Subscribe to our RSS Feed

အမြန်လမ်းပေါ်က ယာဉ်မတော်တဆတိမ်းမှောက်မှု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကိုယ်တိုင် ကူညီပေးခဲ့ရ

From : ..YMG


 ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃ဝ၅/ ၇ မိုင်တွင် ဘုရားဖူးယာဉ်တစ်စီးတိမ်း မှောက်မှုတစ်ခု သြဂုတ် ၃ရက်ကဖြစ် ပွားခဲ့ရာ အခင်းဖြစ်စဉ်နေရာသို့ လုပ်ငန်းတာဝန်ဖြင့် ယာဉ်တန်းဖြတ်သန်း သွားသည့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ် တစ်ဦးလိုက်ပါလာသည့် ခရီးသွား ယာဉ်တန်းကဒဏ်ရာရသူများကိုအကူအညီပေးခဲ့သည့်ဖြစ်စဉ် တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ဘုရားဖူးယာဉ်သည် မိတ္ထီလာမှ မန္တလေးဘက်သို့ မောင်း နှင်လာစဉ် ယာဉ်မတော်တဆတိမ်း မှောက်မှုဖြစ်ပြီး ဒဏ်ရာရသူ ၁ဝဦးခန့် ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ယာဉ် တိမ်းမှောက်မှုဖြစ်ပွားပြီး ဒဏ်ရာရသူ များ အကူအညီမဲ့ဖြစ်နေစဉ်အတွင်း အခင်းဖြစ်နေရာသို့ ဖြတ်သန်းမောင်း နှင် သွားသည့် မန္တလေးမှ နေပြည် တော်သို့ပြန်လာသော ယာဉ်တန်းက ရပ်တန့်ကူညီခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အကူအညီပေးခဲ့သည့် ယာဉ်တန်းမှ လိုက်ပါလာသူတစ်ဦးကို ရန်ကုန်တိုင်းမ် မှ ဆက်သွယ်မေးမြန်းခဲ့ရာ ''အကူ အညီပေးခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်တို့က ကျောက်ဆည်ခရိုင် ရွာတွေမှာ မိုးပွင့်စီမံချက်(၆)နဲ့ မှတ် ပုံတင်တွေလုပ်ပေးတာကို အားပေး ကြည့်ရှုဖို့ ဝန်ကြီးဦးခင်ရီနဲ့လိုက်သွား တာပါ။ အဲဒီကအပြန် လမ်းမှာကား မှောက်နေ တာကိုတွေ့တော့ ဝန်ကြီး က တွေ့တဲ့နေရာကနေ ယာဉ်ကြော ကွေ့လို့ရတဲ့နေရာအထိ မောင်းသွား ခိုင်းပြီး ကျွန်တော်တို့ ကားတန်းကို ပြန် ကွေ့ခိုင်းပါတယ်။ ပြီးတော့ ကားကို ရပ်ပြီး ချက်ချင်းအကူအညီပေးမှုတွေ လုပ်ခဲ့တယ်။ ဝန်ကြီးကိုယ်တိုင် တာ ဝန်ရှိသူတွေကို ဖုန်းဆက်ပြီးအကူ အညီပေးခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လဲ လူနာတွေကို လူနာတင် ယာဉ်ပေါ်ရောက်တဲ့အထိ ပို့ဆောင် ပေးခဲ့ပါတယ်'' ဟု ပြောသည်။

ယခုအခါ ဒဏ်ရာရသူများကို မိတ္ထီလာဆေးရုံနှင့် မန္တလေးဆေးရုံများ သို့ပို့ပြီး ဆေးဝါးကုသမှုများခံယူနေ ကြောင်းသိရသည်။အဆိုပါဘုရားဖူး ယာဉ်မှာ သရက်မှတောင်ပြုန်းသို့ သွား ခြင်းဖြစ်ပြီး ဆွေးမျိုးသားချင်း ၁၂ဦး လိုက်ပါ စီးနင်းခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ Highway Police ယာဉ်များ၊ ကြက်ခြေ နီကားများ၊ မီးသတ်ကားနှင့် လူနာ တင်ယာဉ်များ ရောက်ရှိကူညီခဲ့ ကြောင်း သိရသည်။


.. www.MyanmarExpress.net
 

4 comments:

အ ဟဲ ရဲ မ စား ရဲ တော့ ဘူး ပေါ့


မှန် တယ် နော် ပခက

dar myo kya top bal tu ma bar ma ma pyaw par lar ... di lo kg tar lay tway kya top

အ မြင် မ တော် လို့ လုပ် ချင် ရင် လဒ် စား တာ တွေ ပ ပျောက် အေင် လုပ် ပါ လား



အုပ် ခူပ် ရေး လိုင်း က ည န အ ခွန် တ ရား ရုးံ ရဲ မြေ စာ ရင်း စည် ပင် လျပ် စစ် ဌာ န တိုင်း လဒ် စား ကြ ပ ဓျာ

1-THANK TO MINISTER U KHIN YEE AND OFFICIALS
HELPING PEOPLE ON THE HIGHWAY.

2-ALL ACCIDENTS HAPPENING DUE TO FOLLOWING FACTORS.THEY ARE AS FOLLOWS;
1-HIGH WAY NOT MADE PROPERLY.
2-MAY BE NO SAFE HIGH SPEED DRIVING.
3-RESTRICTED WEATHER CONDITION.
4-DRUNK DRIVING.
5-CAR ARE NOT WELL MAINTAIN.
6-CARS ARE OVERLOADING.
7-NOT SUFFICIENT LAW ENFORCEMENT.
8-MAY BE OVER SPEEDING.
NOTE;MAY NEED TO REDUCE SPEED IN SOME
PLACES.
9-MAY BE DANGEROUS ROAD DESIGN
SIMILAR TO "KOE LAUNG KYWE" IN YANGON.

3-THE CAR INVOLVED ACCIDENT IS NOT A
"PHAR YAR PHU YIN" BUT A "NUT PHU YIN"
ON THE WAY TO "TAUNG PYONE".

4-PRACTICALLY HUMAN BEINGS IS SAVING
THEIR LIVES BUT LOT OF PEOPLE THINK "NUT"
SAVING THEIR LIVES.

5-HOPING TO UNDERSTAND TO SAVE LIVES
IS DEPEND UPON SAFE DRIVING BY ALL DRIVERS.

6-MANY PREVIOUS REPORTS RECORDED
THIS HIGHWAYS HAPPENING HIGHEST
ACCIDENTS.MAY BE WORLD BAD RECORD.

7-NEED TO TAKE MORE MEASURE AND TIMELY
AND EFFECTIVE ACTIONS TO REDUCE OR
ZERO ACCIDENT.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်