Subscribe to our RSS Feed

စတုတ္ထမဏ္ဍိုင် နှင့် ဖုန်းလုပွဲ

From : https://www.facebook.com/MyanmarMediaWatch
 

မြန်မာ့မီဒီယာသမားတို့ရဲ့ သိက္ခာတွေ အဖက်ဆည်မရအောင် အရှက်ကွဲခဲ့ရတဲ့ ဖုန်းလုပွဲ တစ်ခု ဖြစ်ပါတယ်။ သြဂုတ်လ ၂ ရက်နေ့က ဆူးလေရှန်ဂီလာ ဟိုတယ် (ယခင် ကုန်သည်ကြီးများ ဟိုတယ်) တွင် Ooredoo ကုမ္မဏီက စာနယ်ဇင်းရှင်းလင်းပွဲအပြီး ဟန်းစက်များ၊ ဖုန်းကဒ်များနဲ့ ထီးများ လက်ဆောင်ပေးချိန်မှာ မီဒီယာသမားတွေ အလုအယက် ကြိတ်ကြိတ်တိုး ဝိုင်းလုကြပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲလုပ်မယ်ဆိုပြီး ဖိတ်စာဝေကတည်းက မှတ်ပုံတင်က နာမည်နဲ့ သေချာဖိတ်ပါတယ်။ ဖိတ်စာ တစ်စောင်ကို သတင်းထောက် တစ်ယောက်ပဲ လာဖို့ ပြောထားပြီး ဖြစ်ပါတယ်။ လက်ဆောင်ပေးမယ် ဆိုတာကိုလည်း အရိပ်အမြွတ် သိထားကြပါတယ်။ ဒါကြောင့် ဂျာနယ်တိုက်တိုင်းက တစ်ယောက်ထက် မကတဲ့ သတင်းထောက်တွေရော၊ အယ်ဒီတာတွေရော၊ အယ်ချုပ်တွေရော လာကြပါတယ်။ တချို့ဂျာနယ်တိုက်များဆိုရင် တိုက်ပိုင်တွေနဲ့ ဆောင်းပါးရှင်တွေပါ တက်ရောက်လာကြပါတယ်။ ဂျာနယ်တိုက်တစ်ခုမှာ အနည်းဆုံး ၂ ယောက်ကနေ အများဆုံး ၈ ယောက်အထိ သတင်းယူကြပါတယ်။ သတင်းထောက်တွေ အရမ်းများလာတော့ နောက်မှရောက်လာတဲ့ သတင်းထောက်တွေကို ဝင်ခွင့်မပေးတော့ပဲ ပြန်လွှတ်လိုက်လို့ မီဒီယာသမားအချို့ စိတ်မကြည်မသာနဲ့ လှည့်ပြန်ခဲ့ရပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲအပြီး လက်ဆောင်တွေပေးတော့ နဲနဲ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ လက်ဆောင်ထဲမှာ Sim Card တွေအပြင် Xperia E1 Sony ဟန်းစက်တွေနဲ့ ထီးတွေပါ ပေးတော့ မီဒီယာသမားအားလုံး ထိန်းမနိုင်သိမ်းမရ တိုးဝှေ့လုကြတော့တာပါပဲ။ တချို့ဝါရင့် သက်ကြီး သတင်းသမားတွေဆိုရင် အော်ဟစ်ပြီး အတင်းတောင်းပါတယ်။ တချို့က မရလို့ စိတ်ဆိုးကြပါတယ်။ တန်းမစီပဲ အတင်းတိုးနေတာကြောင့် အဖြူမက မောင်းထုတ်တာကို မီဒီယာသမားတချို့ ခံလိုက်ရပါသေးတယ်။ နိုင်ငံခြားသားတွေ ရှေ့မှာမြန်မာ မီဒီယာသမားတို့ သိက္ခာက ကုန်းကောက်စရာတောင် မကျန်တော့ပါဘူး။
ဓာတ်ပုံများကို ချင့်ချိန်ပြီး https://www.facebook.com/MyanmarMediaWatch မှာတင်ပေးပါမယ်။ ဘယ်လိုမှကို အဖက်ဆည်မရအောင် ဟက်တက်ကွဲတဲ့ ပွဲပါပဲ။

 . www.MyanmarExpress.net
 

7 comments:

သူတို့တွေကိုအပြစ်လို့လည်း
မပြောချင်တော့ပါဘူး။တစ်
သက်နဲ့တစ်ကိုယ်အခုမှ၁၅၀၀
ဆိုတာကြားဘူးတာလေကွာ။
အလကားရတော့ပိုကောင်း
တာပေါ့ကွာ။ဆွေမျိုးတွေပါ
ပေးလို့ရတာပေါ့ကွာဟုတ်ဘူး
လား။သိတဲ့အတိုင်းပဲဆွေမျိုး
တွေကအများသား။

သိတယ်မဟုတ် မီဒီယာတွေက ငတ်ကြီးကျပါတယ်လို့

လူနေခြုံကြားစိတ်နေဘုံ ဖျား
မြန်မာမီဒီယာများ
လူရဲ့စိတ်ဓါတ်နဲ့အဆင့်အတန်းကဇီးရိုး
တခြားမဏ္ဍိုင်တွေကိုသူကထောက်ပြပြုပြင်မယ်တဲ့ဗျိုး

ဖုန်း ကြောင်း မ ကြား လို ပါ အ ရှင်

ကား ကြောင်း မ ကြား လို ပါ အ ရှင်

၁၇ သိန်း နဲ့ က ဖုန်း ၃ လုးံ မိ ပါ တယ်
ကား နဲ့ က သိန်း ၃၀၀ လောက် ပြုတ် ပါ တယ်
လုပ် လဲ လုပ် ရက် ပါ ပေ့
စား လဲ စား ရက် ပါ ပေ့
မီူ လဲ မီူ ကျ ပါ ပေ့
ဤ လူ တ စု ကြောင့်
အ များ ပြည် သူ ခံ ခဲ့ ရ ပေ ၏


ငါ တို့ က အ တာ ကိုး

နိုင် ငံ ခြား မှာ အဲ ဒိ တုးံ က ဆင်း ကဒ် က အ လ ကား ပေး ၏ ဟန်းဆက် နဲ့ ငွေ ကဒ် ဝယ် ယုံ ပါ ဗျာ
လုပ် ရက် ပါ ပေ့  လူ တ စု စား ရက် ပါ ပေ လူ တ စု ယူ ရက် ပါ ပေ့ လူ တ စု

ဝတ် ကြွေး ရှိ ၍ ဆပ် ရ သည် ဟု မှတ် ပါ ၏

ပခက တာ တိး

IT IS A BAD NEWS.
NEED MORE AND MORE SUPPLY TO MEET
THE PUBLIC DEMAND.
AUTHORITY SHOULD MAKE TO FULFILL THE CONSUMERS DEMAND BECAUSE PUBLIC NEED TO USE IT LONG LONG TIME AGO.
AUTHORITY NEED TO TAKE EFFECTIVE CONTROL
ON MERCHANTS AND BROKERS AND MIDDLE
MEN NOT TO PLAY THE GAMES ON THE GENERAL
PUBLIC.

FEEL SORRY AND REGRET FOR MEDIA AND
SHOULD NOT BLAME MEDIA AND GENERAL
PUBLIC.
NO BODY WILL CARE FOR THOSE SMALL TOKEN
OF GIFTS IF THEY CAN GET IN OPEN MARKET
WITH REASONABLE AND COMPETITIVE PRICE.
PLEASE FIND REASON WHY CANNOT MAKE
THE STABLE MARKET?

Burmese are not used to get in line and never will.

Most of myanmar are substandard and we have to change our concepts and mind set.
Otherwise, It will lead to very bad generation
in coming future.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်