Subscribe to our RSS Feed

ရှစ်လေးလုံး သမိုင်းအမှန်ကို သိချင်စိတ်ရှိသည့် သတင်းထောက် စစ်စစ် တစ်ယောက်ပဲ လိုသည်

From : .. ပြည်သူ့အာဏာ
 
ဒီကနေ့  ဘီဘီစီက ရေးသားဖော်ပြလိုက်တဲ့ ၈၈ခုနှစ် အရေးအခင်းမှာ လူထုကို ဦးသိန်းစိန် ပစ်ခတ်နှိမ်နှင်းခဲ့သလားဆိုတဲ့ ဆောင်းပါးဟာ ဖော်ပြပြီး ၅နာရီလောက်အကြာမှာပဲ ဘီဘီစီ ပေ့ခ်ျမှာ ၀ိုင်းဝန်းအားပေး ထောမနာပြုကြတဲ့
ဖေ့စ်ဘုတ်ကာတွေရဲ့ ကောမန့် များအောက်မှာ ဘီဘီစီ အနေနဲ့  အတော်ကို ဂွမ်းသွားခဲ့ပါတယ်။

အဓိပ္ပာယ်ကတော့ ဒီကနေ့ လူထုဟာ ၁၉၈၈ ခုနှစ် လူထု မဟုတ်တော့သလို
ဒီကနေ့ ခေတ်ဟာလဲ စတုတ္ထမဏ္ဍိုင် တစ်ခုတည်းသာမက ပဉ္စမ မဏ္ဍိုင် လူမှုကွန်ယက်တွေပါ ပေါ်ပေါက်နေတဲ့ ခေတ်ကို ရောက်ရှိနေပြီမို့ လို့ ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၂၆ နှစ် အချိန်ကာလကတော့ ဒီလိုမဟုတ်ခဲ့ပဲ
ဘီဘီစီ ပြုသမျှ ကျွန်တော်တို့ နုခဲ့ရဖူးပါတယ်။

တိတိကျကျ ပြောရရင်တော့ ၁၉၈၈ခုနှစ် သြဂုတ်လ ၆ရက် ည ၈ နာရီ ၄၅ မိနစ် မြန်မာပိုင်းအစီအစဉ် ကဏ္ဍ ထုတ်လွှင့်ချက်ပါ။

သတင်းကတော့ အင်းစိန်ထောင်ထဲမှာ လုံထိန်းများက အကြိမ်ကြိမ် မုဒိန်းပြုကျင့်ခံခဲ့ရပါတယ်ဆိုတဲ့ မိန်းကလေးများနဲ့  တွေ့ ဆုံခန်းကို ထုတ်လွှင့်လိုက်တာပါ။

ကျွန်မ ဘေးအခန်းက မိန်းကလေးတွေရဲ့ သနားစဖွယ် အော်ဟစ် ငိုရှိုက်
တောင်းပန်သံတွေကို ကြားနေရတယ်။ ကျွန်မတို့ ကို တစ်ယောက်ပြီး တစ်ယောက် အကြိမ်ကြိမ် ၀င်လာ မုဒိန်းကျင့်နေတယ်။ မုဒိန်းကျင့်ခံရတဲ့  မိန်းကလေး ကိုးယောက်မှာ သုံးယောက်က ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီး
ကျန်တဲ့သူတွေမှာ ကိုယ်ဝန်ဖျက်ချတဲ့သူဖျက်ရ၊ ဘ၀ပျက်တဲ့ သူ ပျက်ရ ဆိုတဲ့ အကြောင်း ကာယကံရှင် မိန်းကလေးကိုယ်တိုင် ရှင်းပြနေတာကို
ထုတ်လွှင့်ပေးလိုက်တာပါ။

တစ်ပြည်လုံးက ပြည်သူတွေဟာ သတင်းကို နားထောင်နေရင်း နားထောင်နေရင်း ခြေဖျားလက်ဖျားတွေ အေးစက်လာပါတယ်။ ပတ်ဝန်းကျင်လေထုဟာ ရုတ်တရက် ငြိမ်ကျသွားတယ်။

လူတွေအားလုံးရဲ့ မျက်နှာဟာ တစ်စ တစ်စ တင်းမာလာကြတယ်။
တစ်ချက်တစ်ချက် ကျတော့ စုပ်သပ်သံလေး သဲ့သဲ့ ကြားရတယ်။
နားဆင်နေရင်းပဲ တစ်ချို့ ကတော့ မျက်ရည်တွေကျနေကြတယ်။
သတင်းအပြီးမှာတော့ အားလုံးရဲ့ မျက်နာဟာ အံကြိတ်ထားလို့ 
မေးကြောကြီးတွေ ထောင်ထောင်ထ မျက်လုံးတွေကလဲ မီးတောက်မီးလျှံတွေလို ရဲရဲနီ ကုန်ကြပါပြီ။

ဒီလောက်ဆိုရင်တော့ နောက်တစ်နေ့  လမ်းမတွေပေါ်မှာ ဘာတွေဆက်ဖြစ်ကုန်မလဲ ကျွန်တော်တို့ မှန်းဆလို့ ရနိုင်ပါပြီကော။

ကောင်းပါပြီ။ ဒီသတင်း ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ ဘယ်လို အသံသွင်းယူခဲ့ကြသလဲ။ ကျွန်တော်တို့ တစ်ချက် လောက် နောက်ကြောင်းပြန် ကြည့်ကြရအောင်ပါလား ခင်ဗျာ။

ဘီဘီစီ သတင်းထောက် ခရစ္စတိုဖာ ဂါးနက်ဟာ ၁၉၈၈ခုနှစ် သြဂုတ်လထဲမှာ …
စမ်းချောင်းမြို့ နယ် ၊ ကျွန်းတောတောင်ရပ်ကွက် ချမ်းသာလမ်း ၊အိမ်အမှတ် ၁၈ …
ကိုအောင်မျိုးထွန်း ရဲ့ နေအိမ်မှာ ဒီရေဒီယို ထုတ်လွှင့်ချက် အစီအစဉ်ကို အသံသွင်းဖို့ လုပ်ခဲ့ကြပါတယ်။

စီစဉ်သူက ကိုနေမင်း၊ ၀ိုင်းဝန်း ကူညီဆောင်ရွက်သူတွေက ကိုတင်မောင်ထွေး ၊ ကိုဌေးအောင်၊ကိုဌေးကြွယ် နဲ့  ကို ကိုကိုလတ်တို့ ဖြစ်ကြပါတယ်။
အမျိုးသမီး တွေကတော့ မအေးငြိမ်းသူ နဲ့ တစ်ခြားကျောင်းသူ တစ်ဦး ဖြစ်ပါတယ်။

မအေးငြိမ်းသူ က အကူအညီတောင်းလို့  ဘုမသိ ဘမသိ အသံသွင်းခဲ့တဲ့သူပါ။
အသံလွှင့်အစီအစဉ် မစတင်မီ အဲဒီ မုဒိန်းကျင့်ခံရတဲ့ မိန်းကလေးတွေနဲ့ 
တွေ့ ချင်တယ်လို့ ပြောတော့ အသံသွင်းပြီးရင် လိုက်ပို့ ပေးမယ်လို့ ပြောပြီး
စာရွက်မှာရေးထားတာတွေကို ဖတ်ပြ၊ စိတ်တိုင်းကျ အသံသွင်းပြီးတဲ့ နောက်မှာ အချိန်မရတော့လို့  နောက်မှပဲ ပို့ တော့မယ်လို့ ပြောပြီး မလိမ့်တပတ်လုပ်၊
ရှောင်ထွက်သွားခဲ့တယ်လို့  ဆိုပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အသံသွင်းတာကတော့ အောင်မြင်စွာ ပြီးစီးသွားခဲ့ပါပြီ။
ကြိုတင် နှပ်ကြောင်းပေး လှုံ့ ဆော်နေတဲ့  ၈.၈.၈၈ ရက်နေ့ မတိုင်မီ တစ်ရက်အကျော် ၆.၈.၈၈ ရက်နေ့ မှာ ဒီအသံလွှင့်ဇာတ်လမ်းကို ဗုံးခွဲသလို
ဖောက်ခွဲ ထုတ်လွှင့်ပြစ်ခဲ့ပါတယ်။

နောက်ပိုင်း ဘာတွေဆက်ဖြစ်ကုန်သလဲဆိုတာတော့ ၈၈ ကို မီတဲ့သူတွေ အားလုံး သိကြပါတယ်။

သမိုင်းဟာ ညာလို့ မရပါဘူး။ ဒီကိစ္စထဲပါခဲ့တဲ့  ၈၈ မျိုးဆက် ကိုဌေးကြွယ်တို့ လဲ
အခု လက်ရှိ ငုတ်တုတ်ကြီး ရှိနေတာပါပဲ။

ဟုတ်မဟုတ် ဆိုတာ သမိုင်းအမှန်ကို သိချင်စိတ်ရှိတဲ့  သတင်းထောက် တစ်ယောက် က သွားမေးကြည့်ရဲဖို့ ပဲ လိုပါတယ်။

၈၈ အရေးအခင်းမှာ သင်ရော လိပ်ပြာလုံခဲ့ပါသလား ဘီဘီစီ …..?????? ။

၈၈ အရေးအခင်းမှာ သင်ရော လိပ်ပြာလုံခဲ့ပါသလား ကိုဌေးကြွယ် …..?????? ။ 


 .. www.MyanmarExpress.net
 

3 comments:

စောက်ရူးတွေ သေကြတာဘဲကောင်းပါတယ်

များများတင်ပေးပါ

၈၈ က အလိမျအညာပါ။စင်ကာပူမှာရောက်နေတဲ့ကိုလတ်ကပြောဘူးတယ်။အင်းစိန်လမ်းမပေါညနေ နေဝင်ရိုးရီ Hiluxကားရှေ.အဖုန်းပေါ်အမျိုး
သမီးတယောက်လှဲနေခိုင်းဗိုက်မှာခေါင်းအုံးထဲ့ ကိုယ်ဝန်တင်အောင်လုပ်.ပြီးရင်ဆေးနီချယ် ပါးစပ်ကအော်
စစ်တပ်ကပြစ်လို့ ကိုယ်ဝန်သည်သေတော့မယ်ဆိုတော့ကြားရသူစိတ်ဆိုးတာပေါ့။၈၈တုံးကပါ။နော်ဝေကတူမောင်ညိုတို့ မွနိးအောင်တို့ကောပါတယ်ဆိုပဲ၊

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်