Subscribe to our RSS Feed

အီရန်ခရီးသည်တင်လေယာဉ် ပျက်ကျမှု နောက်ဆက်တွဲ သတင်း

From : ..mizzima

သြဂုတ် ၁၀ ရက် နံနက်ပိုင်းက ပျက်ကျသွားခဲ့သည့် အီရန်ခရီးသည်တင် လေယာဉ်နှင့် ပတ်သက်၍ တတ်စ်မင်သတင်းဌာန၏ World & FP ကဏ္ဍမှ ညွန်ကြားေ ရးမှူးချုပ် အာဘတ်စ်အတ်စ်လန်နီက လေယာဉ်၏ တောင်ပံတစ်ဖက် ပြုတ်ထွက်ရာမှ ပျက်ကျသွားခြင်းဖြစ်ကြောင်း ၎င်း၏ Twitter တွင် ရေးသားခဲ့သည်။

လေယာဉ်အောက်သို့ ပြန်ပြုတ်ကျစဉ် လူငါးဦးသည် အပြင်ဘက်သို့ ခုန်ထွက်ခဲ့ရာ သုံးဦး အသက်ရှင်ခဲ့သောကြောင့် သေဆုံးသူ စုစုပေါင်း ၄၈ ဦးရှိကြောင်း အီရန်အစိုးရ ၏ ပြဿနာဖြေရှင်းရေးဗျူရိုအဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အတ်စ်လန်နီက ရေးသားခဲ့သည်။ အခြားသတင်းများတွင်မူ ခရီးသည်အား လုံး သေဆုံးသွားကြောင်း ရေးသားထား သည်။

လေယာဉ်ပျက်ကျသည့် နေရာသည် ဈေးတစ်ခုမှ မီတာ ၅၀၀ တွင် ဖြစ်ပွားခဲ့ရာ လူနေထိုင်သည့် နေရာတွင် ဖြစ်ပွားခဲ့ပါက သေဆုံးသူအရေအတွက် ပိုမိုများပြားနိုင်ကြောင်း ၎င်းက ရေးသားထား သည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်