Subscribe to our RSS Feed

မီဒီယာသမားများ ကျင့်ဝတ်မညီမှုများ ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ တိုင်ကြားနိုင်ပြီ

From : .. https://www.facebook.com/MyanmarMediaWatch


 ပည်တွင်းရှိ အယ်ဒီတာများနှင့် သတင်းထောက်မျာသည် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သတင်းမီဒီယာကျင့်ဝတ်များနှင့် စာဖတ်သူများ၏ အခွင့်အရေးများကို လေးစားလိုက်နာရန် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေနဲ့ သက်ဆိုင်ရာ ဂျာနယ်တိုက်များနှင့်ပါတ်သက်၍ နစ်နာမှုနှင့် မကျေနပ်မှုတစ်စုံတရာရှိပါက မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) သို့ တိုက်ရိုက်တိုင်ကြားနိုင်ပြီဖြစ်ကြောင်းသိရသည်။

မီဒီယာလောကအတွင်း အကျင့်ပျက်ခြစားမှုများ၊ ပိုက်ဆံပေး၍မိမိလိုသော သတင်းအား ရေးသားခိုင်းစေမှုများ၊ ငွေညှစ်ခြိမ်းခြောက်၍ သတင်းရေးမှုများ၊ တံစိုးလက်ဆောင်ယူ၍ သတင်းရေးသားမှုများ၊ ကျင့်ဝတ်နှင့်မညီသော အရေးအသားများဖြင့် ယုတ်ညံ့စွာရေးသားမှုများ၊ နိုင်ငံတော်လုံခြုံရေးနှင့် တည်တံ့ခိုင်မြဲရေးကို ဖြစ်ပေါ်စေမည့်ရေးသားမှုများ
ဂျာနယ်တိုက်များနှင့် သတင်းထောက်အများအပြားတွင် တွေ့ရှိလာရ၍
ပြည်သူလူထုမှ မကျေမနပ်ဖြစ်ကာ သတင်းမီဒီယာသမားများအပေါ်
ဝေဖန်မှုပြင်းထန်လာသည့်အချိန်တွင်မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ
နိုင်ငံတော်သမ္မတကြီးထံ သွားရောက်ကာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်
ယခုကြေငြာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကျင့်ဝတ်နှင့်မညီသော ရေးသားမှုများ၊ သက်ဆိုင်ရာဂျာနယ်တိုက်များ၏ အဆင်အခြင်မဲ့စွာရေးသားဖော်ပြမှုကြောင့် နစ်နာသွားရသူများ၊ လာဘ်ပေးလာဘ်ယူကိစ္စများဖြင့် သတင်းရေးသားဖော်ပြစေမှုများအား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ အချိန်နှင့်တပြေးညီ တိုင်ကြားနိုင်ပြီဖြစ်ပါကြောင်း အသိပေးတင်ပြလိုက်ရပါသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်