Subscribe to our RSS Feed

၈၈ ကျောင်းသားများအား အပြောသာရှိပြီး အလုပ်မရှိသည့် ဖားတစ်ပိုင်း ငါးတစ်ပိုင်းများဟု ဒေါက်တာ ရန်မျိုးသိမ်းဝေဖန်



၂၀၁၃ ခုနှစ်သြဂုတ် ၆ ရက် နှင့် ၇ ရက်ဆွေးနွေးပွဲများအလွန် သြဂုတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့သော ရှစ်လေးလုံး ငွေရတုကြေညာစာတမ်းပါ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုသည် နိုင်ငံရေးအရ ဝေလေလေအဆင့်တွင်သာ ရှိနေဆဲဖြစ်သည်။ စနစ်တကျ အားကောင်းသော အဖွဲ့အစည်းနှင့် ခေါင်းဆောင်မှုတို့ကိုမတည်ဆောက်နိုင်ခြင်းသည် နိုင်ငံရေးရေစုန်မျောခြင်း၏ နိဒါန်းဟု သတ်မှတ်နိုင်သည်။

၂၀၁၃ ခုနှစ်၊ သြဂုတ် ၈ ရက်ရှစ်လေးလုံး (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားများကို တစ်နိုင်ငံလုံးခြိမ့်ခြိမ့်သဲသဲကျင်းပခဲ့သည်မှာ ရင်သပ်ရှုမောဖွယ်ဖြစ်သည်။ ငွေရတုကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး ကော်မတီကို ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းအပါ အဝင် အရပ်ဘက်အဖွဲ့အစည်း များ၊ အခြားအဖွဲ့အစည်း
များနှင့်ပူးပေါင်းဖွဲ့စည်းနိုင်ခဲ့သည်။

သို့သော် ငွေရတုအလွန် ၃၆၅ ရက်နီးနီးကာလတွင် ငွေရတုဆုံး ဖြတ်ချက်များ အကောင်အထည်ဖော်ရေး ကော်မတီကိုလည်းကောင်း၊ အဆိုပါကော်မတီကို အခြေပြုလျက် အခြားအဖွဲ့အစည်းကိုလည်းကောင်း၊ နိုင်ငံရေးအရ၊ အားကောင်းမောင်းသန်ရန်၊ အားလုံးပါဝင်နိုင်ရန်၊ ကျစ်လျစ်ခိုင်မာရန်၊ စနစ်တကျခေါင်း ဆောင်မှုပေးနိုင်ရန် မတည်ဆောက်နိုင်ခဲ့ခြင်းသည် ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းတို့၏ အသုံးမကျမှုကို ပေါ်လွင်နေစေသည်။


ရှစ်လေးလုံးအရေးအခင်း (၂၆)နှစ်ပြည့် မြောက်သည့်တိုင် တိုင်းရင်းသား အင်အားစုများနှင့် ဒီမိုကရေစီအင် အားစုများအကြားတွင် သွေးစည်း ညီညွတ်မှုသည် ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ငါ့မြင်းငါစိုင်း စစ်ကိုင်း ရောက်ရောက်ထုံးကိုနှလုံးမူ လျက်ရှိနေဆဲဖြစ်သည်။ နိုင်ငံရေးပါတီများအကြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ဘုံမူဝါဒ၊ ဘုံလမ်းစဉ်၊ ဘုံလုပ်ငန်းစဉ်တို့အပေါ် အခြေပြုသော ကျစ်လျစ်ခိုင်မာသည့် တပ်ပေါင်းစုပုံစံ(သို့မဟုတ်) မိတ်ဆွေနိုင်ငံရေး စင်္ကြံလမ်းပုံစံသည်လည်း အားနည်းနေဆဲဖြစ်ကာ သူတစ်လူငါတမင်းဖြစ်နေသည်ဟု သုံးသပ်နိုင်သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် လည်း အရပ်ဘက်အဖွဲ့အစည်း မကျ၊ နိုင်ငံရေးပါတီမကျသော ဖားတစ်ပိုင်း ငါးတစ်ပိုင်းဘဝတွင် ပျော်မွေ့နေဆဲဖြစ်သည်။ 

၈၈ မျိုး ဆက်ဟု အမည်တပ်ထားလင့် ကစား ၁၉၈၈ ခုနှစ်ရှစ်လေးလုံး အရေးအခင်းနှင့် အတူ ရပ်တည်ခဲ့သောမျိုးဆက် များအားလုံးကို စနစ်တကျ၊ မူဝါဒ၊လမ်းစဉ်၊ လုပ်ငန်းစဉ်များနှင့်အ တူ စုစည်းတည်ဆောက်နိုင်ရန် ပျက်ကွက်နေဆဲဖြစ်သည်။

လမ်း ပျောက်နေသည်ဟုမဆိုနိုင်သော် လည်း တစ်ဦးချင်းကိုယ့်လမ်း ကိုယ်လျှောက်နေသည့်သဘော များက ပိုမိုထင်ရှားလျက်ရှိသည်။ ဥပမာ ကိုကိုကြီး လုပ်သော ကိစ္စကို မြအေးကမလုပ်၊ မြအေးလုပ်သောကိစ္စကို မင်းကိုနိုင်က ကန့်ကွက်နှင့် ၄င်းတို့ တစ်ဦးချင်းဝင်ငွေရအောင်သာ ကြိုးစားနေသည်ကို တွေ့ရမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်သည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ခေါင်းဆောင်မှု အောက်တွင် ဘုံလမ်းစဉ်၊ ဘုံမူဝါ ဒကိုအခြေခံလျက် ပါတီများ အကြား မဟာမိတ် (သို့မဟုတ်) မိတ်ဆွေပါတီဖွဲ့စည်းနိုင်ရေးမှာ အလှမ်းဝေးနေဆဲဖြစ်သည့်အပြင် တိုင်းရင်းသားပါတီများနှင့်ဆက် ဆံရေးသည်လည်း အေးခဲနေဆဲ ဖြစ်ကာ လူထုထောက်ခံမှု ဆက်တိုက် ကျဆင်းလျက်ရှိသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၏ ပကတိအရှိ တရားနှင့်ဖွဲ့စည်းမှုတို့သည် ၂၆ နှစ်သက်တမ်းရှိပြီဖြစ်သော ကမ္ဘာ ကျော် မြန်မာ့ဒီမိုကရေစီအရေး တော်ပုံကြီးနှင့် အစပ်အဟပ် မတည့်ဖြစ်နေသည်ကို ဝမ်းနည်း ဖွယ်တွေ့ရှိရသည်။ လှုပ်ရှားမှု များနောက်သို့ ခြေရာကောက် လိုက်ပါရင်း မိမိကိုယ်ကိုယ်တည် ဆောက်ရေးနှင့် ပါတီ (သို့မဟုတ်) အဖွဲ့အစည်းတည်ဆောက်ရေး တွင် ဟာကွက်များ၊ အားနည်း ချက်များကိုပိုက်မိလျက်ရှိနေဆဲ ဖြစ်သည်။

NLD နှင့် ၈၈ အဖွဲ့အစည်းအနေဖြင့် လွန်ခဲ့သော ၃၆၅ ရက်အတွင်း မိမိ၊ မိမိအဖွဲ့အစည်းနှင့် မိမိဆက် စပ်အဖွဲ့အစည်းများသည် မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲအ တွက် ပြည်သူလူထုကိုမျက်နှာမူ လျက် မည်၍မည်မျှလုပ်နိုင်ခဲ့ သည်ကိုလည်းကောင်း၊ တိုင်းပြည်နှင့်ပြည်သူလူထု၏ အကျိုးအ တွက် မည်ရွေ့မည်မျှ လုပ်နိုင်ခဲ့သည်ကိုလည်းကောင်း၊ မိမိနှင့်မိမိ ပတ်ဝန်းကျင်တွင် မည်ရွေ့ မည်မျှနိုင်ငံရေး
အသိအမြင် ရေ ချိန် တက်လာသည်ကိုလည်း ကောင်း၊ စနစ်တကျ ချဉ်းကပ် ဆန်းစစ် သင့်သည်။

ဒီမိုး၊ ဒီလေ၊ ဒီလူများနှင့် ဒီပုံစံအတိုင်းသွား မည်ဆိုလျှင် နောက်ထပ် ၂၆ နှစ်ကြာသည့်တိုင်အောင် NLD ပါတီနှင့် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ အပြောင်းအလဲသည် ခယောင်းလမ်းထက်တွင်ပင်ရှိနေ ဦးမည်ဖြစ်သည့်အပြင် ပြည်သူကို မျက်နှာမူသော ဒီမိုကရေစီအ ပြောင်းအလဲသည်လည်း ရေပေါ် အရုပ်ရေးသကဲ့သို့သာ ရှိဦးမည် ဖြစ်သည်။ 

ရှစ်လေးလုံး ငွေရတုကြေညာစာ တမ်းတွင်ဖော်ပြထားသော လို အပ်သည်ဟုအလေးအနက်ခံယူ သည့်အချက်သုံးချက်ကို ရေရှည် အမြင်၊ ရေရှည်မျှော်မှန်းချက်ဖြင့် ဖော်ဆောင်နိုင်ရန် လိုအပ်သည့် နည်းတူ ရေတိုလုပ်ငန်းစဉ်၊ ရေတိုစီမံချက်များနှင့်အတူ လုပ်ငန်း ဆောင်ရွက်ချက်များအား ပြည်သူ လူထုကိုစနစ်တကျအသိပေးနိုင် ရန် ပဓာနကျသည်။ ငွေရတုကြေညာစာတမ်းပါ ဆုံး ဖြတ်ချက်များ အကောင်အထည် ဖော်မှုအပိုင်းတွင် အားရကျေနပ် ဖွယ်မရှိ၊ အပြောသာရှိပြီးအလုပ်မရှိသောသူများဟု ကောက်ချက်ပြုရမည် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် NLD အပါအ၀င် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့် အပြောများကိုလျှော့ကာ အလုပ်များဖြင့် ပြည်သူလူထုသို့ သက်သေပြသင့်ပြီး အစိုးရမှ ဘာလာလာ အတိုက်အခံလုပ်မည်ဟူသောစိတ်ထားများဖြင့် ဆက်လက်လုပ်ကိုင်နေပါက ၄င်းတို့၏လားရာမှာ စိတ်မကောင်းဖွယ်ရာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

- ဒေါက်တာ ရန်မျိုးသိမ်း
- 7Days News Journal

2 comments:

88 အရေးအခင်းသာ မဖြစ်ခဲ့ရင်
ဒေါ်စုလဲသူ့အဖေ အမည်သူမေ့နေတဲ့အင်္ဂလိပ်မကြီးဖြစ်နေလောက်ပြီ
မင်းကိုနိုင်ဆိုရင် ဌာနတစ်ခုခုမှာရုံးအကူတော့ဖြစ်လောက်ပြီ
မြအေးဆိုဆူးလေဘုရားနားမှာဗယာကြော်သေးသေးလေးတွေ
ရောင်းတဲ့သူဖြစ်လောက်ပြီ
ကိုကိုကြီးဆို ရထားပေါ်လျှက်ဆားရောင်းနေလောက်ပြီ
မိုးသီးဇွန်ဆို ဆိပ်ကမ်းကုန်တင်ကုန်ချသမားကြီးဖြစ်လောက်ပြီ
ဌေးကြွယ်ဆိုရင် ဆိုက်ကားဆရာကြီးတော့ဖြစ်လောက်ပြီ
၈၈ အရေးအခင်းဟာ တကယ်တော့သူတို့အတွက်အဖိုးမဖြတ်နိုင်တဲ့ဖြစ်စဉ်တစ်ခုပဲ

မင်းက​တော့ဖင်​လည်​ခံ​နေရပြီ​နော်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်