Subscribe to our RSS Feed

မြို့ပတ်ရထားများတွင် အထူးသီးသန့်တွဲများထားရှိသွားမည်

From : ..hot news


ရန်ကုန်မြို့ရှိမြို့ပတ်ရထား များ ပြေးဆွဲရာတွင် ခရီးသွား ပြည်သူများအစဉ်ပြေသွားလာနိုင် ရေးအတွက် အထူးသီးသန့်တွဲများ  ထည့်သွင်းပြေးဆွဲနိုင်ရန် မြန်မာ့ မီးရထားမှ စီစဉ်ဆောင်ရွက်နေ ကြောင်းနှင့် မြို့ပတ်ရထားတွင် ထည့်သွင်းပြေးဆွဲရန် အထူးငါးတွဲ လည်း ရန်ကုန်မြို့သို့ရောက်ရှိနေ ကြောင်း သိရသည်။
မြို့ပတ်ရထားများအလယ် တွင် အထူးတွဲကို ချိတ်ဆွဲကာခရီး  သည်များသည်ခရီးစဉ်တစ်ခုလက်   မှတ်တစ်စောင်ကျပ်နှစ်ရာသက်မှတ် ထားကြောင်း မြို့ပတ်နှင့် လှော်ကားလမ်းပိုင်းတွင် စတင် ပြေးဆွဲသွားမှာဖြစ်ပြီး နောက်ပိုင်း  တွင် တိုးချဲ့ပြေးဆွဲသွားမည်ဖြစ် သည်။ အဆိုပါအဆင့်မြင့်အထူး သီးသန့်တွဲတွင် တွဲထိန်းတစ်ဦးနှင့် လုံခြုံရေးအစောင့်အရှောက်များ  ထားရှိမှာဖြစ်ပြီး ရောင်းကုန်ပစ္စည်း   များနှင့် ၀န်ကျယ်ပစ္စည်းများအား လုံးဝတင်ဆောင်ခွင့်ပြုမည်မဟုတ် ကြောင်း သိရသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်