Subscribe to our RSS Feed

နိုင်ငံတော် သမ္မတဦးသိန်းစိန် စက်စက်ယို ဆည်ရေသောက်စနစ်၊ စက်မှုလယ်ယာမြေစနစ် ဧက(၉၀၀) ဖော်ထုတ်ရေးလုပ်ငန်းခွင်နှင့် ရေလွှဲဆည် တည်ဆောက်မှုအား စစ်ဆေးကြည့်ရှု အားပေး

From : ..သမ္မတရုံး

နေပြည်တော် ဧပြီ ၉
ယနေ့နံနက် (၇)နာရီက နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်  ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ စက်စက်ယိုချောင်း၏ ဆည်ရေသောက်စနစ် စက်မှုလယ်ယာမြေစနစ် ဧက(၉၀၀) ဖော်ထုတ်ရေးနှင့် ရေလွှဲဆည် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးအားပေးကာ လာမည့် မိုးစပါးရာသီ အချိန်မီ အပြည့်အဝ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရန်အတွက် အကောင်အထည်ဖော်သွားရန်နှင့် ဖောက်လုပ်ထားသည့် ကုန်ထုတ်လမ်းများ၊ ရေမြောင်းစနစ်များကို ရေရှည်ခိုင်ခံ့ကောင်းမွန်ရေးအတွက် ပိုမို တိုးတက် ဆောင်ရွက် သွားရန်မှာကြားခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ထိုမှတဆင့် စက်စက်ယိုရေလွှဲဆည် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး စက်ယန္တရားကြီးများဖြင့် လုပ်ငန်းခွင် တည်ဆောက် အကောင်အထည်ဖော်မှုကို စစ်ဆေးကြည့်ရှု အားပေးရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ရုပ်ပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြသည်။

ဤရေလွှဲဆည် တည်ဆောက်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးကို ကြီးမားစွာ အထောက်အကူရမည့်အပြင် ယခင်က မိုးစပါးတစ်သီးပင် အောင်မြင်စွာ စိုက်ပျိုးနိုင်ခြင်းမရှိဘဲ မိုးတွင်းကာလ နှစ်စဉ်ရေကြီးနစ်မြုပ်သော လယ်ယာမြေဧက (၉၀၀)ကျော်အတွက် ရေနုတ်မြောင်းစနစ်များ ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ မိုးသီးနှံစပါးများအား အောင်မြင်စွာ စိုက်ပျိုးနိုင်မည် ဖြစ်သည့်အပြင် ဤရေလွှဲဆည်၏ ရေကူစနစ်ဖြင့် ကြားသီးနှံ၊ သီးထပ်သီးညှပ်များကိုလည်း အောင်မြင်စွာ စိုက်ပျိုးနိုင်တော့မည် ဖြစ်၍ တောင်သူလယ်သမားများအတွက် များစွာအကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတက လုပ်ငန်းတာဝန် ထမ်းဆောင်နေသော ဆည်မြောင်းဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ နိုင်ငံ့ဝန်ထမ်းများအား အချိုရည်နှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတက လုပ်ငန်းခွင်သို့ ပါဝင်တက်ရောက် လေ့လာကြသည့် Japan International Cooperation Agency (JICA) မှ တာဝန်ရှိသူများအား မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးမှာကြားရာ၌ မြန်မာနိုင်ငံ၏ မြေသယံဇာတ၊ ရေသယံဇာတ ပေါကြွယ်ဝမှုနှင့် အလွန်ဝီရိယကောင်းစွာဖြင့် အလုပ်ကြိုးစား လုပ်ကိုင်ကြသော တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး ထုတ်ကုန်သီးနှံများကို ဂျပန်နိုင်ငံကဲ့သို့ ခိုင်မာသော ဈေးကွက်နေရာ ရရှိရေး Japan International Cooperation Agency(JICA) အနေဖြင့် ကူညီပေးစေလိုကြောင်း။

ယခုစိုက်ပျိုးရာသီ ထွက်ရှိလာသည့် စိန်တလုံးသရက်သီးနှင့် နဂါးမောက်သီးနှံများကို နိုင်ငံတကာစံချိန်၊ စံညွှန်းပြည့်မီစွာဖြင့် ဂျပန်နိုင်ငံဈေးကွက်သို့ နမူနာအဖြစ် မိတ်ဆက်တင်ပို့နိုင်ရေး အတွက် ဂျပန်အစိုးရ အဖွဲ့ဝင်များထံသို့ လက်ဆောင်အဖြစ် ပေးအပ်မည်ကို JICA မှ စနစ်တကျ ပို့ဆောင်ပေးစေလိုကြောင်း။

အထူးသဖြင့် မြန်မာနိုင်ငံ၏ အရည်အသွေးကောင်းသော လယ်ယာကဏ္ဍ ထွက်ကုန်များကို ဂျပန်နိုင်ငံ ဈေးကွက်သို့  မိတ်ဆက်ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ စက်မှုလယ်ယာ ကူးပြောင်းနိုင်ရေး အတွက် ဆောင်ရွက်နေမှုအပေါ်တွင် လည်းကောင်း၊ မြန်မာနိုင်ငံ၏ တောင်သူလယ်သမားများ အတွက် လတ်တလော လိုအပ်ချက်ဖြစ်နေသော အသေးစားငွေချေး လုပ်ငန်းများကိုလည်းကောင်း ထိထိရောက်ရောက် ပါဝင်ကူညီ ဆောင်ရွက်ပေးစေ လိုကြောင်း။

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို အစိုးရအချင်းချင်းရင်းနှီးမှု အဆင့်မှ ပြည်သူလူထုအချင်းချင်း ရေရှည် ချစ်ကြည်ရင်းနှီးမှု အဆင့်အထိ ခိုင်မာအောင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် JICA အကြား နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတ အနေဖြင့် ထောက်ခံအကူအညီ ပေးသွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် စက်စက်ယို ဆည်ရေသောက်စနစ်၊ စက်မှုလယ်ယာမြေ စနစ် စိုက်ကွင်းများ ဖော်ထုတ်နေမှုနှင့် ငလိုက်ဆည် ရေသောက်စနစ် စိုက်ကွင်းများအတွင်းရှိ အောင်မြင် ဖြစ်ထွန်းနေသော ဟင်းသီးဟင်းရွက် သစ်သီးဝလံစိုက်ခင်းများ၊ စိမ်းစိုဖြစ်ထွန်းနေသော လယ်ယာမြေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။


.. www.MyanmarExpress.net
 

8 comments:

After building some dams,some engineers n authorities became so so rich but the public suffered worse.Can u dare to deny?

Shut up !! Animal. don't gossip like a woman.I will kill you.

the first comment writer is imitator. not real min mg toe?

အ ပေါ်ဆုံးက comment ဝင် ရေးတဲ့ ခွေးလိုကောင်။
မင်းက myanmar express မှာ အ ပေါ်က ရေးသမျှ post တွေကို အောက်က english လို မ တောက်တ ခေါက် နဲ့ ဘုဂလန့် လိုက်ရေးနေတာ
တော်တော် အားယားနေလားကွ 109 110 ကောင်

Right!inspect these cases as some bridges r destroying soon coz of lacking quality.

Hi!Nay ye man is still quiet!Do u notice?He must b afraid of being arrested.Or his worse songs can b heard at this time.

We support first comment.

Min mg toe(2,3&4)is being fucked by Chinese men.He only thinks to bite bones.He is not more than a Russian dog.He seems to b taking bribes.n commit corruptions.Dare to deny?Meg(Pyay Ti o n shan Gyi r also Russian street dogs eating faces.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်