Subscribe to our RSS Feed

စိန်ခေါ်မှုများကိုသာ ပြောနေမည့်အစား အောင်မြင်မှုများ အခြေခိုင်အောင် ကူညီရန် သမ္မတဦးသိန်းစိန်က ဂျွန်ကယ်ရီအား တုံ့ပြန်

From : .. 7day

မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု များကိုသာအလေးထားပြောနေမည့်အစား အောင်မြင်မှုများကို အသိအမှတ်ပြုပြီး အဆို ပါ အောင်မြင်မှုများအခြေခိုင်အောင် အကူ အညီပေးသင့်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

သမ္မတအိမ်တော်တွင် သြ ဂုတ် ၉ ရက်က တွေ့ဆုံစဉ် ပြော ကြားခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအ နေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံတိုင်း ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ဒီမိုကရေစီအသွင်ကူး ပြောင်းခဲ့သည့် အခြေအနေနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံကပြုပြင် ပြောင်းလဲရေးကို တည်ငြိမ်စွာ အ ကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် သုံးနှစ်တာကာလ အတွင်း ဒီမိုကရေစီစံနှုန်းများအ ပြည့်အ၀ ပေါ်ပေါက်အောင် အ ကောင်အထည်ဖော်ရန် ကန့်သတ် ချက်များရှိသည်ကို နားလည်ပေး စေလိုပြီး ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်သည် နောက်ပြန်လှည့်ရန် မရှိဘဲ ရှေ့သို့ဆက်လက်ချီတက် နိုင်ရန် ဆုံးဖြတ်ထားကာ နိုင်ငံတ ကာကလည်း ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံ ၁၀ နိုင်ငံမှ နိုင်ငံ ခြားရေးဝန်ကြီးများနှင့် တွေ့ဆုံ ရာတွင် ဂျွန်ကယ်ရီက စိုးရိမ်ပူပန် ကြောင်း ပြောဆိုသွားခြင်း မရှိ သော်လည်း မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အခက်အခဲများကို ကျော်လွှားနိုင်ရန် အမေရိကန်က ကူညီလုပ်ဆောင်လိုကြောင်း ပြောဆိုသွားခဲ့သည်။

‘‘မြန်မာနိုင်ငံက အနာဂတ် စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေ ရှင်းနေချိန်မှာ အမေရိကန်နိုင်ငံရဲ့ မိတ်ဆွေအဖြစ် ကူညီပံ့ပိုးမှုကို ရ ထားတယ်ဆိုတာကို မြန်မာပြည် သူတွေကို သိစေချင်တယ်’’ဟု ၎င်းက ပြောဆိုသွားသည်။ အိုဘားမားကလည်း မြန်မာနိုင်ငံသို့ ထပ်မံလည်ပတ်ရေးကို စိတ်အားထက်သန်နေကြောင်းလည်း ပြောဆိုသွားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန် ကြီး ဂျွန်ကယ်ရီသည် သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၃ ခုနှစ် ဘရူနိုင်း နိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးပြီး နောက် ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်သည်။


.. www.MyanmarExpress.net
 

4 comments:

ဒီနေ့ထုတ် Daily Eleven မှာ ဂျွန်ကယ်ရီက မြန်မာကို သတိပေး
ဆိုပြီးခေါင်းစဉ်တပ်တယ် ဂျွန်ကယ်ရီကဦးသိန်းစိန်ရဲ့အထက်အရာ
ရှိလား အမေရိကန်က မြန်မာနိုင်ငံကိုအုပ်ချုပ်နေတာလား
ဒီမိုကရေစီနဲ့တိုင်းပြည်အတွက်ဘာများထိထိရောက်ရောက်ကူ
ညီထားလို့အဲသလိုခေါင်းစဉ်တပ်ရတာလဲ
အမေရိကန်ဟာ ကူဖော်လားလောင်ဘက်လား
သန်းထွဋ်အောင်တို့ဝေဖြိုးတို့ဟာသခင်အားရကျွန်ပါး
ဝတွေလား Daily Eleven ဖြေပေးပါ

We want to read the actual words of President U Thein Sein about saying the following response to John Kerry: မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု များကိုသာအလေးထားပြောနေမည့်အစား အောင်မြင်မှုများကို အသိအမှတ်ပြုပြီး အဆို ပါ အောင်မြင်မှုများအခြေခိုင်အောင် အကူ အညီပေးသင့်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

အမေရိကန် က ပါဝါတော့စားသလားမမေးနဲ့
လက်တွေ့သာဘာမှကူညီထောက်ပံ့မှုမရှိသေးတာ
အမေရိကန်ကဆောက်ပေးထားတဲ့အားကစားရုံ ၊အမေရိကန်က
ခင်းထားပေးတဲ့လမ်း ၊ အမေရိကန်ကဆောက်ပေးထားခဲ့တဲ့
ဆေးရုံ ၊ အမေရိကန်ကလက်ဆောင်ပေးခဲ့တဲ့ရထားကြီး
ဘာမှမတွေ့ဖူးသေးပါဘူး
မုန့်လဲပေး တုတ်လဲပေး ဆိုရင် FAIR ဖြစ်ပြီးသဘာဝကျတယ်
အခုဟာက ဘာကျေးဇူးတရားနဲ့US ကိုတအားအရေးပေးနေ
ရတယ်မသိ ၊ မျက်နှာငယ်လိုက်ရတာလဲလွန်ရော တရုတ်မကြောက်ရတော့ရင် အမေရီကန်ကြောက်ရဦးမှာလား
အေးလေ တိုင်းပြည်ကမညီညွတ် ၊ ဒါပေမယ့်
တိုးတက်ချင်တော့လဲ---------

အကူအညီကဖြင့် ပေးမယ်မကြံသေးဘူး ကျွန်ဇာတ်က သွင်းချင်နေပြီ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်