Subscribe to our RSS Feed

ဦးတင်ဦးသည် ဒေါ်စုနားခိုကပ်နေတဲ့အဘိုးကြီး ဖြစ်၊ ဦးတင်ဦး နှင့် ဦးကိုနီ တို့ကို အလကားလူများ ဟု ဘူးလက်လှဆွေ ဝေဖန်

From : ပြည်သူ့ အာဏာ
 
ယခင်က ဦးတင်ဦးနှင့် ဦးကိုနီတို့ကို အထင်ကြီးခဲ့သော်လည်း DVB က ပြုလုပ်သည့် Talk Show တွင် ကိုယ်တိုင်တွေ့ကြုံရတော့မှ အလကားလူများ ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ဝေဖန် ပြောကြားလိုက်သည်။

ပြည်တွင်းထုတ် Hot New သတင်းဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ရာတွင် ဦးလှဆွေက "DVB ကလုပ်တဲ့အခြေခံဥပဒေအပေါ်သဘော ထားအမြင်ဆွေးနွေးပွဲကိုတက်တဲ့အခါမှာ ဦးကိုနီတို့၊ ကိုမြအေးတို့ကSpeaker အနေနဲ့ပြောပြီး NLD က ဦးတင်ဦးလည်းပါတယ်။ အမှန်တကယ်တော့ ကျွန် တော်က Live လွှင့်နေတယ်ထင်ပြီး ကျွန်တော် ရဲ့အမြင်ကိုပြောလိုက်တာ။DVB ကNLDVB ဖြစ် သွားတယ်။NLD ကိုပဲ ဇောင်းပေးပြီးလွှင့်ကြတယ်။NLD ကိုပဲ ဇောင်းပေးပြီး ဖော်ပြကြတယ်။ အရင် တုန်းက ဦးတင်ဦးတို့၊ ဦးကိုနီတို့ကိုအရမ်းအထင်ကြီး ခဲ့တယ်။ ဒီပွဲရောက်မှ ဒီလူတွေဟာ အလကား လူ တွေမှန်းကျွန်တော်သိလိုက်ရတယ်။ အဲဒီမှာ ဦးတင်ဦး က တပ်မတော်ကိုပြောတယ်။ တပ်မတော် ကြီးဟာ ပြည်သူ့ချဉ်ဖတ်လို့ ပြောတယ်။ ဦးကိုနီက လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝပြောင်းပစ်ရမယ်တဲ့။NLD ကတော့ ပြုပြင်ဖို့ပြောတာပါတဲ့။ ကျွန်တော့် အယူအဆကတော့ ပြောင်းပစ်မယ်တဲ့။ ဒီလိုဆို ကိုယ်တက်လာတဲ့ သစ်ကိုင်းကိုကိုယ်ပြန်ခုတ်သလိုပဲ။DVB က လုပ်တဲ့သဘောထားဖလှယ်ပွဲ ဖြစ်လာတာ ဟာ အခြေခံဥပဒေကြောင့် ဖြစ်လာတာဗျ။ အမှန် တကယ်ဆDVB ကအော်စလိုလိုနေရာမျိုးမှာပုန်းလျှိုး ကွယ်လျှိုးနဲ့ နေနေရမှာ။ ဒီမှာ လာလုပ်နိုင်တာ အခြေခံဥပဒေကြောင့်။ ဒီပွဲနဲ့ပတ်သက်ပြီး ကျွန်တော် ရဲ့ အမြင်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးပွဲ မဟုတ်ဘဲနဲ့ တပ်မတော် ရှုတ်ချရေး ပွဲဖြစ်နေတယ်။ အဲဒီမှာ ကျွန်တော် ပြောခဲ့တဲ့ဟာ တွေလည်း တစ်ခုမှမပါဘူး။ နေ့လယ် ၁၁နာရီ ကနေ ၁၂ နာရီအထိ လွှင့်တယ်။NLD ကို အသားပေး ထုတ်လွှင့်မှုပုံစံလို ဖြစ်နေတယ်" ဟု ပြောဆိုသည်။



ဦးတင်ဦးနှင့်ပတ်သက်၍လည်း တပ်မတော်မှ ထုတ်ပယ်ခြင်း ခံခဲ့ရ၍ စစ်တပ် မကောင်းကြောင်း ပြောနေသူ ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ဦးလှဆွေက " ပွင့်ပွင့်လင်းလင်း ပြောရင် ဦးတင်ဦးကတပ်မတော်ကို ပြည်သူ့ချဉ်ဖတ်၊ ပြည်သူ့ချဉ်ဖတ်လို့သာပြောနေတယ်။ သူသာရာထူး ဆက်ရနေမယ်ဆိုရင် သူဒီစကားမျိုးပြောမှာမဟုတ် ဘူး။ သူအထုတ်ခံရလို့ ဒီစကားမျိုး ပြောတာ။ သူအထုတ်ခံရတဲ့နောက်ပိုင်းကစပြီး ဒီအဘိုးကြီးက အားလုံးကို ကိုးလိုးကန့်လန့်တိုက်လာတာ။ ကိုးလိုး ကန့်လန့်တွေ ပြောလာတာ။ ဆိုလိုရရင်NLD က ဦးတင်ဦးပြောတာကိုလည်း ကျွန်တော် သိတယ်။DVB က လုပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအမြင် ဆွေးနွေးပွဲဟာတပ်မတော်ရှုတ်ချရေးလိုဖြစ်နေတယ်။ တပ်မတော်ကို ရှုတ်ချတဲ့သူကလည်း တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ်လုပ်လာတဲ့ ဗိုလ်ချုပ်ကြီးအထိ တာဝန်ထမ်းဆောင်လာတဲ့ ဦးတင်ဦးက လုပ်နေ တယ်။ ဒီဦးတင်ဦး ပြောခဲ့တဲ့စကားတွေကို ကြည့် မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာ ဘာ ပြောခဲ့တယ် ဆိုတာချည်းပဲပါတယ်။ ဒီအဘိုးကြီးက ဒေါ်စုနားခိုကပ်နေတဲ့အဘိုးကြီးလို့ပဲမြင်မိသွားတယ်။ ရှေ့နေ မောင်ကိုနီဆိုရင်လည်း ဥပဒေပုဒ်ထီး၊ ပုဒ်မ တွေ အကုန်လုံးကို အရည်ကျိုသောက်ထားတဲ့ ပညာရှင်တစ်ယောက်လို့ လေးစားခဲ့တာ။ ဒါပေမဲ့ ဒီလူကြီးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးဟာ ဘာမှ သုံးစားလို့မရတဲ့ ပုံစံမျိုးပြောနေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ သုံးစားလို့ရတာတွေ အများကြီး ရှိပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင် ဦးတင်ဦး တို့လို၊ ဦးကိုနီတို့လို လူတွေရှိနေလို့ မြန်မာပြည် ကြီးဟာ ရှေ့ဆက်လို့မရတာဗျ" ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့သည်။

ဦးတင်ဦးသည် လက်ရှိတပ်မတော်အပေါ် စွပ်စွဲပြောကြားနေခြင်းသည် အဓိပ္ပါယ် မရှိကြောင်း၊ DVB သတင်းဌာနကိုလည်း NLDVB ဟု ခေါ်ဆိုသင့် ကြောင်း ပြောကြားခဲ့သည်။

ဦးလှဆွေက "ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကိုဖမ်းခဲ့တာ ခြေလျင်စစ် သားတွေ တစ်ယောက်မှမပါဘူး။ ဖမ်းခဲ့တာထောက် လှမ်းရေးကကောင်တွေပဲ။ လက်ရှိကျွန်တော်တို့ တပ်မတော်ကဘာကြောင့်အပြောအဆိုခံနေရသလဲ။ ဘာကြောင့်ဝေဖန်ခံနေရသလဲဆိုရင် ထောက်လှမ်း ရေးကြောင့်ပဲ။ ကျွန်တော်တို့ ခြေလျင်စစ်သားတွေ ဘာမှ သိရှာတာ မဟုတ်ဘူး။ ခြေလျင်စစ်သားတွေ သေနတ်ကိုင်ပြီး ကာကွယ်နေချိန်မှာ ထောက်လှမ်း ရေးက တပ်ကြပ်အဆင့်က ခွေးချည်တဲ့ကြိုးလောက် ရှိတဲ့ ဆွဲကြိုးကြီးတွေစွဲပြီး နေကြတယ်။ ထောက် လှမ်းရေးကြောင့် ကျွန်တော်တို့ တပ်မတော်သိက္ခာ ကျရတာ။ ကျွန်တော်တို့ ခြေလျင်တပ်သားတွေ ခက်ခက်ခဲခဲနဲ့ တိုင်းပြည်တာဝန် ထမ်းဆောင်နေချိန် မှာ ထောက်လှမ်းရေးကကောင်တွေက ခွေးချည်တဲ့ ကြိုးလောက်ရှိတဲ့ ဆွဲကြိုးကြီးတွေဆွဲပြီး အငြိမ့်စား နေနိုင်တယ်။ ဒီလိုမျိုးနေနိုင်တာကိုလည်း သူ့အထက် က လူကြီးတွေက ပြုံးပြုံးကြီး ကြည့်နေကြတယ်။ လက်ရှိကာလမှာတပ်မတော်ကဘာမှသိတာ မဟုတ် ဘူး။ ဘာမှအပြစ်ရှိတာ မဟုတ်ဘူး။ တကယ်ကို အပြစ်ရှိပြီး တကယ်ကိုလုပ်ခဲ့တဲ့၊ နိုင်ငံရေးအကျဉ်း သားတွေကို နှိပ်စက်ခဲ့တဲ့ထောက်လှမ်းရေးကို မပြော ဘဲနဲ့ ကျွန်တော်တို့ တပ်မတော်ကို ပြောနေတာ အဓိပ်္ပာယ်မရှိဘူး။ အဲဒီပွဲမှာ အဲဒါကို ထည့်ပြောခဲ့ တယ်။ သူတို့ဆီကလွှင့်တဲ့အခါမှာ ကျွန်တော်ထည့် ပြောခဲ့တာ တစ်ခုမှ မပါဘူး။ ဒီမိုကရက်တစ်မြန်မာ့ အသံဆိုတာက မြန်မာနိုင်ငံမှာရှိတဲ့ ဒီမိုကရေစီ ကိုကိုယ်စားပြုတဲ့ အသံတွေပဲ ထုတ်လွှင့်ပေးရမှာပဲ။ ဖြစ်လာတာကျတော့NLD က အသံတွေပဲ ထုတ် လွှင့်ပေးတာဖြစ်တဲ့အတွက် ဒီမိုကရက်တစ် မြန်မာ့ အသံလို့မမြင်ဘူး။NLDVB လို့ပဲ ကျွန်တော်က တော့ မြင်တယ်" ဟု ပြောဆိုသည်။

ဦးလှဆွေသည် ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့စဉ်က ရွှေလက်နှင့် ခေါ်တုန်း မလာလျှင် Bullet တွေပဲ လာလိမ့်မည် ဟု မှတ်ချက်ပြုခဲ့ခြင်းကြောင်း ဘူးလက်လှဆွေ ဟု အမည်တွင်ခဲ့သူ ဖြစ်သည်။  

4 comments:

ဒါလေးကိုလည်း နားထောင်စေချင်ပါတယ် တပ်မတော်ကို သက်သက် စွပ်စွဲထားတာပါ....
http://www.youtube.com/watch?v=7b572Q9gyIA

what the fucking approval ? mother fucker EP .

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်