From :
..rfa
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလန်ဆောင်အရပ်၊ စမဲဒန်း ၅ လမ်းမှာရှိတဲ့ Masterpiece Garment and Textile Co. Ltd. အထည်ချုပ်စက်ရုံ အရှုံးပေါ်ပြီး ပိတ်ရတော့မှာဖြစ်တာကြောင့် အလုပ်ပြုတ်သွားကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၅၀၀ ကျော၊် လျော်ကြေးတစ်စုံတစ်ရာရရေးအတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးက ကူညီဆောင်ရွက်ပေးနေပါတယ်။
မြန်မာပြည်သား အလုပ်သမား ၅၅၀ ကျော်ခန့်ရှိတဲ့ အဲဒီစက်ရုံက အလုပ်သမားတွေကို ပြီးခဲ့တဲ့ဧပြီလ ၃ ရက်နေ့မှာ စက်ရုံတာဝန်ရှိသူတွေက အစည်းအဝေးခေါ်ပြီး ဧပြီလ ၁၀ ရက်နေ့မတိုင်ခင် စက်ရုံကိုပိတ်သိမ်းတော့မှာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
အခုလို ရုတ်တရက်စက်ရုံပိတ်မယ်လို့ ပြောလာတာကြောင့် အလုပ်သမားတွေဟာ အလုပ်သစ်ရှာဖို့ ခက်ခဲသွားသလို၊ နစ်နာကြေးရရှိဖို့အတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။ မြန်မာသံရုံးအနေနဲ့ အလုပ်သမားတွေ နစ်နာကြေးရရှိရေးအတွက် ကြားခံညှိနှိုင်းပေးခဲ့သလို နယ်စပ်ဖက်ကို ပြန်သွားလိုသူတွေအတွက်လည်း ကူညီစီစဉ်ပေးခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားရေးအရာရှိ ဦးကျော်ကျော်လွင်က ပြောပါတယ်။
အဲဒီစက်ရုံ အလုပ်သမား ၅၅၀ ကျော်မှာ ပြီးခဲ့နှစ် ဧပြီလ ၆ ရက်နေ့ကရောက်လာတဲ့ မြန်မာအလုပ်သမား ၉၄ ဦးသာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MOU နဲ့ လာတဲ့သူတွေဖြစ်ပြီး သူတို့အထဲက ၃၆ ကို မြန်မာပြည် ပြန်ပို့ပေးရမယ်လို့လည်းသိရပါတယ်။ လက်ရှိမှာတော့ အလုပ်သမားတွေကို စက်ရုံက နစ်နာကြေးအဖြစ် လုပ်အားခတစ်လစာ လျော်ကြေးပေးမယ်လို့ စက်ရုံဖက်ကပြောတဲ့အကြောင်း အလုပ်သမားတစ်ဦးက ပြောပါတယ်။
အလုပ်သမားဦးရေ ၅၀၀ လောက်က နစ်နာကြေးအဖြစ် တစ်လစာ ဘတ်ငွေ ၉၀၀၀ ကို လက်ခံခဲ့ပေမယ့် နှစ်ကြီးအလုပ်သမားဦးရေ ၃၀ လောက်ကတော့ လက်မခံကြောင်းနဲ့ သူတို့အခွင့်အရေးအတွက် ထိုင်းအစိုးရ အလုပ်သမားရုံးအကူအညီနဲ့ တရားရင်ဆိုင်တောင်းဆိုဖို့ ပြင်ဆင်နေကြတယ်လို့သိရပါတယ်။
.. www.MyanmarExpress.net

4 comments:
ဒီနေ့ကြားရတဲ့ သတင်းကတော့ဗျာ့ 
တောင်ကုတ်မြို့နယ် တရားရုံးကအမှုတစ်ခုကို စီရင်ချက် ချမှတ်တယ်။ အမှုက ဓါတ်ဆီ ၅ ပုလင်းကိုတရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ဒေါ်ခင်မေဦးကို မီးသတ်ဦးစီးပါ ပူးပေါင်း အဖွဲ့က ဖမ်းဆီးအရေးယူမှုပြုလုပ် ခဲ့ရာ ၎င်းအမှုအတွက် တရားသူကြီးကို နှစ်သိန်းကျပ် ပေးရသည့်အပြင် ဒဏ်ငွေ တစ်သိန်း ပေးဆောင်ရန် စီရင်ချက် ချမှတ်ခဲ့ပါတယ်။
ဒေါ်ခင်မေဦး၏ပြောပြ ချက်အရ ဓါတ်ဆီ ၅ ပုလင်းဖမ်းဆီခံရမှုမှာ တရားရုံးကိုပေးရသည့်ငွေ ၄ သိန်းခန့်ရှိ ကြောင်း သရှိရသည်။
လုပ်ကိုင်ခွင့်အာဏာကို အကြောင်းပြပြီ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် ပြည်သူ့ ဝန်ထမ်း၏ ကျင့်ဝတ်သိက္ခာ နှင့် ကိုက်ညီမှုမရှိသညိကို အများသိအောင် ပြောပြခြင်း ဖြစ်ပါသည်။

1-IT IS A GREAT NEWS TO READ ABOUT
MYANMAR EMBASSY OFFICIALS HELPING
MYANMAR WORKERS IN THAILAND.
2-MANY NON OFFICIAL TRAVELERS/SEAMEN
ENCOUNTERED MANY PROBLEMS IN ALL OVER
THE WORLD BUT NEVER GET HELP FOR
MANY YEARS;LOSS BENEFITS AND WAGES;
UNTIL PRESIDENT U THEIN SEIN IN
OFFICE
3-MYSELF ENCOUNTERED THE SIMILAR PROBLEM
IN SINGAPORE;COMPANY DID NOT PAY MY
EARNING ABOUT $10,000. COMPANY GAVE ME
ALL BOUNCE CHEQUES.I COULD NOT FIND HELP.
AT LAST I HAVE NO CHOICE AND I WROTE A
LETTER TO PRIME MINISTER ME LEE QUAN YU
FOR HELP.ONE OF HIS SECRETARY REPLIED
BACK MY LETTER BUT I LOSS ALL MONEY
BECAUSE COMPANY CLOSING DOWN.ANY HOW
THANK VERY MUCH TO MR LEE QUAN YU AND THE
GOVERNMENT OF SINGAPORE.
4-BUT ONE THING IS VERY GOOD IN THOSE DAYS
WE CAN TRAVEL TO THAILAND,MALAYSIA AND
SINGAPORE WITHOUT VISA.AT THAT TIME
MYANMAR WAS NOT THE MEMBER OF ASIAN
COMMUNITY.SURPRISINGLY NOW WE NEED VISA
AFTER MYANMAR IS THE ONE OF THE ASIAN
MEMBERS.
5-HOPING ALL MYANMAR EMBASSIES IN ALL OVER
THE WORLD HELPING OUR NATIONALS AS AND
WHEN NEEDED.
6-WE ALL HAVE LOT OF FREEDOM AND BEBEFITS
UNDER THE NEW DEMOCRATIC DEMOCRATIC
PRESIDENT U THEIN SEIN GOVERNMENT.
7-I LIKE TO SINCERELY REQUEST TO ISSUE
OUR MYANMAR PASSPORT FOR VALID TEN YEARS
INSTEAD OF 5 YEARS AND MUCH MORE LESS PAPER
WORK.THANKS FOR THE NEW RULES REDUCTION
FOR EDUCATION CLEARANCE,TAX FORMS 17 AND 19
8-WAKE UP ALL MYANMAR,CITIZEN.
9-WE ALL LOVE OUR COUNTRY AND OUR PEOPLE OUR
FAITHS AND OUR CULTURE AND PROTECT/DEFEND
OUR COUNTRY UNDER ONE UNITED GROUP/FORCE.
WITH MYITTA
အားလုံးမှတ်ထား ဗမာ ဆို တာ ခွေး အျမိုး
သတောင်းစား
ခွေး ။ဗမာ ။ကုလား အားလုံး အတူတူ ဘဲ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်