှာပြန်လည်ဆောက်လုပ်ခွင့်မွမ်းမံပြင်ဆင်ခွင့်မပြုရပါဘူးခွင့်ပြုခဲ့သည်ရှိသော်ဥပဒေနှင့်စည်းကမ်းလုပ်ထုံးလုပ်နည်းများကိုချိုးဖောက်၍လာဘ်စားဆောင်ရွက်မှုဟုသာမှတ်ယူရမည်ဖြစ်ပါသည်
ALL BULLSHIT
အရေးယူခံရတဲ့အထဲမှာယဉ်ကျေးမှုဝန်ကြီးဌာနကဒေါ်နန္ဒာမွှန်းရောပါရဲ့လားဌာနတွင်းအလွဲသုံးစားပြုမှုနဲ့နာမည်ကြီးနေတာကြာပြီ
ကောင်း မွန် သော အကြံ ပေး မှု လို ထင် ပါတယ် တရားရုံး တော်တော်များများ ရဲ အ ခြေ နေ ဟာဆိုးလွန် နေ ပါ တယ်

အဲ့ဒီအဖွားကြီးရဲ့သမီးခိုင်ခိုင်ဆိုတာကြိုက်ကုန်းမလူတကာနဲ့လှည့်ကုန်းပြီးချူစားညာစားနေတာကြာပြီ
မြစ် ကြီး နား မြို့ မီး ရ ထား လက် မှတ် ရောင်း များ ဆက် ဆံရေး ပြေ ပြစ် မှု လုံး ဝ မ ရှိပါ ပြည် သူ တွေ လက် မှတ် အ လ ကား တောင်း နေ တာ မ ဟုတ် ပါ မ နက် ၂ နာ ရီ လောက် က နေ တန်း စီ ပြီး ငွေ ပေး ဝယ် နေ တာ ပါ ရုံ ပိုင် ကြီး စ ကား ပြော ချို သလောက် လ က် မှတ် ရောင်း များ က မျက် နှာ ထား နှင့် စ ကား ပြော အ လွန် ဆိုး ပါ သည် မီး ရ ထား ဝန် ကြီး မီး ရ ထား လက် မှတ် ရောင်း များ သည် ပြည် သူ နှင့် အ များ ဆုံး ထိ တွေ့  ရ သော သူ များ ဖြစ် လို့  စကား ပြော နှင့် မျက် နှာ ထား များ ပြောင်း လဲ စေ ချင် ပါ တယ် မြစ် ကြီး နား နှင့် မန္တလေး အ ဓိ က ဆက် သွယ် ရေး မှာ မီး ရ ထား ဖြစ် သော ကြောင့် ပြည် သူ များ အား ထား ရာ ဌာ န တစ် ခု ဖြစ် ပါ တယ် ဒါ ကြောင့် အ နိုင် မ ကျင့် ပါ နဲ့  လို့  တောင်းဆို ပါ ရ စေ
ဒါဒီမိုကရေစီခေတ်ပဲဝန်ထမ်းတွေဟောက်စာှးလုပ်ခွင့်မရှိတော့ပါဘူးခင်ဗျားတို့ကဘာလို့ငြိမ်ခံနေရတာလဲမျက်နှာထားနဲ့စကားပြောဆိုးရင်အပေါ်စီးကနေပြန်သာဟောက်ပစ်လိုက်ပါငြိမ်သွားပါလိမ့်မယ်အပိုးကျိုးသွားပါလိမ့်မယ်ပြည်သူတွေဆီကကောက်ခံလို့ရတဲ့အခွန်အခတွေနဲ့ဝန်ထမ်းလစာပေးနေရတာပါပြည်သူကဝန်ထမ်းရဲ့ထမင်းရှင်ပါဒါကြောင့်ဝန်ထမ်းဟူသမျှထမင်းရှင်မိဘပြည်သူတွေကိုရိုသေလေးစားစွာဆက်ဆံကြရမှာဖြစ်ပါတယ်ဝန်ထမ်းတွေရဲ့လုပ်ပိုင်ခွင့်တွေထဲမှာလည်းပြည်သူကိုမချေမငံဆက်ဆံဖို့မိုက်ရိုင်းစော်ကားဖို့ဆိုတာမပါပါဘူးဝန်ထမ်းကမိုက်ရိုင်းတဲ့စကားတစ်ခွန်းပြောလာရင်ဆယ်ခွန်းလောက်သာရဲရဲတင်းတင်းပြန်ပြောလိုက်ပါအဲ့ဒီအတွက်ပြည်သူကိုအရေးယူလို့မရပါဘူးဝန်ထမ်းကိုပဲအရေးယူရမှာပါ

Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်