Subscribe to our RSS Feed

အနာဂတ် မြန်မာ့ပင်လယ်ပြင် လုံခြုံရေး ( ၇ )



မြန်မာနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း သဘောတူ လက်မှတ်ရေးထိုးပြီး မကြာခင်မှာပဲ စင်္ကာပူနိုင်ငံဟာ သူ့ရဲ့ နှစ် (၂ဝ) စီးပွားရေး ရည်မှန်းချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်.. ဒါကတော့ နောင်အနာဂတ်မှာ
စင်္ကာပူရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေဟာ ပညာရေးပဲ ဖြစ်ရမယ်..
အာရှရဲ့ အကောင်းဆုံး တက္ကသိုလ်တွေ ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်အောင်
ကြိုးစားသွားမယ်လို့ ဆိုပါတယ်..

ဒါဟာတစ်ချိန်က ဥရောပနဲ့ အရှေ့အာရှ ကုန်သွယ်ရေး လမ်းကြောင်းကို
အဓိကမှီခိုပြီး ကြီးပွားချမ်းသာ လာခဲ့တဲ့ နိုင်ငံအနေနဲ့ ဒီစီးပွားရေးဝေစုကြီးကို မလွှဲမရှောင်သာ လက်လွှတ်ခဲ့ရသည် ရှိသော်ဆိုတဲ့မူနဲ့ နိုင်ငံဗဟိုချက်မ စီးပွားရေး ခြေလှမ်းတိုးလိုက်တဲ့ သဘောပါ.. တစ်နည်းအားဖြင့်ဆိုရင်တော့ အရှေ့အာရှနဲ့
ဥရောပရဲ့ ကုန်စည်စီးဆင်းမှု့ ကြီးဟာ မြန်မာ-ထိုင်း ကမ်းခြေများဆီကို
တစ်ချိန်ချိန်မှာ ရောက်ရှိသွားနိင်တယ်လို့ ကမ္ဘာကို ဝန်ခံလိုက်သလိုပါပဲ..

လက်ရှိမလက္ကာရေလမ်းကြောင်းမှာ အခုနောက်ပိုင်းနှစ်တွေအတွင်း အင်ဒို၊ ဖိလစ်ပိုင် အစွန်ပိုင်းဒေသက သူပုန်တို့ရဲ့ ငွေညှစ်ခြိမ်းခြောက်ခံရမှု့  အရေအတွက် တော်တော်များများ ရှိလာတာကို တွေ့ရပါတယ်.. ဒီရေလမ်းကြောင်းကို အုပ်စုလိုက် အချင်းချင်းစောင့်ရှောက်ပြီး ဖြတ်သန်းလာကြရတယ်.. သက်ဆိုင်ရာနိုင်ငံတွေရဲ့ လုံခြုံရေး စောင့်ရှောက်ပေးနိုင်မှု့ နည်းပါးတဲ့အတွက် ဖြတ်သန်းသွားလာတဲ့ သင်္ဘောလိုင်းများအတွက် အပိုကုန်ကျစရိတ်များလဲ ရှိလာပါတယ်..

ပြောင်းလဲလိုက်တဲ့ မြန်မာ့နိုင်ငံရေးစနစ်နဲ့အတူ ဥရောပ အာရှ ပင်လယ်ရေလမ်းကြောင်း ကုန်သွယ်မှု့ ရဲ့အရေးပါ အရာရောက်မှု့ ကို သတိပြုမိပြီး ရဲရဲဝင့်ဝင့်နဲ့ ခြေလှမ်းတိုးလိုက်တာကတော့ ဂျပန်နိုင်ငံပါ.. မြန်မာနိုင်ငံရဲ့ ဝန်ထုပ်ဝန်ပိုးလိုဖြစ်နေတဲ့ ကြွေးမှီပြဿနာတွေကို တာဝန်ခံ ဖြေရှင်းပေးပြီး အရေးပါဆုံး စီးပွားရေးခြေလှမ်းတစ်ခုကိုလဲ ချလိုက်နိုင်ပါတယ်..

ဒါကတော့ ဂျပန်ကုမ္မဏီကြီးများရဲ့ ရင်းနှီးမြုပ်နှံမှု့ နဲ့ သီလဝါရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိလိုက်တာပါပဲ.. ၂၀၁၄ ခုနှစ်ထဲမှာ ရုပ်လုံးပေါ်လာတော့မဲ့ ဒီစီမံကိန်းကြီးဟာ ယခုလက်ရှိ အရှေ့တောင်အာရှမှာ အကြီးဆုံး ကုန်တင်ကုန်ချ ပင်လယ်ဆိပ်ကမ်းကြီး ဖြစ်နေပါတယ်.. ဆယ်စုနှစ်များစွာ မကြာခင်မှာပဲ ဒေသအတွင်းမှာ အရေးပါဆုံး ဆိပ်ကမ်းကြီးအဖြစ် ဦးတည်လို့နေပါတယ်..

ယူနန်ပြည်နယ်ဆိုတာ တရုတ်ပြည်ရဲ့ အနောက်ဖက်အကျဆုံး ပြည်နယ်တစ်ခုမို့ ဖွံ့ ဖြိုးတိုးတက်မှု့ လဲ နောက်ကျခဲ့ပါတယ်.. ဒါပေမဲ့ ရာစုနှစ် နှစ်ခုကျော်မှာပဲ ဒီပြည်နယ်လေးဟာ တဟုန်ထိုး တိုးတက်လာပြီး တရုတ်ပြည်ရဲ့ စီးပွားရေးမှာ အရေးပါတဲ့ ပြည်နယ်တစ်ခု ဖြစ်လို့ လာခဲ့ပါပြီ.. ဒါဟာ ယူနန်ပြည်နယ်ရဲ့ ကုန်သွယ်ရေးထွက်ပေါက်လို ဖြစ်နေတဲ့ မြန်မာနိုင်ငံကြောင့်ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး.. တရုတ်နိုင်ငံရှိ စက်ရုံများအတွက် အဓိက ကုန်ကြမ်းများ ထွက်ရှိရာ ယူနန်ပြည်နယ်အတွက် ပင်လယ်ထွက်ပေါက် ကုန်သွယ်ရေး လမ်းကြောင်းဟာလဲ အဓိက အရေးပါလာပါတယ်..

ဒါကြောင့်ပဲ စီးပွားရေး ခြေကုတ် ရယူနိုင်ရေး အရေးပါလာတဲ့နောက် မြစ်ဆုံကို ပြယုဂ်အဖြစ် ထားပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့အတူ ရထားလမ်း.. ကားလမ်း.. ပေါက်သွားဖို့ဟာ သူတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်လာပါတော့တယ်..

ကျွန်တော်အဓိက ထုတ်နှုတ်ပြမိတဲ့ အချက်သုံးချက်ကတော့ ရှည်လျားလှတဲ့ မြန်မာ့ကမ်းရိုးတန်း တလျှောက်မှာ ဖြစ်ပေါ်လာမဲ့ စီးပွားရေး အခွင့်အလမ်းကြီးများကိုပါ.. အရှိန်အဟုန်နဲ့သာ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့ရင် တိုင်းပြည်သယံဇာတတွေကို ကျွန်တော်တို့ အလှကြည့်ထားလို့ ရပါပြီ.. ဒီဝင်ငွေတွေနဲ့တင် တိုင်းပြည်ရပ်တည်လို့ရနေပါပြီ.. စီးပွားရေး တဟုန်ထိုး တိုးတက်လာမှု့ နဲ့အတူ အလုပ်အကိုင် အခွင့်အလမ်းများစွာဟာ ပေါများလာမယ်.. ဒီအချိန်မှာ လိုအပ်လာတဲ့ လုပ်သားဝန်ထမ်းများအတွက် တရားမဝင် ဝင်ရောက်မှု့ တွေ ရှိလာမယ်..

ကျွန်တော်တို့မှာ ခိုင်မာတိကျတဲ့ လူဝင်မှု့ ကြီးကြပ်ရေး ဥပဒေတွေ..
ခေတ်မှီတဲ့ စက်အထောက်အကူပြုပစ္စည်းတွေ.. အမျိုးသားရေးစိတ်ပြည့်ဝတဲ့
ကျွမ်းကျင် ဝန်ထမ်းတွေ.. ပင်လယ်ပြင်တလျှောက် ဟာကွက်မရှိအောင် ရေဒါစခန်းများနဲ့ စောင့်ကြပ်ကြည့်ရှု့နေမဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တွေ.. ခေတ်မှီတိုက်ရေယာဉ်တွေ..
လုံခြုံရေး အခြေပြု တပ်မြို့ကြီးတွေ......

ကျွန်တော်တို့ အဆင်သင့်ဖြစ်ကြပြီလား.......?

- Min Nay Myo

1 comments:

can I read 1,2,3,4,5,6,..where can I find?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်