From :
..mrtv4
ရန်ကုန်နဲ့ မန္တလေးရှိ ကွန်ပျူတာ တက္ကသိုလ်များမှာ တက်ရောက်မယ့် ကွန်ပျူတာ ကျောင်းသား၊ ကျောင်းသူများ အတွက် Cisco ရဲ့ Networking ဘာသာရပ်ကို သင်ကြားခွင့် ရရှိတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို သင်ကြားနိုင်ဖို့ အတွက် အဆိုပါ ဘာသာရပ်ကို သင်ရိုး ထည့်သွင်း ရေးဆွဲသွားဖို့ ရှိပြီး သင်ကြား ပို့ချပေး သွားမှာ ဖြစ်တယ်လို့ ကွန်ပျူတာ တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
အခုလို Cisco system အနေနဲ့ US AID ပူးပေါင်းပြီး ပြည်တွင်းရဲ့ နည်းပညာနဲ့ ပညာရေး ကဏ္ဍ အစရှိတာ တွေကို တိုးမြှင့်ဖို့အတွက် ပထမဆုံး အနေနဲ့ အခုလို Networking Academy ကို ဖွင့်လှစ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပို့ချသွားမယ့် Networking Academy ဟာ နည်းပညာနဲ့ ဒီဇိုင်း ရေးဆွဲခြင်း၊ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း စတဲ့ ကွန်ရက် အတတ်ပညာများကို ထည့်သွင်း ပို့ချခြင်းဖြင့် ဆက်သွယ်ရေး နည်းပညာ ကဏ္ဍကို တိုးတက် လာမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
.. www.MyanmarExpress.net

.jpg)
1 comments:
နည်းပညာတက္ကသိုလ် က IT MAJOR ကျောင်းသားတွေကကောသင်ခွင့်မရှိဘူးလား
မြန်မာပြည်မှာ COMPUTER တက္ကသိုလ် မပေါ်ခင် နည်းပညာမှာ IT First generation ပါ။ IT အတွက် NETWORKING သင်ရိုးသင်ခွင့်ပေးသင့်တယ်
ရန်ကုန် မန္တလေးက အခွင့်ထူးခံ လူတန်းစားတွေအတွက် ပဲ Cisco သင်ရိုးက တရားဝင်သင်ခွင့်ရှိတာလား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်