Subscribe to our RSS Feed

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်း မြေပြိုမှုဖြစ်ပွား

From : .. မြန်မာ့အလင်း


ကျိုက်ထိုမြို့နယ်၌ ရက်သတ္တပတ်ခန့်ကစပြီး မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် တောင်ကျရေများပြီး ရေကြီးမှုများ ရှိခဲ့သော်လည်း လူနှင့်တိရစ္ဆာန် ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။ သြဂုတ်လ ၅ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် တောင်တက်လမ်းတစ်လျှောက် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါ မြေပြိုမှုကြောင့် ကျိုက်ထီးရိုး တောင်တက် ကားလမ်းရှိ စခန်းများဖြစ်သော ဒူးရင်းမြောင်၊ ပိန္နဲပင်ကွေ့၊ ၁ဝ မိနစ်စခန်း အပေါ်အောက်၊ ရှမ်းအိပ်တောင် စခန်းလေးနှင့် ရသေ့တောင် လူသွားလမ်းများပေါ်သို့ တောင်ကမ်းပါးယံများ ပြိုကျမှုဖြစ်ပွားကာ ရသေ့တောင် လူသွားလမ်းသစ်ရှိ လူနေတဲသုံးလုံး ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး လူနေတဲ တစ်လုံးပေါ်၌ အဝတ်လျှော်နေသူ မကြူကြူသင်း (၂၂ နှစ်)သည် ပြိုကျသည့် မြေကြီးနှင့်အတူ ပါသွားခဲ့သည်။ မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဌေးလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ နယ်မြေတပ်မနှင့် ခြေလျင်တပ်ရင်းမှ အရာရှိ အရာခံနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ကျိုက်ထီးရိုး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ရင်ပြင်တော် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပျောက်ဆုံးအလောင်းကို ရှာဖွေခြင်း၊ ကားလမ်းမ တစ်လျှောက် ပိတ်ဆို့နေသော ကျောက်တုံးကျောက်ခဲများနှင့် မြေသားများကို ရှင်းလင်းပေးခြင်း တို့ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်