Subscribe to our RSS Feed

အချိုးကျကိုယ်စားပြုစနစ် အောင်မြင်မည်ဟု ပြည်ခိုင်ဖြိုးအမတ် ဦးလှဆွေပြောကြား

From : ..TLN


ပြည်သူ့လွှတ်တော်တွင် ဆွေး နွေးလျက်ရှိသည့် အချိုးကျကိုယ်စား ပြုစနစ် (PR) မြန်မာနိုင်ငံတွင် ကျင့် သုံးမည်ဆိုပါက အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း မကွေးတိုင်း ဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားလိုက်သည်။

“အခုသုံးနေတဲ့ FPTP စနစ်ဆိုတာ မြင်းပွဲလိုပဲ နှာတစ်ဖျားသာတာနဲ့ ကျန်တဲ့မြင်းတွေက ဘာဆုမှ မရတော့ဘူး။ အဲဒီတော့ မျှတမှုမရှိဘူး လေ။ ဒါပေမဲ့ အခုဆိုရင် PR စနစ်သာ အကောင်အထည်ပေါ်မယ်ဆို ရင် ဒီလိုပြဿနာတွေ မရှိတော့ဘူး။ အဓိကက တိုင်းရင်းသားတွေနဲ့လည်း အဆင်ပြေနိုင်မယ့် PR စနစ်ကိုပြန်ပြီး ရေးဆွဲရမှာပေါ့”ဟု မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ် စားလှယ်ဦးလှဆွေက ဆိုသည်။

လက်ရှိ ပြည်သူ့လွှတ်တော်တွင် PR အမျိုးအစား ၄ မျိုးကို ပီအာစ နစ်ကျင့်သုံးရေး လေ့လာမည့်ကော်မရှင်က အဆိုပြုထားပြီး တိုင်းရင်းသားများနှင့် အဆင်ပြေနိုင်သည့် ပုံစံမျိုး ဖြစ်သင့်သည်ဟု ၎င်းင်းကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ ရွေးကောက် ပွဲများတွင် မဲအများဆုံးရသော ကိုယ် စားလှယ်က အနိုင်ရသော First Pass The Post (FPTP) စနစ်အားစ ကျင့်သုံးနေပြီး ယခုအခါ အချိုးကျ ကိုယ်စားပြုမှုစနစ် Proportional Representation (PR) စနစ်အား ကျင့်သုံးရန် အငြင်းပွားနေခြင်းဖြစ်သည်။
ပီအာရ်စနစ်ကို ဇွန်လ ၁၁ ရက် နေ့က အမျိုးသွားလွှတ်တော်တွင် အတည်ပြုလိုက်ပြီး ယခု ပြည်သူ့လွှတ်တော်တွင် အဆိုပါစနစ်အား ကျင့်သုံးရန် လေ့လာသုံးသပ်သည့် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။


.. www.MyanmarExpress.net
 

1 comments:

၈၈ အရေးအခင်းဆိုတာတစ်ပါတီအာဏာရှင်စနစ်ကိုမကြိုက်
လို့ပေါ်ပေါက်ခဲ့တာ
၂၀၁၅ မှာFTPT စနစ်နဲ့ပဲရွေးကောက်ပွဲလုပ်မယ်ဆိုရင် NLD
ကပဲ တော်တော်များများနိုင်သွားမယ်(ဒါဆိုNLD ထောက်ခံသူတွေပျော်စရာပေါ့)
အဲသလိုလဲမဟုတ်သေးဘူး အဲဒီအခြေအနေရဲ့နောက်မှာ
ရှုပ်ထွေးလာမဲ့အခြေအနေတွေအများကြီး ဥပမာ
-NLD လူများစုအစိုးရဖွဲ့နိုင်ပြီ (အနောက်အုပ်စုနှင့်အဆင်ပြေလွန်မည် ထိုမှတဆင့်စွက်ဖက်လာမည် ၊ တပ်မတော်ကိုတနည်းနည်းဖြင့်
ကျောင်းတော်ကရန်စအတွက်ပညာပေးမည် ၊ တပ်မတော်ခေါင်းဆောင်တွေပြုတ် ၊မပြုတ်ရင်လဲနေစရာမရှိနေရာပေးမည်မဟုတ် သွေးကွဲလာလိမ့်မည်
ဲငြိမ်းချမ်းရေးအဖွဲ့များကိုထိမ်းနိုင်လိမ့်မည်မဟုတ်
အထူးသဖြင့်ရခိုင်ပြည်နယ်စိုးရိမ်ရနိုင်သည်
ကံမကောင်းလျှင် တသက်လုံးဖက်ဒရယ်ကိုထိမ်းထားနိုင်ခဲ့ပေမယ့် သဘောအကောင်းလွန်လျှင် (ရှေ့မမြင်တတ်ရင် ပြည်နယ်များကို
ရုရှားပုံစံမျိုးဆုံးရှုံးရလိမ့်မည်)
ယခုထက်ပင်အုပ်ချုပ်ရေးယမ်းဒယားဖရိုဖရဲဖြစ်လာနိုင်
ဒါတွေကအဖြစ်နိုင်ဆုံးပါ
PR ဖြစ်လာခဲ့ရင် အနီးစပ်ဆုံးဒီလိုမြင်ပါတယ်
NLD 46% USDP 26% army 25 %အခြား 3% ဖြစ်လိမ့်မယ်
ညွန်းပေါင်းပုံစံဖြစ်ပြီး အပြန်အလှန် ထိမ်းသွားပြီးတိုင်းပြည်
အဓွန့်ရှည်ဖို့ပါ
အဲဒီမှာ ထပ်ပြီးစားခွက်မလုကြပဲ ချစ်ချစ်ခင်ခင် ဆောင်ရွက်သွားရင် ၂၀၁၈ လောက်ဆိုအားတက်ဖွယ် အနာဂတ်ကို ပြည်သူတွေ
ရေးရေးမြင်မက်ခွင့်ရမှာပါ
PRကို မစားကောင်းတဲ့အသီးလို စွတ်ဝါဒဖြန့်နေတာတွေ
(ရနိုင်သမျှမဲ တရားတာပဲ ငါ့မဲအမှန်)ဆိုပြီး၂၀၁၅ ကို FTPT
နဲ့သွားမယ်ဆိုရင် အခြေအနေအရပ်ရပ်ကခွင့်ပြုလိမ့်မယ်မထင်ပါ
အခြေအနေအရပ်ရပ်ဆိုတာ အပေါ်ကလိုပြသနာစတွေအပါအ၀င်တိုင်းပြည်ကိုအဓွန့်ရှည်စေချင်တဲ့ (စစ်အာဏာရှင်အဓွန့်ရှည်ဖို့မဟုတ်ပါ)အမျိုးသားရေးအင်အားစုတွေရှိနေလို့ပဲဖြစ်ပါတယ် PR ကို လွန်လွန်ကဲကဲဝါဒမှိုင်းတိုက်မှုတွေကိုလျှော့ပြီး အဖြစ်သင့်ဆုံး
အခြေအနေကို လက်သင့်ခံရပါမယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်