Subscribe to our RSS Feed

မိတ္ထီလာပဋိပက္ခနှင့် ပတ်သက်၍ အမှုပေါင်း၂၁ မှု စစ်ဆေး

From : ..the voice

မိတ္ထီလာပဋိပက္ခ စတင်ဖြစ်ပွားသည့် ရွှေအရောင်းအဝယ်ပြဿနာ၊ ဘုန်းကြီးတစ်ပါးကို သတ်၍ မီးရှို့သည့် ကိစ္စရပ်များ အပြင် အပြန်အလှန်မီးရှို့မှု၊ လုယက်မှု များအပါအဝင် အမှုပေါင်း ၂၁ မှုကို အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း တရားဥပဒေ စိုးမိုးရေးကော်မတီ ထံမှ စုံစမ်းသိရသည်။

ရွှေအရောင်းအဝယ်မှ စတင်ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပါဝင်ပတ်သက် သူ လေးဦး ကျူးလွန်သည့် ပစ္စည်းယူခြင်း၊ ဒဏ်ရာရစေခြင်း၊ ဆဲဆိုခြင်းတို့ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂၊ ၃၁၆၊ ၂၉၄ တို့အရ မိတ္ထီလာမြို့နယ် တရားရုံးတွင် စတင် စစ်ဆေးလျက်ရှိကြောင်း အဆိုပါကော်မတီ ထံမှ သိရသည်။
တရားရုံးတွင် ဧပြီလ ၈ ရက်နေ့မှ စတင်ကာ သက်သေများကို စစ်ဆေးလျက် ရှိနေပြီး သက်သေ ၁၅ ဦးကို နှစ်ရက် အတွင်း အပြီးစစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါကော်မတီထံ စုံစမ်းသိရှိရသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၂ အရ ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်
နိုင်ကြောင်း ဥပဒေပညာရှင် တစ်ဦးက ဆိုသည်။ အဆိုပါဖြစ်စဉ်တွင် ပါဝင်သူလေးဦးအနက် တစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်း တရားဥပဒေ စိုးမိုးရေးကော်မတီ မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက်နေ့ က ဘုန်းကြီးတစ်ပါးကို သတ်ပြီးမီးရှို့မှုတွင် ပါဝင်ကျူးလွန်သူမှာ ကိုးဦး ဖြစ်သော်လည်း သုံးဦးမှာထွက်ပြေးတိမ်းရှောင်လျှက် ရှိကြောင်း ၄င်းကဆိုသည်။

အဆိုပါအမှုအား ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂၊ ၄၃၆၊ ၁၁၄ အရ မိတ္ထီလာခရိုင် တရားရုံးတွင် စတင်စစ်ဆေးလျက် ရှိကြောင်း နှင့် ပုဒ်မ ၃၀၂ မှာ သေဒဏ်အထိ အပြစ်ပေးနိုင်ပြီး ပုဒ်မ ၄၃၆ အရ တစ်သက်တစ်ကျွန်း ချမှတ်နိုင်ကြောင်း ဥပဒေပညာရှင် တစ်ဦးက ပြောဆိုသည်။
"ပြစ်မှုကျူးလွန်ရာမှာ တစ်ဦးထက် ပိုရင် ကျန်တဲ့သူတွေအားလုံး အားပေးကူညီသူ အဖြစ်ပါ သွားပြီးတော့ ပြစ်မှုကျူးလွန်သူကို ပေးတဲ့ပြစ်ဒဏ်အတိုင်း ချမှတ်နိုင်တယ်" ဟု ၄င်းကဆိုသည်။

မိတ္ထီလာဖြစ်ရပ်နှင့်ပတ်သက်၍ အမှုပေါင်း ၂၁ မှုတွင် အပြန်အလှန် မီးရှို့မှု မှာ ၁၉ မှုရှိကြောင်း တရားဥပဒေစိုးမိုး ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ မိတ္ထီလာအရေးအခင်း နှင့်ပတ်သက်၍ အစီရင်ခံစာနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်များကို မကြာမီထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မိတ္ထီလာမြို့ဈေး အရှေ့ပြင် ရပ်ကွက်၊ ဈေးကြီးအရှေ့ဘက်ရှိ ထွန်းထွန်းဦး၊ မြင့်မြင့်အေး၏ နယူးဝိန့်စိန် ရွှေဆိုင်တွင် မိတ္ထီလာမြို့နယ် ကွက်ငယ်အုပ်စု၊ ပြွန်ကောက်ကျေးရွာမှ ဦးခင်မောင်ဝင်း၊ ဒေါ်အေးအေးနိုင်နှင့် အဖော် ဒေါ်ညိုသန်းတို့ ရွှေဆံကုပ် လာရောင်းရာမှ အချေအတင် စကားများရာ ရွှေဆိုင်အုပ်စုမှ စတင်၍ ဦးခင်မောင်ဝင်းနှင့် ဒေါ်အေးအေးနိုင် တို့အား ဝိုင်းဝန်းရိုက်နှက် ခဲ့ရာမှ မိတ္ထီလာ ပဋိပက္ခ စတင်ခဲ့ခြင်း ဖြစ်သည်။


 .. www.MyanmarExpress.net
 

7 comments:

ဘုန်းကြီးသတ်တဲ့ တရားခံကို သေဒဏ်ပေးမှဖြစ်မယ် ။
မဟုတ် ရင် ပြဿနာတွေပိုကြီးလာမယ် ။
မြ အေးနဲ့ ခွေးကိုနိုင် အုပ်စုကိုတော့ ပြည်သူက သေဒဏ်ပေးမှ
ဖြစ်မယ် ။
မဟုတ် ရင် ၈၈ ခွေးယုတ်တွေကြောင့် ပြဿနာက ရှိနေဦးမှာပဲ

ပြသနာကိုမီးမွှေးသော
ဆိုင်ရှင်ကုလားမိသားစုနှင့်
ပဋိပက္ခကြီးထွားလာအောင်
မီးပုံထဲ ဓါတ်ဆီလောင်းသည့်
သံဃာသတ် ကုလားများကို ပြင်းပြင်းထန်ထန်
အရေးယူဆောင်ရွက်ပေးပါ။
ဆူပူအုံကြွမှုဖြင့် ထိန်းသိမ်းထားသည့်
ဗမာများကိုဖြင့် သက်ညှာစွာ ဆောင်ရွက်ပေးပါ။
အမျိုး ဘာသာ သာသနာအတွက်
မခံချင်စိတ်၊ ဒေါသစိတ်တို့ဖြင့်
လက်တုန့်ပြန်မိခြင်းဖြစ်ပါတယ်။

မှန်တယ်။ မြအေး မင်းကိုနိုင် ကိုလုံးဝလက်မခံ ပါ။

ထစ်ကနဲ့ဆိုဘာဖြစ်လို့ ဗလီဦးထုတ်ဆောင်းတာလဲ.......?

Indonesia became Islamic country because of Arab and India muslim traders and businessman mainly. They persuade all Indonesia government officers to convert Islam by their business money and Saudi Arabia and all Muslim government money.
-So All Myanmar government and all Myanmar Buddhist monks and Buddhist people boycott all muslim foods, all muslim shops and all muslim business in Myanmar to prevent Islamization of Myanmar.

သမိုင်းထဲမှာ ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့ အနော်ရထာ မင်းကြီးက ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားအောင် ဆောင်ရွက်ခဲ့တယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီ သမ္မတကြီးနှင့် အစိုးရအဖွဲ့က အပြစ်မဲ့တဲ့ ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးကို သတ်တဲ့ လူရမ်းကားတစ်စုကြေင့် မခံမရပ်နိုင်ဖြစ်ကာ ပြစ်မှုတစ်ခုကို မမျှော်လင့်ပဲ ကျုးလွန်လိုက်ရတဲ ဘာသာချစ်သူရဲကောင်းတွေကို ပြင်ပြင်ထန်ထန် အရေးယူ ဆောင်ရွက်တော့မှာလား...?။ အနော်ရထာမင်းကြီးကရော မြန်မာနိုင်ငံမှာ ဗလီဆောက်ခွင့် ပြုခဲ့ပါသလား..?။ အစ္စလာမ်ဘာသာ အဓိက အများဆုံး ကိုးကွယ်တဲ့ နိုင်ငံတွေမှာရော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနဲ့ စေတီပုထိုးတွေ ဆောက်လုပ်ခွင့် ပြု့ထားပါသလား။ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားပေးပါသလား...?။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပဲပါပါတယ်။ လွတ်လပ်စွာ ဗလီဆောာက်ခွင့် မပါပါဘူး။ ကဲဘယ်လိုလုပ်ကြမလဲ။ အစ္စလာမ် ဘာသာဝင် နိုင်ငံတွေမှာ ဘုရားတည် ကျောင်းဆောက်ခွင့်ပေးမှ မြန်မာနိုင်ငံမှာ ဗလီဆောက်ခွင့် ပေးသင့်တယ်။ ကျုပ်ပြောတာ မှားရင် ကန့်ကွက်နိုင်ပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်ဦး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်