Subscribe to our RSS Feed

နိုင်ငံတကာအကူအညီများဘင်္ဂါလီများကိုသာ ဦးတည်နေပါက ရခိုင်တိုင်းရင်းသားများနှင့် သဘောထားဆက်လက်ကွဲမည်ဟုဒုသမ္မတပြော

From : .. 7day


န-နိုင်ငံတကာအကူအညီ များအနေဖြင့် ဘင်္ဂါလီလူမျိုးများ ဘက်ကိုသာဦးတည်နေမည်ဆိုပါ က ဒေသခံရခိုင်တိုင်းရင်းသားများ နှင့်သဘောထားဆက်လက်ကွဲ ပြားနေမည်ဖြစ်ကြောင်း နိုင်ငံ တော်ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြား သည်။

သြဂုတ် ၈ ရက်က နေပြည်တော်တွင်ပြုလုပ်ခဲ့သော ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေးဗဟိုကော်မတီ အစည်းအဝေး၌ ယင်းကော် မတီဥက္ကဋ္ဌဒေါက်တာစိုင်းမောက် ခမ်းက အထက်ပါအတိုင်းထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂါလီကယ်ဆယ်ရေးစခန်းများသို့ နိုင်ငံတကာအလှူရှင်များ ၏ လူသားချင်းစာနာထောက်ထား မှုအကူအညီခေါင်းစဉ်ဖြင့်ပင် ထောက်ပံ့ပေးနေမည်ဆိုပါက၊ ဘင်္ဂါလီလူမျိုးများဘက်ကိုသာ ပိုမိုဦးတည်သွားပါက ဒေသခံ ရခိုင်လူမျိုးများနှင့် ဆက်လက် သဘောထားကွဲပြားနေမည်ဖြစ် ကြောင်း ဒေါက်တာစိုင်းမောက် ခမ်းကပြောကြားခဲ့သည်။

ကယ်ဆယ်ရေးစခန်းများ တွင် လူဦးရေတစ်သိန်းနှစ်သောင်း ကျော်ရှိပြီး ၎င်းတို့စားဝတ်နေရေး ကို မြန်မာနိုင်ငံတစ်နိုင်ငံတည်း အနေဖြင့် တာဝန်ယူရန်ခက်ခဲမည် ဖြစ်ကာ နိုင်ငံတကာအကူအညီ များဖြင့် ယာယီပံ့ပိုးပေးနိုင်သော် လည်း ရေရှည်တွင်သင့်လျော် သည့်အဖြေမဟုတ်ကြောင်း ဒု သမ္မတကဆက်လက်ပြောသည်။

လူသားချင်းစာနာမှုအကူ အညီများပေးအပ်နေသည်နှင့် တစ်ပြိုင်တည်း ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေရှည်တွင်နှစ် ဖက်လူ့အဖွဲ့အစည်း သဟဇာတ ဖြစ်လာစေရေးအထောက်အကူ ပြုလုပ်ငန်းများကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဒေါက်တာစိုင်း မောက်ခမ်းကထည့်သွင်းပြော ကြားသည်။

ရခိုင်ပြည်နယ်ပဋိပက္ခဖြစ် ပေါ်စေသည့်အခြေခံဇာစ်မြစ်တစ် ခုဖြစ်သော လက်ရှိဘင်္ဂါလီလူမျိုး များ တရားဝင်၊ မဝင်ခွဲခြားဖော်ပြ နိုင်ရန် ၁၉၈၂ ဥပဒေဖြင့် စိစစ် ခြင်းလုပ်ငန်းများကို မြေပုံမြို့နယ် တွင် ရှေးဦးစီမံချက်အဖြစ်ဆောင် ရွက်ခဲ့ပြီး ဘင်္ဂါလီလူမျိုး ၁၀၉၄ ဦးကို ပဏာမစိစစ်ပြီးစီးခဲ့ပြီး ဆက် လက်စိစစ်နေကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

.. www.MyanmarExpress.net
 

1 comments:

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှ ဒေသတည်ငြိမ်မှုရှိမည်။
ရခိုင်ပြည်နယ်သည် ရေလုပ်ငန်းနှင့်စိုက်ပျိုးရေးလုပ်ငန်းကို
အဓိက အားထားရသည့်ဒေသဖြစ်သည့်အတွက် ၊
ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ရခိုင်ငြိမ်းချမ်းရေး
တပ်ဖွဲ့မှ ပါဝင်လုပ်ကိုင်သင့်သည်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး
အတွက် စိုက်ပျိုးရေးတွင် လက်မှုလယ်မှ စက်မှုလယ်ယာသို့
ပြောင်းရန်လိုအပ်မည်။ ရေလုပ်ငန်း၊ ပင်လယ်ပြင်ငါးဖမ်း
လုပ်ငန်းများကိုထိုင်နိုင်ငံကဲ့ ခေတ်မီ ငါးဖမ်းလုပ်ငန်းများ
အဖြစ်ပြောင်းလဲလုပ်ကိုင်ရန်လိုအပ်မည်။
ထိုသို့ပြုလုပ်မည်ဆိုပါက ကုမ္ပဏီ၊ အဖွဲ့အစည်းများနဲ့
သင့်တော်မည်။
သို့အတွက် ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးကို
တခြားဒေသများကဲ့သို့ နိုင်ငံတော်အစိုးရနဲ့
ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်းများ ပူးပေါင်းဆောင်ရွက်နိုင်ပါက
ရခိုင်တိုင်းရင်းသားများ ဆင်းရဲအတွင်းမှ
လွတ်မြောက်နိုင်မည်။ ရခိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်း
ပါဝင်လုပ်ဆောင်မှုပျက်ကွက်ပါက ကျုးကျော်သူများထံ
စီးပွားရေးလုပ်ငန်းများရောက်ရှိသွားပြီး၊
ဒေသခံရခိုင်တိုင်းရင်းသားများမှာ ဆင်းရဲအတွင်းမှ
လွတ်မြောက်နိုင်ခြင်းမရှိပဲ ကျုးကျော်သူများရဲ့
ကျေးကျွန်ဘဝသို့ရောက်သွားနိုင်တယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်