Subscribe to our RSS Feed

၉၆၉ နှင့် သံဃာများကို တိုက်ခိုက်လျက်ရှိသည့် အစီအစဉ်များမှာ နိုင်ငံရေး ပါတီကြီးတစ်ခုက စနစ်တကျ စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်နေ

From : https://www.facebook.com/myanmarpeoplepower/photos/a.207766569390782.1073741828.207763009391138/271620503005388/?type=1&theater



ဖေဖော်ဝါရီလ ၂၇ ရက်မှစတင်၍ နိုင်ငံရေးပါတီကြီးတစ်ခု၏ အစည်းအဝေးအတွင်း ပြောကြားချက် ဟု ယူဆရသော အသံဖိုင်တစ်ခု ပြန့်နှံ့လာခဲ့ရာ ဗုဒ္ဓဘာသာရဟန်းတော်များ၊ အမျိုးသားရေး အင်အားစုများကို တိုက်ခိုက်ထိုးနှက်သည့် အစီအစဉ်များ ပါဝင်နေကြောင်း သိရှိရသည်။

ယင်းအသံဖိုင်တွင် ဥက္ကဌကြီးကို တိုင်တည်၍ ရှင်းလင်းတင်ပြနေမှုများတွင် လွန်စွာမှပင် အန္တရာယ်ကြီးမားလှသော အစီအစဉ်များ ပါဝင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စရပ်များပါ ပါဝင်နေသဖြင့် NLD ပါတီ အစည်းအဝေးတစ်ခုမှ ပေါက်ကြားလာခြင်း ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း လေ့လာသူများက ယူဆလျက်ရှိသည်။

အချိန်အားဖြင့် ၂ မိနစ်ခန့်သာ ကြာမြင့်သော ယင်းအသံဖိုင်တွင် " ၉၆၉ နဲ့ မြို့ဝင် မြို့ထွက်တွေ ရဲ့လှုပ်ရှားမှုတွေ တိုင်းကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ သူတို့ လုပ်နေတဲ့ အဖွဲ့တွေတိုင်းမှာ ကျွန်တော်တို့ပါတီဝင်တွေဖြစ်သွားအောင်၊ ကျွန်တော်တို့ ပါတီဝင် အင်အားစုတွေကို ကျွန်တော်တို့ တာဝန် ပေးထားပါတယ်" ဟူ၍ ပါရှိရာ ၉၆၉ လှုပ်ရှားမှုများအတွင်း စိမ့်ဝင်ထိုးဖောက်၍ လွှမ်းမိုးမည့် နိုင်ငံရေးပါတီတစ်ခု၏ လျှို့ဝှက်ဆောင်ရွက်ချက်များ ဖြစ်နေကြောင်း သိရှိရသည်။


၎င်းအပြင် အမျိုး ဘာသာ သာသနာရေးကို ဦးဆောင်လှုပ်ရှားလျက် ရှိသည့် ဆရာတော် ဦးဝီရသူနှင့် ပတ်သက်၍လည်း "ဦးဝီရသူ တို့အဖွဲ့ကို ၊ ဖေ့ဘုတ်နဲ့ အွန်လိုင်းပေါ်မှာ ဖိနှိပ် ထားနိုင်ဖို့ အတွက်ကတော့ ၊ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်နေတာလေးတွေက တော်တော်လေးတွေ ခရီးပေါက်နေပါပြီ" ဟု ထည့်သွင်းတင်ပြသွားကြောင်း သိရှိရသည်။ ယင်းတင်ပြချက်အရ လူမှုကွန်ရက်နှင့် အွန်လိုင်းစာမျက်နှာများတွင် ဦးဝီရသူနှင့် အမျိုးသားရေး အင်အားစုများကို တိုက်ခိုက်နေမှုများမှာ စနစ်တကျ စီစဉ်ဆောင်ရွက်နေသည့် နိုင်ငံရေးပါတီကြီးတစ်ခု၏ လုပ်ဆောင်ချက် ဖြစ်နေကြောင်း အံ့အားသင့်ဖွယ်ရာ တွေ့ရှိရသည်။

အလားတူ ယခုနောက်ဆုံး NLD ပါတီနှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက် ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍လည်း "ပုဒ်မ ၄၃၆ ကို ပြင်နိုင်ဖို့ ကတော့ မြို့တိုင်းမှာ ရှိတဲ့ ကျွန်တော်တို့ ပါတီဝင်တွေက နေပြီးတော့ ကျွန်တော်တို့ လူထု ကို စည်းရုံးလှုံ့ဆော်မှုကို ဒီ aရးတာ ဖြန့်တာလေးတွေ လုပ်ဖို့ အတွက်လည်း ကျွန်တော်တို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်" ဟု ထည့်သွင်းတင်ပြသွားခဲ့သည်။ 

အမျိုးသားရေးအင်အားစုများ၏ ဆောင်ရွက်ချက်များကိုလည်း သံဃာတုများ ဟူ၍ သတ်မှတ်ခေါ်တွင်ကာ တင်ပြသွားပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဟု မှတ်တမ်းဝင်ခဲ့သော လှုပ်ရှားမှုကို သံဃာတုများဖြင့် ယင်းပါတီက လုပ်ဆောင်ခဲ့သည့်အချက်အလက်များ ပါဝင်နေသည်။ အသံဖိုင်တွင် "ဦးဝီရသူတို့ အဖွဲ့က ၉၆၉ ကို သူတို့ အင်အားကြီး လာအောင်(၂၀၀၇) သံဃာ့ အရေးအခင်းတုန်းက ကျွန်တော်တို့လုပ်ခဲ့တဲ့ ပုံစံ အတိုင်းပဲ သူတို့ ဘုန်းကြီး အတုတွေကို သုံးပြီး သူတို့ လုပ်ဆောင်နေကြပါတယ်" ဟူ၍ ပါရှိလာခြင်း ဖြစ်သည်။ 

လက်ရှိပြန့်နှံ့လျက် ရှိသော အသံဖိုင်ပါ ပြောကြားချက်များအရ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ဦးတည်၍ လူထုစည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်နေသော နိုင်ငံရေးပါတီဖြစ်ခြင်း၊ ၉၆၉ နှင့် ဦးဝီရသူတို့ကို ဖိနှိပ်လိုသော ဆောင်ရွက်ချက်များ ပါရှိခြင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာအတုများ သုံး၍ ဆောင်ရွက်ခဲ့သည့် ပါတီဖြစ်ခြင်း စသည့် အကြောင်းခြင်းရာများအရ NLD ပါတီဟု အများစုက ယူဆလျက် ရှိကြောင်း သိရှိရသည်။

ယင်းအသံဖိုင်နှင့်ပတ်သက်၍ "ဒီအသံဖိုင်ကို နားထောင်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အတော်ကြီးကို စိတ်မကောင်းဖြစ်ရပါတယ်။ ပြီးတော့ ကြောက်စရာလည်း ကောင်းပါတယ်။ နိုင်ငံရေးပါတီတွေဟာ အာဏာရဖို့ အမျိုးမျိုးလုပ်ကြပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ အမျိုး ဘာသာ သာသနာကို ချနင်းပြီး လုပ်တာမျိုးကတော့ ဘယ်ပါတီပဲ ဖြစ်ဖြစ် မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စ လို့ပဲ ယူဆပါတယ်။ သမိုင်းကြောင်းမှာ ဘာသာရေးကို အမှုန့်ချေပစ်လိုတဲ့ ကွန်မြူနစ်ပါတီ ဆိုတာ ရှိခဲ့ပါတယ်။ ဒီနေ့ခေတ် လူငယ်တွေကတော့ ဒါတွေ မသိနိုင်ပေမယ့်လည်း ကြောက်စရာကောင်းပါတယ်။ အခု အသံဖိုင်မှာ ပါတဲ့ ပါတီဟာ ၉၆၉ ကို တိုက်ခိုက် အကြမ်းဖက် ခေါင်းစဉ် အောက် ကို သွင်းပြီး ရည်ရွယ်ချက် ရှိရှိ အပုပ်ချခဲ့တဲ့၊ သာသသနာတော် သိက္ခာကို ရစရာမရှိအောင် လုပ်ဆောင်ခဲ့တဲ့ ယုတ်မာရက်စက်အကြံအစည်တွေ လုပ်နေတယ် ဆိုတဲ့ ကြောက်စရာကောင်းလှတဲ့ အဖြစ်မှန်ကို ဖော်ပြလိုက်တာပါပဲ။ ဒီနေရာမှာ ကျွန်တော်တို့ ပြန်စဉ်းစားဖို့ လိုလာပြီ။ ဦးဝီရသူကို တိုင်းမ်လိုမဂ္ဂဇင်းကြီး အဖုံးမှာ ပါလာအောင်၊ ဗုဒ္ဓဘာသာကို နိုင်ငံတကာက အထင်အမြင်လွဲမှားအောင် ဘယ်သူတွေ လုပ်ခဲ့ သလဲ ဆိုတာလည်း အထင်အရှား ပေါ်ထွက်လာခဲ့ပြီ လို့ ပြောနိုင်ပါတယ်။ အာဏာ ရရှိဖို့ ဘာသာ သာသနာနဲ့ သံဃာတော်တွေကို ဒီလို လုပ်သင့်သလား။ ရတနာသုံးပါးကို ဘာဖြစ်လို့ ဒီလောက်အထိ ရက်ရက် စက်စက် ယုတ်ယုတ်မာမာ လုပ်ခဲ့ကြသလဲ။ လုပ်နေကြသလဲ။ ဒါဟာ သာမန် အစီအစဉ် မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ ကိုးကွယ်တဲ့ ရတနာသုံးပါးဟာ နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ စနစ်တကျ အကွက်ချ ယုတ်မာ ရက်စက်မှုကို ရင်ဆိုင်နေရပြီ ဆိုတာ အားလုံး နားလည်သဘောပေါက်ကြဖို့ ကောင်းပြီ။ မယုံကြည်နိုင်စရာ သိပ်ကောင်းတဲ့ ယုတ်မာမှုတွေပါ" ဟု အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ တက်ကြွလှုပ်ရှားသူ ပုဂ္ဂိုလ်တစ်ဦးက ပြောဆိုသည်။ 

၎င်းအပြင် လူမှုကွန်ရက်နှင့် အွန်လိုင်းစာမျက်နှာများတွင် ရတနာသုံးပါးကို တိုက်ခိုက် ဖိနှိပ်သည့် ၀ါဒဖြန့်ချိမှုများကို ပါတီကြီးတစ်ခုက စီစဉ်ဆောင်ရွက် နေခြင်းသည် ကြောက်မက်ဖွယ်ရာကောင်းကြောင်း၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပါတီကြီးတစ်ခုမှ သံဃာတုများဖြင့် စည်းရုံးလှုံ့ဆော်ပြီး ပြည်သူလူထုနှင့် သံဃာတော်များကို နိုင်ငံရေးအရ အသုံးချခဲ့သည့် ဖြစ်ရပ်မှန်များမှာ အော့နှလုံးနာစရာ ဖြစ်နေကြောင်း ၄င်းက ပြောကြားသည်။ 

"ဘုန်းကြီးတို့အနေနဲ့ အမျိုး ဘာသာ သာသနာအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်ရာမှာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းရဲ့ အကျိုးအတွက်မှ လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ ဒီကနေ့ သံဃာတော်တွေက သဗ္ဗေသတ္တာ ကမ္မသကာ ဆိုပြီး သဘောထားလိုက်ရင် အနာဂတ်နိုင်ငံတော်ရဲ့ ရတနာသုံးပါးအတွက် စိုးရိမ်စရာ ကောင်းတယ် ဆိုတာကို သိမြင်လို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီအသံဖိုင်မှာ ပါတဲ့ အချက်အလက်တွေအရ စဉ်းစားကြည့်မယ် ဆိုရင် ဆရာတော်ဦးဝီရသူနဲ့ ဗုဒ္ဓဘာသာကို အကြမ်းဖက် ပုံရိပ်အဖြစ် ပုံဖော်ခဲ့ခြင်းရဲ့ နောက်ကွယ်မှာ စနစ်တကျ ကြိုးကိုင်နေတဲ့ နိုင်ငံရေးပါတီကြီး တစ်ခု ရှိနေတယ် ဆိုတာ ထင်ရှားနေပြီ။ ဘုန်းကြီးတို့ သံဃာတွေ သိက္ခာကျအောင် အတုအယောင်တွေ ၀င်ပူးပြီး စနစ်တကျ လုပ်ဆောင်နေတာဟာ သာသနာအတွက် သိပ်ကို ကြောက် စရာကောင်းတဲ့ ဓမ္မန္တရာယ်ကြီး ဖြစ်နေတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လုပ်နေတဲ့ နိုင်ငံရေးပါတီ ဆိုတာ ဒီနိုင်ငံမှာ တစ်ပါတီတည်းပဲ ရှိတယ်။ အခြား စဉ်းစားစရာ မလိုပါဘူး။ ဘုန်းကြီးတို့ သံဃာနဲ့ ဒါယကာ ပိုပြီး စည်းလုံး ညီညွတ်မှ ဖြစ်တော့မယ်။ ဒီအကြံအစည်တွေကို အချိန်မီ သိလိုက်ရတာ ဘုန်းကြီးတို့ သာသနာတော်အတွက် သိပ်ကို ကံကောင်းပါတယ်။ ကံကြီးပေလို့ ဆိုပြီး မှတ်ယူရမှာပဲ။ ပစ္စုန်ပ္ပန်ရော အနာဂတ်အတွက်ပါ ကောင်းမျိုး ချမ်းသာ ပေးမှာ မဟုတ်တဲ့ ဒီလို လုပ်ရပ်မျိုးဟာ ဒီနေ့ခေတ်မှာ ရှိနိုင်မယ်တောင် မထင်ထားပါဘူး။ ဘုန်းကြီးအနေနဲ့ အရမ်းကို တုန်လှုပ်မိပါတယ်" ဟု အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး ဦးဆောင်သံဃာတော်တစ်ပါးက မိန့်သည်။

"ကျွန်တော်တို့ မယုံကြည်နိုင်လောက်အောင်ကို ကြောက်ရွံ့တုန်လှုပ်ရပါ တယ်။ လူ့အခွင့်အရေးတွေ နိုင်ငံတကာစံနှုန်းတွေ မျက်နှာဖုံးတပ်ပြီး ယုတ်မာလှတဲ့ အကြံအစည်တွေနဲ့ ကြိုတင်စီစဉ် တိုက်ခိုက်နေတဲ့ တိုက်ခိုက်မှု အောက်မှာ တစ်နိုင်ငံလုံး ရောက်ရှိနေပြီ။ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့ သာသနာတော်ကို စနစ်တကျ တိုက်ခိုက်နေတာ နိုင်ငံတကာက အဖွဲ့အစည်းတွေ မဟုတ်ဘူး။ ကျွန်တော်တို့ ယုံကြည်လေးစားထောက်ခံတဲ့ ပါတီကြီး ဖြစ်နေတာကို ကျွန်တော် အံ့သြမိတာပါ။ ယုံကြည်မှုကို သစ္စာဖောက်ဖျက်ခံရတာ၊ ရတနာသုံးပါးကို ချိုးဖျက်ခံရတာ။ ဘာကြောင့် ကမ္ဘာက ဗုဒ္ဓဘာသာကို ပြစ်တင်ဝေဖန်လာကြတာလဲ၊ ဘာကြောင့် ဦးဝီရသူနဲ့ သံဃာတော်တွေကို ပြည်သူတွေက မကောင်းမြင်လာအောင် လုပ်နေကြတာလဲ၊ တရားခံက ကိုယ့်နိုင်ငံထဲက အသားထဲက လောက်တွေ။ ကိုယ့်ပါတီ အာဏာရဖို့ ဘာသာ သာသနာကို ဒီလို လုပ်စရာ လိုသလား။ ဗိုလ်ချုပ်အောင်ဆန်း ဆိုရင် ဒီလိုလုပ်မှာတဲ့လား။ စဉ်းစားမိတိုင်း သိပ်ကြောက်ဖို့ ကောင်းတယ်။ သိပ်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ တစ်နိုင်ငံလုံး ရောက်ရှိနေပြီ၊ ကျွန်တော်တို့ ဒီအန္တရာယ်ကြီးကို နားလည်သဘောပေါက်ပြီး သံဃာနဲ့ ပြည်သူ ကျောချင်းကပ်ထားရမယ့် အချိန်အခါကို ရောက်ရှိနေပြီ လို့ပဲ ပြောချင်တယ်" ဟု မန္တလေးမြို့ မြန်မာအမျိုးသားကွန်ရက်မှ ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။ 

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ တစ်ခုတည်းကို ပြင်ဆင်နိုင်ရေးကိုသာ ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ပူးတွဲထုတ်ပြန်ကြေညာချက်တစ်ရပ်ကို မကြာသေးခင်ကပင် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

နှစ်မိနစ်ခန့်ရှိသော အစည်းအဝေးအသံဖိုင်ကိုhttps://soundcloud.com/uyinkyae/mp3 တွင် နားထောင်နိုင်ကြောင်း သိရှိရသည်။ 

8 comments:

Fucking guy. u have idea to do lobby. Son of dog

ခွန်ဒီးယမ် အဖေ က ဖါခေါင်း ၊သူ. အမေက ဖာသည်မဆိုတော. ဒီလိုပဲ သံဃာတော် တွေကိုစော်ကားနေ အုံးမှာပါ ။ ဘာမှမပူနဲ. ဒီတစ်ခါ စစ်တပ်ကဏာအာပြန်သိမ်းမှ ဒီကောင်ကို အင်းစိန်မှာ နေ.တိုင်း ဆိုင်ကယ် စီး ခိုင်းမယ် ၊ အဲဒီတော.မှ နိင်ငံခြားကိုထွက်မပြေးနဲ.နော် .......!

ခွန်ဒီးယမ် အဖေ က ဖါခေါင်း ၊သူ. အမေက ဖာသည်မ ဆိုတော. ဒီလိုပဲ သံဃာတော် တွေကိုစော်ကားနေ အုံးမှာပါ ။ ဘာမှမပူနဲ. ဒီတစ်ခါ စစ်တပ်ကဏာအာပြန်သိမ်းမှ ဒီကောင်ကို အင်းစိန်မှာ နေ.တိုင်း ဆိုင်ကယ် စီး ခိုင်းမယ် ၊ အဲဒီတော.မှ နိင်ငံခြားကိုထွက်မပြေးနဲ.နော် .......!

ရွှေဝါရောင်တော်လှန်ရေးကို သူတို့က သဃာအတုတွေသုံးလုပ် တုန်းကတော့ ဘုန်ကြီးတွေ နိုင်ငံရေးလုပ်ရမှာပေါ့တဲ့။ အခုကျတော့ ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်သင့်ဘူးတဲ့။ ဘာမှမကြာသေးဘူး ဗလောင်းဗလဲနိုင်လိုက်တာ။ ဘာမှယုံကြည်စရာမရှိဘူး။

ရတနာသုံးပါးကို မီးစွမ်းကပ်ခဲ့တာ NlDဖြစ်ပါတယ် မယုံရင်မေးကြည့် ဘပြောင်ကို p

ကုန်းဘောင်ခေတ်က “စု“က မြန်မာပြည်ကို ဘယ်လိုလုပ်ခဲ့လဲ၊
ဒီနေ့ခေတ် “စု“ကရော မြန်မာပြည်ကို ထပ်ပြီးတော့။ ဘယ်ပုံဖြစ်စေချင်သေးတာလဲ

ဒေါ်စု အာဏာရရင် အမျိုးဘာသာ သာသနာ ကွယ်မယ်။ အချက်အလက်နဲ့ပြောမယ်။
၁။ ရခိုင်မှာ ရခိုင်မလေးသီတာထွေးကို မူဆလင်တွေက မုဒိန်းကျင့် လည်လှီး မအင်္ဂါလှီးဖြတ်ပြီး အသတ်ခံရတုန်းက ၀မ်းနည်းကြောင်း ဒေါ်စု ဘာလို့ မပြောခဲ့သလဲ။
၂။ မူဆလင်တွေကို အစိုးရက တစ်မိသားစု ကလေးတစ်ယောက်ပဲယူဖို့ အမိန့် ထုတ်တာကျတော့ ဘာကြောင့် ဒေါ်စု ကန့်ကွက်သလဲ။
၃။ မလေးမှာ မြန်မာတွေ အသတ်ခံရတော့ လူ့အခွင့်အရေးချိုးဖောက်တာလို့
ဘာဖြစ်လို့ ဒေါ်စု မကန်ကွက်ခဲ့သလဲ။
၎။ အစိုးရက ဘင်ဂါလီကို တိုင်းရင်းသား မဟုတ်ဘူးလို့ ကြေငြာတော့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဖို့ ဒေါ်စု ဘာလို့ ထုတ်ပြောတာလဲ။
၅။ OIC ရုံး မြန်မာပြည်မှာ ဖွင့်ဖို့ ဘာလို့ ဒေါ်စု ထုတ်ဖော်ပြောသလဲ။
၆။ အရှင်ဆန္ဒဓိက နဲ့ ဒေါ်စု အလှူမှာ ဘာလို့ တတန်းတည်း တက်ထိုင်တာလဲ။
ရ။ နိုင်ငံတာကာမှာ ဆုတွေတသီကြီးသွားယူပြီး ကိုယ့်တိုင်းရင်းသားတွေနေတဲ့ ရခိုင်ပြည်ကို ဘာလို့ မသွားရဲတာလဲ။
၈။ မထ္ထီလာမှာ မြန်မာတွေကို မလှူဘဲ မွတ်ဆလင်ကို ဘာလို့ သိန်း ၂၀၀၀ သွားလှူတာလဲ။
၉။ မြန်မာပြည်မှာ ရှေနေတွေ မြောက်များစွာရှိလျှက်နဲ့ မွတ်ဆလင် ကိုနီ ကို ရှေနေများကွန်ယက်မှာ ဘာလို့ နေရာပေးထားလဲ။
အခြား ပြောစရာတွေ အများကြီးကျန်သေးတယ်။
ဒါကြောင့် ဒေါ်စုအာဏာရရင် မွတ်ဆလင်နိုင်ငံဖြစ်သွားမယ်။
သမတဖြစ်ခွင့်ရှိတဲ့လူ မြန်မာပြည်မှာ သန်း ၆၀ ရှိတယ်။
အရည်အချင်းရှိတဲ့ ခေတ်ပညာတတ်တွေအများကြီးရှိတယ်။
ဦးသိန်းစိန်မှမဟုတ်ဘူ။ ဒေါ်စုမှ မဟုတ်ဘူး။
ဒေါ်စု သမတ ဖြစ်မှ တိုင်းပြည်ကြီး အရမ်းတိုးတက်မယ်လို့ ထင်နေတာ ယုံကြည်မှုလွန်ကဲတာဟာ။ ပုဂ္ဂိုလ်ရေးကိုးကွယ်တာ။
ပုဂ္ဂိုလ်ရေးမကိုးကွယ်နဲ့။ ကိုးကွယ်ဖို့ ရတနာသုံးပါရှိပြီးသားပါ။

stupid writing, no body will believe you even if what you write about is the truth. You don't have names, you just say whatever you want and make it sound like it is from someone else. The most ridiculous writing I have ever read!

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်