Subscribe to our RSS Feed

မြောက်ကိုရီးယား နိုင်ငံ၏ မည်သည့် ကျူးကျော် ရန်စမှု ကိုမဆို တူညီသည့် လက်နက်များဖြင့် တုံ့ပြန် တိုက်ခိုက်သွားရန် အမေရိကန်နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ ပြင်ဆင်ထားပြီး ဖြစ်

From : ..မြဝတီ


ကြီးမား ကျယ်ပြန့်သည့် စစ်ပွဲတစ်ရပ် ဖြစ်ပေါ် စေမှုအား ကာကွယ် တားဆီးသည့် အနေဖြင့်အမေရိကန်နှင့် တောင်ကိုရီးယား နိုင်ငံတို့ကို ဆန့်ကျင်သည့် ခြိမ်းခြောက်မှုများကို မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ဆောင်ရွက် လာပါက ပိုမို ပြင်းထန်သည့် လက်တုံ့ပြန် တိုက်ခိုက်မှု များကို ပြုလုပ်ရေး အစီအစဉ် တစ်ရပ်အား အမေရိကန်နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။ အထက်ပါ အစီအစဉ် အား တန်ပြန်ရန်စမှု (Counterprovocation) ဟုခေါ်ဆိုပြီး မြောက်ကိုရီးယား နိုင်ငံ၏ မည်သည့် ကျူးကျော် ရန်စမှု ကိုမဆို တူညီသည့် လက်နက်များဖြင့် တုံ့ပြန် တိုက်ခိုက်သွားရန် နှိုးဆော်ထားကြောင်းThe New York Times သတင်းဌာနမှ ဧပြီလ ၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ အဆိုပါ အစီအစဉ်သစ် အရ မြောက်ကိုရီးယား နိုင်ငံအနေဖြင့် တောင်ကိုရီးယား နိုင်ငံသို့ အမြောက်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ ပါက တောင်ကိုရီးယား နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံသို့ အမြောက်များဖြင့် တရစပ် ပစ်ခတ်၍ လက်တုံ့ပြန် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အထက်ပါ သတင်း ထုတ်ပြန်ချက်၌ ထပ်လောင်း ဖော်ပြထားပါသည်။

.. www.MyanmarExpress.net
 

3 comments:

ချကြကွာချကြကမ္ဘာကြီးမြန်မြန်ပျက်သွားလည်းအေးရော

Good.we r with Mr.Kim n Putin from Russia.let fight!a he hi.

လေသေနတ်ပြစ်နေကြသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်