Subscribe to our RSS Feed

မက္ကဆီကို မြို့တော်ဝန် ပစ်ခတ်သတ်ဖြတ်ခံရ

From : .. messenger


 မက္ကဆီကိုနိုင်ငံ ဂျာလစ်ကိုပြည်နယ် ယူလျာမြို့တွင် မည်သူမည်ဝါ မသိရသေးသော သေနတ်သမားများ ပစ်ခတ်မှုကြောင့် မြို့တော်ဝန် သေဆုံးသွားကြောင်း သိရသည်။

တနင်္ဂနွေနေ့ ညနေခင်းတွင် မြို့တော်ဝန် မန်နျူရယ် ဂိုမက်ဇ် တိုရက်စ်သည်။ ၎င်း၏ လယ်တော အိမ်သို့ ပြန်လာစဉ် သေနတ်သမားများ ပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်းဖြစ်ကာ ၎င်း၏ ၀န်ထမ်းတစ်ဦးလည်း အတူသေဆုံးသွားကြောင်း သိရသည်။ ပစ်ခတ်တိုက်ခိုက်ခြင်း အကြောင်းရင်းကို မသိရ သေး။ ရဲတပ်ဖွဲ့ကမူ မူးယစ်ဂိုဏ်းများ လက်ချက်ဖြစ်နိုင်ကြောင်း ကနဦး သုံးသပ်ထားသည်။

ပြီးခဲ့သော တစ်လခန့်ကလည်း ယူလျာမြို့ ရဲတပ်ဖွဲ့အကြီးအကဲ အလားတူ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။ ကျူးလွန်သူ တစ်ဦး တစ်ယောက် ကိုမျှ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေး။ ယူလျာမြို့သည် ဂျာလစ်ကိုပြည်နယ် တောတောင် ထူထပ်ရာ နေရာတွင်ရှိသော မြို့ငယ်လေးဖြစ်သည်။ ဂျာလစ်ကိုပြည်နယ်သည် မက္ကဆီကို နိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်း တစ်လျှောက် မူးယစ်ဆေး ကုန်သွယ်မှု အကြီးအကျယ်လုပ်နေသော ဂျာလစ်ကို မျိုး ဆက်သစ် မူးယစ်ဂိုဏ်း၏ အခြေစိုက် ပြည်နယ်လည်း ဖြစ်သည်။

မက်္ကဆီကိုနိုင်ငံတွင် ပြီးခဲ့သည့် ခုနစ်နှစ်အတွင်း အုပ်ချုပ်ရေးအဖွဲ့ ထိပ်ပိုင်းပုဂ်္ဂိုလ် အများအပြား သတ်ဖြတ်ခံခဲ့ရပြီး (၅၀) ကျော်အတွက် တရား ခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ မက္ကဆီကို စာရင်းအင်းဝန်ကြီးဌာန၏ စာရင်းအရ ၂၀၁၃ ခုနှစ် တွင် ၂၀၁၂ ထက်နိုင်ငံတစ်ဝန်း လူသတ် မှု (၃၅၀၀) နီးပါး လျော့နည်း ကျဆင်းလာကြောင်းလည်း သိရသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်