Subscribe to our RSS Feed

၈၈ ကျောင်းသားအမည်ခံ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့် မြအေး



၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလတွင် မြေစာပင်များသဖွယ် ကြားညပ်ခံရသူများရဲ့ ဖြစ်ရပ်များ၊ မလိုလားအပ် သော ကောလာဟလ မမှန်သတင်းများ၊ သွေးဆာနေသောစရိုက်၊ ကြမ်းတမ်းသောအမူအရာများနဲ့ မင်းမဲ့စရိုက် ဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့သော ဖြစ်ရပ်မှန်ကို ဖတ်ရှုရသော ပြည်သူများအဖို့ စိတ်မချမ်းသာဖွယ်၊ ရင်နင့်ဖွယ် ခံစားခဲ့ကြရပါတယ်။ ဒီဖြစ်ရပ်မှန်မှာ လူသားချင်းထားရှိကြရမယ့် သနားကြင်နာစိတ်များ ကင်းမဲ့ကာ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ကြရပါသည်။ ခုလက်ရှိအချိန်မှာလဲ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်လို့ အမည်ခံထားတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့် မြအေးတို့ဆိုတာ အဲဒီခေတ်ကတုန်းက ဘာခေါင်းဆောင်မှ မဟုတ်ခဲ့တဲ့သူတွေပါ။

ကျောင်းသားခေါင်းဆောင်လို့ အမည်သွင်းရတာကလည်း ၈၈ အရေး အခင်းတုန်းက မင်းမဲ့စရိုက်ဆန်ဆန် အေးချမ်းစွာဆန္ဒပြ တောင်းဆိုကြတဲ့ ကျောင်းသားများကို အကြောင်းပြပြီး နိုင်ငံတော်ကို ဆန့်ကျင်နေကြလို့ ထောင်ထဲထည့်လိုက်ခါမှ နာမည်ပိုကြီးလာတဲ့ ထောင်ထွက်များသာ ဖြစ်ပါ တယ်။ ဌေးကြွယ်ကတော့ ရှစ်လေးလုံးအရေးခင်းအတွက် တိုင်းပြည်အဝှမ်းမှာ လှုံဆော်စည်းရုံးခဲ့ပါတယ်။ အဲဒီ နေ့မှာပဲ ဘီဘီစီသတင်းထောက် ခရစ်စတိုဗာဂါးနက်(စ်)ရဲ့ သမိုင်းမှာ တွင်ကျန်ရစ်တယ်လို့သာ လူသိများခဲ့ တာ ပါ။ ၈၈ မျိုးဆက်လို့အမည်ခံထားကြတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် နှင့် မြအေးတို့ရဲ့ မင်းမဲ့စရိုက် လုပ်ရပ် များကြောင့် တိုင်းပြည်အတွက် လူတွေ၊ ပစ္စည်းအဆောက်အဦးတွေများစွာ ဆုံးရှုံးနစ်နာမှု ဖြစ်ခဲ့ရပါတယ်။

အခုလည်း မြန်မာနိုင်ငံနှင့်ပတ်သက်တဲ့ လူ့အခွင့်အရေးရရှိဖို့အတွက်ဆိုပြီး ခေါင်းစဉ်တွေတပ် နိုင်ငံတကာ အလေလိုက်ပြီး လျှောက်သွားပြီးရင် မြန်မာပြည်ကြီး မတိုးတက်ရတဲ့အကြောင်းရင်းတွေ လျှောက်ပြောနေကြ သေးတယ်။ ရှက်တတ်ရင် ရှက်ပြီးသေဖို့တောင် ကောင်းပါတယ်။ ကိုယ်တိုင်ကိုယ်ကျ အခြေခံစိတ်ဓာတ် ကောင်းအောင် ကြိုးစားနိုင်ကြပြီလား ဆိုတာမေးလိုက်ချင်ပါတယ်။ ခုလည်းပဲ ၈၈ ငြိမ်း/ပွင့်နာမည်ခံ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် နှင့် မြအေးတို့ဟာ သူတို့တစ်ခုတည်း ရပ်တည်လို့မဖြစ်နိုင်မှန်း သိလာတဲ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD နဲ့ ပူးပေါင်းပြီး ၄၃၆ ကိုပြင်ဆင်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။ ၄၃၆ ပြင်ဆင်ဖို့ နယ်အားလုံးနီးပါး ဟောပြောပွဲတွေကို NLD စတင်တည်ထောင်ခဲ့တဲ့ လက်ရှိနာယက ဦးတင်ဦး ဦးဆောင်ပြီး လိုက်ပြီး ဟောပြောခဲ့ပါတယ်။ ဒီလိုဟောပြောပွဲတွေ လုပ်တိုင်းကုန်ကျစရိတ်တွေကို ဘယ်ကနေ များ ရသလဲဆိုတာလည်း စဉ်းစားစရာပါ။

၄၃၆ ကိုပြင်ဆင်ဖို့ မဖြစ်နိုင်တော့တဲ့အချိန်မှာ PR စနစ်ကို ကန့်ကွက်ဖို့ NLD ပါတီနဲ့ ပူးပေါင်းပြီး PR ပြင်ဆင်ဖို့ ကော်မတီတွေဖွဲ့လာပြန်တယ်။ PR ကို အသုံးချပြီး ပြည်သူကိုလမ်းပေါ်ရောက်အောင် ဆွဲတင်နေကြပြန်ပါတယ်။ PR အတွက်ဆန္ဒပြတယ်ဆိုတာ NLD နဲ့ ၈၈ တွေကို ယုံကြည်အားကိုးလို့မဟုတ်ပါဘူး။ ပြည်သူတွေအမှန် တကယ် အကျပ်အတည်းဖြစ်နေတာ လေးတွေကို သိစေချင်လို့ပါပဲ။ ၈၈ လို့ပြောလိုက်ရင် ပြည်သူတစ်ရပ်လုံး ကြောက်နေကြပါပြီ။ ဒီ ၈၈ ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် နှင့် မြအေးတို့ကြောင့် ကျန်ရစ်သူ မိသားစုထဲက သေးဆုံးသွားတဲ့ အပြစ်မဲ့ ကျောင်းသားများအတွက် စိတ်နားလွန်းလို့ပါပဲ။ ဒါအကြောင်းတွေကို နားလည်တဲ့ ပြည်သူများကတော့ ခုချိန်မှာ NLD နဲ့ ၈၈ ငြိမ်း/ပွင့် အဖွဲ့တွေကို ယုံကြည်မှု ပိုပိုလျော့နည်းလာ တာကို တွေ့နေရပါပြီ။

ဖိုးတုတ်
We Love True

4 comments:

ပွင့်လင်းမြင်သာမှုရှိတဲ့ website ဆိုရင် ဘယ်comment မဆို ဖော်ပြပိုင်ခွင့်ရှိတယ်။ approve လုပ်စရာမလိုဘူး express အလုပ်သမားအားလုံးကိုပြောတာပါ

english ညံ့တာက မင်းကိုနိုင် အပြစ်မဟုတ်ပါဘူး။ မွေးကင်းစကလေးတောင်သိတယ်ဘယ်သူအပြစ်လဲဆိုတာကို မင်းတို့ အစိုးရက ဆရာမအ၇ည်အချင်းမရှိလို့ပေါ့၊ မင်းတို့ ဗမာပြည်ကျောင်းမှာ အောင်တဲ့လူက ဘယ်တိုင်းပြည်နဲ့မှ english စာယှည်လို့မရပါဘူးအ၇မ်းညံ့လို့ပါ။ ဗိုလ်သားသမီးတွေကျတော့ englishစာကောင်းတာပေါ့။ ပြည်သူတွေဆီကို အတင်းအဓမ အခွန်ကောက်ပြီး ရတဲ့ပိုက်ဆံက မိသားစုအဆင်ပြင်ဖို့ ကလေးတွေကို နိုင်ငံခြားကျောင်းမှာပိုဖို့တွေချည်းပဲလုပ်နေတာကိုး။ အဲဒါကြောင့် နင့်တို့က သူတောင်းစားသူခိုး ဘ၀ကိုကိုးကားပြီး အခု english ပြောတတ်ပြီးပေါ့။ သူများကိုတောင်အထင်သေး သေးတယ်။

အေး အပေါ်က ၁၅၀၀ နာရီမှာ ရေးထားတဲ့ကောင်
ဒီမိုကရေစီလဲ အပြည့်မရသေးဘူး မင်းကိုလဲငါမမြင်ဖူးဘူး
အေးဒါပေမယ့် မင်းနဲ့ငါနဲ့ဆက်စပ်လို့မရအောင် သွေးကွဲတယ်
အေးဒီလိုပဲ မြန်မာပြည်ထဲမှာ ၈၈ နောက်ပိုင်း
လူတွေချင်းနိုင်ငံရေး
နဲ့ပတ်သက်ပြီးသွေးကွဲသွားပြီ နောက်ပိုကွဲဦးမှာ
မင်းပြောသလိုဆိုရင် မင်းကိုနိုင်ကြီးစာညံ့တာအစိုးရအပြစ်ပေါ့
ကွိုင်ပဲ မင်းလိုကောင်တွေရှိနေတာ ဗမာပြည်နာတယ်
ငါတို့လဲ မဆလ ကောင်းမွေ စစ်အစိုးရကောင်းမွေမခံစားဖူးပါဘူး
ဒါပေမယ့် မင်းလိုစောက်ကန်းအမြင်တော့မရှိဘူးကွ
မဆလ လက်ထက်မှာ ငါလဲပညာသင်ခဲ့တယ်
စနစ်ကအကောင်းကြီးမဟုတ်ပေမယ့်ဒီနေ့လူတော်တွေ
ဆရာဝန်ကြီးတွေ ပါရဂူတွေဟာ မဆလ လက်ထက်ပေါက်တွေဆိုတာမင်းမမေ့နဲ့
ငါလဲလူတော်မဟုတ်ပေမယ့် ကျူရှင်မယူပဲ (၁၀)
တန်းနှစ်ချင်းပေါက်အောင်တယ် အင်္ဂလိပ်စာကိုအဆင့်မှီမှီရေးနိုင်ပြောနိုင်တယ်
ကိုယ်သောက်သုံးမကျတိုင်း အစိုးရကိုပုတ်ခတ်ချင်တဲ့ကောင်
တွေ မင်းတို့အမေ ဖြစ်မှပြောကြကွာ
တာဝန်မဲ့နိုင်ငံသားနဲ့ တာဝန်မဲ့အတိုက်အခံနဲ့ တာဝန်မဲ့ဝန်ထမ်းတွေနဲ့ ဒီတိုင်းပြည်နဲ့ကတော့ဟုတ်နေပြီ

အော်ရီဒူးဆင်းကတ် လုရင်းမင်းကိုနိုင် သွားကျိုးသွာတယ်ဆိုတာ
ဟုတ်ပါသလား
မြအေး မျက်မှန်ကွဲတယ် ကိုကိုကြီးလူနင်းခံရတယ်တဲ့
အရပ်ထဲမှာပြောနေတာမှန်မမှန်သိချင်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်