Subscribe to our RSS Feed

နေမျိုးဇင် လုပ်ဇာတ်


  


ဒီနေ့ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်သော ဦးနေမျိုးဇင်ရဲ့အခြေခံဥပဒေပြင်ဆင်ရေး ဟောပြေားပွဲဟာ လူဦးရေ၁၀၀ကျော်ကျော်နဲ့ ပွဲဖြစ်ခဲ့ပါတယ်။ ဒီထဲမှာတောင် ဘုမသိ ဘမသိနဲ့လိုက်လာပြီးနေမျိုးဇင်
ဟေားမယ်လဲ ဆိုရော ထပြန်သွားသူတွေတောင်ရှိခဲ့ပါတယ်။ ဒါကိုကိုယ်တိုင်ထပြန်လာသော
တောင်ဥက္ကလာပမြို့နယ်မှဦးကျော်ငြိမ်းက ဒီလိုပြေားပါတယ်

"ငါတို့ကို စနေနေ့ထဲက တစ်ယောက်ကို ၂၀၀၀ နဲ့ကြိုပြီးလူလာစုနေတာ... ကား အကြိုအပို့လည်းလုပ်ပေးမယ်ပြောတယ်... ဘာ အတွက်လည်း ဘယ်သူဟောမှာလည်း ဆိုတော့မပြေားဘူး...ဒါနဲ့ မနက်က ဗိုလ်စိန်မှန်ကွင်းကိုလိုက်ခဲ့မိတယ်... တစ်ကယ်တမ်းပွဲစမယ်လဲဆိုရောစစ်ထဲက ပြစ်မှုနဲ့ထွက်လာတဲ့ နေမျိုးဇင်လည်းဆိုရော သူတို့ပေးထားတဲ့ ပိုက်ဆံ၂၀၀၀ ကိုပြန်ပေးပြီး ထွက်လာခဲ့တယ်... ငါ့ တူတို့လည်းသိမှာပါ နေမျိုးဇင်ဆိုတာ နယ်တစ်ကာလှည့်ပြီး လုပ်စားနေတဲ့ကောင်.. ဒီလိုကောင်မျိုး ဟောပြောတာ နားထောင်နေရင်၂၀၀၀ ရတာနဲ့ မတူတဲ့စိတ်ဝေဒနာတွေပါ ရ သွားမှာဆိုးလို့ ထပြန်လာခဲ့တာ"

ဒီလိုပဲ NLD ရဲ့ဆန္ဒပြပွဲတွေမှာ အမြဲပါတဲ့ တာမွေမှာ အမေ သန်းက ဒီလိုပြောပါတယ် " ငါ့မြေးရယ်မင်းပဲစဉ်းစားသာကြည့်တော့ ငါတို့ရပ်ကွက်ကNLD က ကုလားတွေ ညဘက်ကြီးလာခေါ်တယ် အဘွားရယ် မနက်ဖြန်လာခဲ့ပါ... သားတို့ဆန်၅ပြည်နဲ့ဆီ ၁ပိသာ ပေးပါမယ်တဲ့.. အဘွားတို့ကလည်း ဆင်းရဲတော့ဒါ ရလည်း မဆိုးဘူးဆိုပြီး လိုက်နားထောင်ခဲ့တယ်... ပွဲလည်းပြီးရော ဆန် ၃ပြည်နဲ့ဆီ၁ပိသာပဲ အိမ်ကိုလာပို့တယ်...အရင်ပွဲတွေတုန်းကဆိုရင် ၃၀၀၀ ပေးမယ်ဆို ၃၀၀၀ အတိအကျပေးတယ်...ခုတော့ ခေါ်တုန်းကတစ်မျိုးတစ်ကယ်ပေးတော့ တစ်မျိုး..နောက်ဆိုNLD နဲ့နေမျိုးဇင်ဆိုရင်တော့ဘယ်တော့မှ မလိုက်တော့ဘူး.."

နောက်ဆုံးရင်ဖွင့်တဲ့သူကတော့ဗိုလ်စိန်မှန်ရပ်ကွက်ကကျောင်းသားမောင်အောင်အောင်ပါ "အကိုလာမေးတာနဲ့အတော်ပဲအကိုရေအရင် ၅၉ စထောက်ခံပွဲတုန်းက NLD ကလူတွေက သားတို့ကို မုန့်ဖိုး ၅၀၀၀ ပေးပြီး ဘောလုံးဝင်ကန်ခိုင်းတယ်...ခုကျတော့ တစ်မျိုးဗျသားတို့ဘောလုံးဝင်ကန်မှာ စိုးလို့ ညထဲကရပ်ကွက်ထဲကလူငယ်တွေကို ကြိုတောင် တားနေသေးတယ်...ဦးပဲ စဉ်းစားကြည့်လေသားတို့က တနင်္ဂနွေနေ့ပဲ ဘောလုံးကန်ရတာ ခုလိုသားတို့ အခွင့်အရေးကိုပိတ်ပင်တယ်ဆိုတော့ သူတို့က အပြောတစ်မျိုး အလုပ်သမျိုးဖြစ်မနေဘူးလား"

ကဲ.... ဒါဆိုခင်ဗျားတို့လည်း သဘောပေါက်လောက်မ ယ်ထင်ပါတယ်....

နေမျိုးဇင်ဘာလဲ ... NLD ဘယ်လဲ.....

ပြည်သူထဲက ပြည်သူတစ်ယောက် ဇင်မင်းသီဟ

2 comments:

son of dog. who paid money 2000 . u think as yr USDP
Kway ma ther

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်