မတွေ့တာ ဆယ့်လေးငါးနှစ်လောက် ကြာပြီဖြစ်တဲ့ မိတ်ဟောင်း၊ ဆွေဟောင်းတစ်ယောက် လာလည်ပါ တယ်။ သူက ရာထူးကြီးတစ်ခုကနေ ပင်စင်ယူပြီးတဲ့နောက် အနားမယူဘဲ ကုမ္ပဏီတစ်ခုတည်ထောင်ပြီး စီးပွားရေးလုပ်နေတာကြောင့် မတွေ့ဖြစ်ကြတော့တာပါ။ အခုမှ အသက်ကလည်း ၇ဝ ကောင်းကောင်းကြီး ကျော်နေပြီဖြစ်တာကြောင့် သားသမီးတွေလက်ထဲ အားလုံးလွှဲပြီး လုံးလုံးကြီး အနားယူလိုက်တာလို့ ပြောပါ တယ်။အအိုမြန်လိုက်တာ ‘ကျုပ်တို့ သက်တမ်းကလူတွေ တယ် မတွေ့ရတော့ဘူးဗျ၊ ဆုံးသွားတဲ့လူနဲ့၊ ဘုန်းကြီးဝတ်သွားတဲ့လူနဲ့၊ ရိပ်သာမှာပဲ အမြဲနေတဲ့လူနဲ့ အားလုံးဆုံကြဖို့တော့ မလွယ် တော့ဘူး’ သူက မန္တလေးကိုလည်း ရောက်သေးတဲ့အကြောင်း၊...