Subscribe to our RSS Feed

Role Model အဖြစ် မိမိကိုယ်ကိုယ် ယူဆမထားသည့် စကားလက်

From :  Planet Myanmar Network 



Oxfamအတွက် (၈)နှစ်ကြာ ကိုယ်စားပြုပေးခဲ့ပြီးမှ ယင်းကဲ့သို့ နုတ်ထွက်ခဲ့ခြင်းသည် သူမကိုယ်သူမ ကမ္ဘာလုံးဆိုင်ရာ ပုံရိပ်တစ်ခုအဖြစ် ယူဆ၍ မရခြင်းနှင့် ပတ်သက်မှု ရှိနိုင်ကြောင်း Avengers: Age of Ultron မင်းသမီးက ဆိုသည်

စကားလက် ဂျိုဟန်ဆန်က သူမအနေဖြင့် မိမိကိုယ်ကိုယ် လူတကာ စံပြုထိုက်သည့် Role Model တစ်ဦးအဖြစ် မယူဆကြောင်း ပြောကြားလိုက်သည်။ Oxfam၏ သံတမန်အဖြစ်မှ ပြီးခဲ့သည့်လက နုတ်ထွက်ခဲ့သည့် ဟောလီးဝုဒ် မင်းသမီးက သူမ၏ ဆုံးဖြတ်ချက်သည် အဆိုပါ အတွေးအမြင်နှင့် ဆက်နွယ်နေကြောင်း အရိပ်အမြွက် ဝန်ခံခဲ့သည်။ Oxfamအတွက် (၈)နှစ်ကြာ ကိုယ်စားပြုပေးခဲ့ပြီးမှ ယင်းကဲ့သို့ နုတ်ထွက်ခဲ့ခြင်းသည် သူမကိုယ်သူမ ကမ္ဘာလုံးဆိုင်ရာ ပုံရိပ်တစ်ခုအဖြစ် ယူဆ၍ မရခြင်းနှင့် ပတ်သက်မှု ရှိနိုင်ကြောင်း Avengers: Age of Ultron မင်းသမီးက ဆိုသည်။

 

အသက်(၂၉)နှစ်ရှိ စကားလက်က Dazed မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် “ကျွန်မကိုယ်ကိုယ် Role Model တစ်ယောက်အဖြစ် ဘယ်တုန်းကမှ မြင်ကြည့်လို့ မရဘူး။ တခြား Role Model ပုဂ္ဂိုလ်တွေရဲ့ ခြေလှမ်းအတိုင်း လိုက်လှမ်းဖို့လည်း ကျွန်မ ဘယ်တုန်းကမှ စိတ်ကူးမရှိဘူးလေ”ဟု ဖွင့်ဟခဲ့သည်။ သူမက မိမိကိုယ်ကိုယ် သာမန်လူသား တစ်ဦးအနေဖြင့်သာ မှတ်ယူလိုကြောင်း၊ လူတကာ၏ ရှေ့ဆောင်လမ်းပြ ဖြစ်မနေလိုကြောင်းလည်း ဆိုသည်။
“ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်။ လူတကာက ကိုယ့်အကြောင်း စိတ်ဝင်တစား ရှိနေပြီး အတုယူဖို့ စိုင်းပြင်းနေတဲ့ ဘဝမျိုးမှာ ကျွန်မက ဘယ်လိုဘယ်ပုံ ရိုးရိုးရှင်းရှင်းနဲ့ အိပ်ရာနိုးထနိုင်မှာတဲ့လဲ။ ပြီးတော့ ဒီစိတ်မျိုးနဲ့ ကျွန်မဘယ်လို အိပ်စက်နိုင်မလဲ။ ဘဝမှာ ကိုယ့်စိတ်နှလုံးကို အများကြီး အေးချမ်းငြိမ်သက်နေစေဖို့ လိုပါတယ်။ တစ်ခါတစ်လေ သူများတွေ ကိုယ့်အပေါ် ဘယ်လိုမြင်သလဲ ဆိုတာကို လိုက်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားနိုင်တယ်လေ”ဟုလည်း စကားလက်က သုံးသပ်သွားသည်။





0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်