Subscribe to our RSS Feed

အစိုးရနှင့်ကေအိုင်အိုတို့ ဧပြီလကုန်တွင် တွေ့ဆုံဖွယ်ရှိ

From : ..7day

အစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၆ ရက်တွင် မြစ်ကြီးနားမြို့၌ ကျင်းပသွားရန် စီစဉ်ခဲ့သော်လည်း ရက်ရွှေ့ဆိုင်းလိုက်ကာ ဧပြီလကုန်တွင်မှ ပြုလုပ်သွားနိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

နှစ်ဖက်ထပ်မံတွေ့ဆုံဆွေးနွေးရန် အစိုးရဘက်မှ မတ်လကုန်တွင် ကမ်းလှမ်းစာပို့ခဲ့ပြီး မူလတွေ့ဆုံရန် သဘောတူထားသော ဧပြီ ၆ ရက်မှာ လေ့လာသူအဖြစ် အဖွဲ့အစည်းအချို့ တက်ရောက်ရန် အချိန်အခက်အခဲရှိသဖြင့် စုံညီစွာ တက်ရောက်နိုင်မည့်အချိန်တွင်မှသာ တွေ့ဆုံရန် ကေအိုင်အိုဘက် မှ ဧပြီ ၄ ရက်တွင် အကြောင်းပြန်ကြားခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင်ရွှေက ပြောကြားသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းမှာ ဧပြီ ၉ ရက်မှ စတင်ကာ ၂၅ အထိ ဥရောပခရီးသွားရောက်မည်ဖြစ်သဖြင့် ဆွေးနွေးပွဲမှာ ၂၅ ရက်နောင်းပိုင်းတွင်မှ ဖြစ်နိုင်ကြောင်း ဦးလှမောင်ရွှေက ပြောသည်။

“အစည်းအဝေးက လုံးဝ ပျက်သွားတာမဟုတ်ပါဘူး။ နှစ်ဖက်အဆင်သင့်မဖြစ်သေးတဲ့အတွက် ရွှေ့ဆိုင်းလိုက်တဲ့ သဘောပါ။ သင်္ကြန်နောက်ပိုင်းမှာ ဖြစ်နိုင်ပါတယ်” ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

ဆွေးနွေးပွဲရက်ရွှေ့ဆိုင်းလိုက်ရခြင်းနှင့်ပတ်သက်ပြီး ယခု ပြုလုပ်မည့်ဆွေးနွေးပွဲတွင် လေ့လာစောင့်ကြည့်သူများအနေနှင့် ယူအင်န်နှင့် နိုင်ငံကြီးများဖြစ်သော အမေရိကန်နှင့် ဗြိတိန်နိုင်ငံများမှ ကိုယ်စားလှယ်များကိုလည်း ပထမဆုံးအနေဖြင့် ထည့်သွင်းဖိတ်ကြားထားသည့်အပေါ် တရုတ်နိုင်ငံအစိုးရက ကန့်ကွက်သည့်အတွက် ရက်ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်။

ထို့သို့ပြောကြားချက်များကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဧပြီလ ၇ရက်က ထိုသို့ပြောကြားချက်များမှာ မှားယွင်းကြောင်း ပြန်လည်ချေပပြောဆိုထားပြီးဆွေးနွေးပွဲရွှေ့ဆိုင်းရခြင်းမှာ သွားလာပို့ဆောင်ရေး အစီအစဉ်များ အဆင်မပြေသည့်အတွက် ဖြစ်သည်ဟုပြောကြားထားသည်။

ယခုအကြိမ် ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထူးခြားမှုအနေနှင့် ပြည်တွင်း၌ ပြန်လည်ကျင်းပနိုင်ရေးစီစဉ်ခြင်းနှင့်
ယခင်က တရုတ်နိုင်ငံအစိုးရကသာ ကြားခံသက်သေအနေဖြင့် ဆောင်ရွက်ပေးခဲ့ရာမှ ကေအိုင်အို၏ တောင်းဆိုချက်ဖြင့် ကုလသမဂ္ဂကဲ့သို့ အဖွဲ့အစည်းနှင့် ကမ္ဘာ့သြဇာရှိသော နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ဗြိတိန်တို့ကို စောင့်ကြည့်လေ့လာသော တတိယအဖွဲ့အစည်း (Third Party) များအဖြစ် ဖိတ်ကြားခြင်းပင်ဖြစ်သည်။

ပြီးခဲ့သော မတ်လ ၁၁ ရက်က ညဥ့်သန်းခေါင်ကျော်သည်အထိ တရုတ်နိုင်ငံရွှေလီမြို့တွင် နှစ်ဖက်တွေ့ဆုံသော ဆွေးနွေးပွဲ၌ ကေအိုင်အိုဘက်က နောင်ကျင်းပမည့် ဆွေးနွေးပွဲများ၌ ယုံကြည်ရသော ယူအင်န်၊ ယူအက်စ်စသည့်နိုင်ငံများမှ ပါဝင်လာရေးကို တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

ထိုဆွေးနွေးပွဲအပြီးတွင် ဧပြီလ ၁၀ ရက်မတိုင်မီ ထပ်မံတွေ့ဆုံသွားရန်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရသည်အထိ ဆောင်ရွက်ပြီး ခိုင်မာသောငြိမ်းချမ်းရေးရသည်အထိ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် သဘောတူညီခဲ့သည့်အတိုင်း ဧပြီ၆ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မနောကွင်းအတွင်း မဂျွယ်ခန်းမ၌ ဆွေးနွေးပွဲပြုလုပ်ရန် အားလုံးပြင်ဆင်ပြီးမှ ရက်ကိုရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။


 .. www.MyanmarExpress.net
 

6 comments:

ဗုဒ္ဓအစွန်းရောက်ဗမာနဲ့ရခိုင်တွေကိုလုံးဝမယုံပါနဲ့။လွယ်လွယ်နဲ့ယုံခဲ့ကြလို့ဗုဒ္ဓဘာသာမဟုတ်တဲ့တိုင်းရင်းသားတွေနဲ့လူမျိုးခြားတွေအခုလိုဒုက္ခရောက်နေရတာပါ။ဗမာနဲ့ရခိုင်ဗုဒ္ဓတွေကကဓိလွယ်လွယ်ပေးပီနောက်ကဓိဖျက်တဲ့လူမျိုးတွေဆိုတာသမိုင်းကသက်သေပြနေတယ်ဆိုတာမမေ့ကြပါနဲ့။

yup u right .never trust them fucking bama people ,where ever they go ,even in US
they like cheating ,stealing
u can c in malay too

စောက်ဦးနှောက်မရှိတဲ့လူဘဲ။မင်းနေတာဗမာပြည်ဆိုတာမမေ့ပါနဲ့။စောက်ချီးစားရယ်။

စိန်ကောင်းကျောက်ကောင်းရောင်းတဲ့နေရာ စောက်ကုလားဆေးရိုးသယ်ကလာရှုတ်ပြန်ပြီ မင်းတို့မွတ်တွေပဲ ဘာသာတိုင်းနဲ့ ပြသနာဖြစ်တယ်
ဆိုတာတစ်ကမ္ဘာလုံးသိတယ် ကချင်တွေမသိရင်ဘာသာတူအစ္စရေးတွေမေးကြည့်ပေါ့ ငါတို့တိုင်းရင်းသားချင်းစကားပြောမယ် မဆိုင်တဲ့ခွေး
လာမဟောင်နဲ့ အလာဆိုတဲ့ကောင်ရှိတဲ့ငရဲပို့လိုက်မယ်

ခွေးကုလား လီးကုလား လာဟောင်မနေနဲ့ မင်းတို့ မွတ်စုတ်တွေ မျိုးပြုတ်စေရမယ် မင်းတို့ခေါင်းဆောင်ကြီး ဖါစုကြည်က မင်းတို့ကို အားပေးနေလည်း ငါတိုမြန်မာ တွေက ကိုယ့်တာဝန်ကိုယ်ဆက်လုပ်ရမှာပဲ

ဒီ KIO လောက်ကိုတောင် အပြတ်မရှင်းနိုင်တာဟာ ဘယ်သူတွေရဲ့ လိုအပ်ချက် အားနည်းချက် တွေလဲ
မြန်မာစစ်ခေါင်းဆောင်များ ပြန်သုံးသပ် သင့်ပါတယ် သူခိုး ဂျပိုးတွေ အခွင့်အရေးတောင်းတိုင်း လုပ်ပေး နေရင် ဖါတိုင်းပြည် ဖြစ်လိမ့်မယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်