Subscribe to our RSS Feed

ပီအာရ်ကို ပြည်သူများ နားလည်စေရန် NDF မှ ဟောပြောပွဲများ ပြုလုပ်မည်

From : ..7day


အချိုးကျကိုယ်စားပြု စနစ်(ပီအာရ်) ကို ပြည်သူများ နားလည်သဘောပေါက်စေရန် ရန် ကုန်တိုင်းအတွင်း ဟောပြောပွဲ များပြုလုပ်မည်ဖြစ်ကြောင်း အ မျိုးသားဒီမိုကရေစီအင်အားစု ပါတီ(NDF) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က ပြောသည်။

‘‘ရန်ကုန်မှာတော့ ပါတီဝင် တွေရော၊ ပြည်သူတွေကိုပါ ဟောပြောမှုလုပ်နေ ပါတယ်။ ကျွန် တော်တို့ ပါတီက ပီအာရ်ကို တင် ထားတာဆိုတော့ စိတ်ဝင်စား တဲ့ ပြည်သူတွေလည်း လာနားထောင် တယ်’’ဟု ပီအာရ်ကို ပြည်သူ့ လွှတ်တော် အား တင်သွင်းခဲ့သည့် ဦးအောင်ဇင်ကဆိုသည်။

အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပီအာရ်အကြောင်းဟောပြောပွဲ
များကို လုပ်ဆောင်ရန် စီစဉ်ထားသော် လည်း အကောင်အထည်ဖော်ရန် အတွက်မူ ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲ စနစ်လေ့လာသုံးသပ်ရေးကော်မ ရှင်၏ အစီရင်ခံစာကို စောင့်ကြည့်နေရကြောင်း ၎င်းကပြောသည်။

အမျိုးသားဒီမိုကရေစီအင် အားစုပါတီ(NDF) ၏ ပီအာရ် အကြောင်း ရှင်းလင်းပွဲကို မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်များတွင် ကျင်းပပြုလုပ်ခဲ့ပြီး အဓိကအားဖြင့် ပါတီဝင်များအနေဖြင့်လူထုအား ပီအာရ်အကြောင်းပြန်လည်ရှင်းပြနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု NDF ပါတီမှ သိရသည်။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင် ပီအာရ် စနစ်ပြောင်းလဲကျင့်သုံးရန် တိုက် တွန်းကြောင်း အဆိုများကို အမျိုး သားဒီမိုကရေစီအင်အားစုပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် ဒေါ်ခင်ဝိုင်းကြည်နှင့် ဦး အောင်ဇင်တို့က တင်သွင်းခဲ့ကြ ခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲများ တွင် အမျိုးသားလွှတ်တော်၌ ပီ အာရ်စနစ်ကို ပြောင်းလဲကျင့်သုံး ရန် အကောင်အထည်ဖော်ရေး အတွက် ကော်မရှင်ဖွဲ့ စည်းထားပြီး ပြည်သူ့လွှတ်တော်တွင်လည်း မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းထားသည်။

ပီအာရ်စနစ်သည် လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အပြင် တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးကို ပါ ထိခိုက်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားပါတီများက ထုတ် ဖော်ပြောဆိုထားသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်