Subscribe to our RSS Feed

ကွပေစောင်း ကွပေစောင်း




ဝန်ကြီး ဦးအုန်းမြင့် ဘိုးဘိုးဘောက်ဘောင် ပြောချထည့်တာ ပါးရိုက်မယ် နားရိုက်မယ်ဆိုတာကျ....
ရစ်ရ
ှစ်စတာစကေး ပါးပါးလေးပါ နော့်..ဆူနာမီအလားပါပဲ၊ မျောက်အုပ် သီးပင်တွေ့သလို ကြီးကြီ ကြကြ ကြစ္စိ ကွပ်စေ့...ညံလို့ပဲဗျာ၊ အပုတ်ချလိုက်ကြတာများ။

NLD က လွှတ်တော် ကိုယ်စားလှယ်ကြီး Ko Min Thu တို့ကျတော့လည်း သံဃာကို နွားနဲ့နှိုင်းထည့်တာ ဂဏန်းငြိမ်ချက်ဗျာ၊ဘယ်စာစောင် ဘယ်ဂျာနယ်မှာမှ မပါပါလား၊ ကောင်းဘာဒယ်၊ ကောင်းဘာဒယ်။

အင်းလေ စာရေးဆရာကြီး ကိုတာတောင်မှ နှုတ်သီး ခွာလျှော်သွားသေးတာပဲ၊ သူလည်း နှုတ်သီး ခွာလျှော် သွားတာ နေမပေါ့။

အဲ့ပေမင့်....သူ နှုတ်သီး ခွာလျှော်တာက ထူးဆန်းသားဗျ၊ ၉၆၉ ဆိုတဲ့ အသံကြားတာနဲ့ မီးဝင်းဝင်းတောက် ဒေါသအမျက် ချောင်းချောင်း ထွက်ပြီး သံဃာကိုတောင်မှ သံဃာလို့ မမြင်တော့ပါလား၊ ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်မှု တွေ ပါတီစွဲ ဂိုဏ်းဂဏစွဲ ဝါဒစွဲတွေ တယ်လည်း ပြင်းထန်သကို။

သြော် လူတွေ လူတွေ လူတွေ တရားကျစရာ...အင်း အနိစ္စ ဒုက္ခ အနတ္တ...ရွတ်ရဖန်များလွန်း လို့ အရှည်တောင် မရွတ်နိုင် တော့ပါဘု၊ အတိုကောက်ပဲ ရွတ်ရကိန်းပါဗျ၊ သြော်...စခတ...စခတ...စတခ၊ ဘုန်းကြီးခေါင်း ခေါက်ပြီးမှ ကတော့ ကတော့...ကတော့ ကတော့ ဆိုတာ ဒီလို လူမျိုးတွေအတွက် ပေါ်လာတဲ့ ဆိုရိုးပါပဲလေ၊ ဒီမိုကရေစီမှာ လုပ်ချင်ရာလုပ် ပြောချင်ရာပြော စော်ကားချင်ရာ စော်ကားပြီး သကာလ နှုတ်သီးလေးကို ပစောက်ပုံစံ ဖြဲပြီး အဟီးဟီးဟီးဟီး ဆိုပြီး တောင်းပန်လိုက်ကြပါ၊ ဥုံ....ဖွ...ပျေစောက် ပျေစောက် ပျောက်စေသတည်း။

ဆိုးတော့ မဆိုးပါဘူး၊ သူ့ တိုင်းမ်လိုင်းမှာ တောင်းပန် ထားရှာသား၊ တောင်းပန်တယ်ဆိုတာ သတ္တိ တစ်ပါးပဲဗျ၊ " ဗုဒ္ဓဘာသာ ကိုးကွယ်သော ကိုမင်းသူသည် ဘုရား တရား သံဃာ ဆိုတဲ့ ရတနာ သုံးပါးကို အမြဲမပြတ် ဆည်းကပ် ရိုသေ........" အဲ့လိုလေး တင်ထားလေရဲ့။

သံဃာတော်တွေဆိုတာ ဘုရားသားတော် တွေပါဗျာ၊ ဗုဒ္ဓ မြတ်စွာ ဘုရားရဲ့ ကိုယ်စား သာသနာတော် တည်တံ့ခိုင်မြဲ ပွားများရေးအတွက် သာသနာ့ ရက္ခိတ ဆောင်တော် မူနေကြတာပါ၊ သံဃာတော်တွေကို ပြစ်မှား စော်ကားတာသည် ဗုဒ္ဓ မြတ်စွာဘုရားကို စော်ကားတာနဲ့ အတူတူပဲ။

ခင်ဗျား သရဏဂုံ ပျက်သွားပြီ ကိုယ့်လူ၊ သဘောက်ပေါရဲ့လား၊ လူကြားကောင်း တရားနာ ဘုရားပုံတော်တွေ တင်ပြီး ဟန်ဆောင် ပန်ဆောင် လုပ်နေမယ့်အစား ဘုန်းကြီးကျောင်းကို သွားပြီး သရဏဂုံ ပြန်လည် ဆောက်တည်ပါလေ။

အင်း...အဲ့သလို နှုတ်ရဲ လျှာရဲ အာရဲ စော်ကားနေပုံ ထောက်ရင် ဇ ကတော့...မပေါ့ဘူးထင်၊ လွှတ်တော်ထဲမှာ လူထု အကျိုးပြု အဆိုတွေ ရဲရဲတောက် တင်သွင်းစမ်းပါ ကိုယ့်လူ။

ဘာပဲဖြစ်ဖြစ် တောင်းပန်တဲ့ စတေ့တပ်လေး တင်ဖော်ရတာကိုပဲ သာဓု ခေါ်ရမှာပါ။

အင်း...ကောင်းပေစွ ကောင်းပေစွ၊ ကွပေစောင်း ကွပေစောင်း၊ ဖျင်တစ်ခြား ခါးတောင်းကျိုက်တစ်ခြား လုပ်နေကြတဲ့....ကိုကို ပေစောင်းတို့ရေ...ကွပေစောင်း...ကွပေစောင်း...စခတ...စခတ

- Khin Mg Htwe

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်