Subscribe to our RSS Feed

မျိုးစောင့် ဥပဒေပြဌာန်းရေး သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ တိုက်တွန်း

From : ပြည်သူ့ အာဏာ



မျိုးစောင့်ဥပဒေပြဌာန်းရေး ဆက်လက်ဆောင်ရွက်ပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းလာကြောင်း သိရှိရသည်။

အမျိုး ဘာသသာ သာသနာ စောင့်ရှောက်ရေး ဗဟိုအဖွဲ့ ဥက္ကဌ အင်းစိန်ရွာမ ဆရာတော်ကြီး ဦးဆောင်၍ သံဃာနှင့် ပြည်သူ သိန်းနှင့်ချီ၍ လက်မှတ်ရေးထိုး ပေးပို့ခဲ့သည့် မျိုးစောင့်ဥပဒေ ပြဌာန်းပေးရေး တင်ပြချက်ကို သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ တိုက်တွန်းလာခဲ့ကြောင်း လွှတ်တော်ရုံး အရာရှိတစ်ဦးက ပြောဆိုသည်။

"သမ္မတကြီး ပို့တဲ့ သ၀ဏ်လွှာ ပြည်ထောင်စုလွှတ်တော် နာယကဆီ ရောက်လာတာတော့ မှန်ပါတယ်။ အသေးစိတ်ကိုတော့ လွှတ်တော် နာယကကြီးက လွှတ်တော်မှာ ဖတ်ကြားမယ် ထင်ပါတယ်" ဟု ၄င်းအရာရှိက ပြောကြားသည်။ 


"ဘုန်းကြီးတို့က အမျိုး ဘာသာ သာသနာအတွက် ဆောင်ရွက်တဲ့နေရာမှာ ဘယ်ဘာသာတရားကိုမှ ထိခိုက်ခြင်း မရှိလေအောင်၊ ပွင့်လင်းမြင်သာမှု ရှိရှိ အိမ်ထောင်ပြုနိုင်အောင်၊ ဘာသာကူးပြောင်းကိုးကွယ်တဲ့နေရာမှာလည်း ကာယကံရှင်ရဲ့ ဆန္ဒသဘောထားအတိုင်း ဖြစ်စေပြီး အတင်းအဓမ္မ ဘာသာ ပြောင်းခိုင်တာမျိုးတွေ မဖြစ်အောင် ဥပဒေအရ အကာအကွယ် ပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာပါ။ သီတဂူဆရာတော် ဘုရားကြီး ကိုယ်တိုင်လည်း ဦးဆောင်ပါဝင်ခဲ့တာ အားလုံးအသိပါပဲ။ အခုလို သမ္မတကြီးက ထောက်ခံတယ် ဆိုတာ ကြားသိရတော့ သာသနာတော်အတွက် အရမ်းပဲ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ရှင်ဘုရင် မင်း ဧကရာဇ်တို့ စောင့်ရှောက်မှ သာသနာတော် အဓွန့်ရှည် တည်တံ့တာ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ သာသနာတော် နေလို လလို ထွန်းလင်းတောက်ပနေခြင်းဟာ အစဉ်အဆက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့သူတွေရဲ့ ချီးမြှင့်အားပေးမှုကြောင့်ပဲ ဖြစ်ပါတယ်။ သမ္မတကြီး ကျန်းမာ ချမ်းသာစေဖို့လည်း မေတ္တာပို့သပါတယ်။ ဘုန်းကြီးတို့ ပို့ထားတာ ကြာပါပြီ။ အခုလို သတင်းကြားရတဲ့အတွက် အမျိုး ဘာသာ သာသနာအတွက် စိတ်အေးရတာပေါ့" ဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

"ဒီဥပဒေတွေက အခြားဘာသာတွေကို ထိခိုက်တာ၊ ပိတ်ပင်တာ လုံးဝ မဟုတ်ပါဘူး။ အခြားဘာသာ ကိုးကွယ်ပြီး မျိုးရိုးစဉ်ဆက် ကိုးကွယ်တာကို ပိတ်ပင်ခြင်း မရှိပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ လက်ထပ်တဲ့အခါ၊ ဘာသာကူးပြောင်းတဲ့အခါ မိမိသဘောဆန္ဒအရပဲ ဖြစ်စေဖို့၊ ဒါကို ဥပဒေကြောင်းအရ ကာကွယ်မှုရှိဖို့ ရေးဆွဲထားတာ ဖြစ်ပါတယ်" ဟု ဥပဒေ ရေးသားပြုစုရာတွင် ပါဝင်ခဲ့သူ ဥပဒေ ပညာရှင်တစ်ဦးက ပြောဆိုသည်။

လူအများ သိရှိထားသည်မှာ မျိုးစောင့်ဥပဒေ ဟူ၍ ဖြစ်သော်လည်း တင်ပြရာတွင် ဘာသာကူးပြောင်းရေးဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ စသည်အားဖြင့် ခေါ်တွင်စေရန် ရေးဆွဲထားကြောင်း၊ မျိုးစောင့် ဟူ၍ သုံးနှုံးထားခြင်း မရှိကြောင်း အထက်ပါ ဥပဒေပညာရှင်က ပြောဆိုသည်။

အစိုးရရုံးစိုက်ရာ နေပြည်တော် ရွှေတိဂုံပုံတူ စေတီတော်အနီးတွင် ယမန်နေ့က မျိုးစောင့်ဥပဒေပြဌာန်းရေး ဟောပြောပွဲတွင် လူပေါင်း သောင်းနှင့်ချီ၍ တက်ရောက်ခဲ့ကြပြီး ယင်းဟောပြောပွဲသို့ တက်ရောက်လာခဲ့ကြသည့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို သမ္မတကြီး ကြားသိသွားပြီ ဟု ယုံကြည်ကြောင်း ယင်းဟောပြောပွဲတွင် ပါဝင်ဟောပြောခဲ့သူ တစ်ဦးက ပြောကြားသည်။

"ကျွန်တော် အမှန်အတိုင်း ပြောရရင် ပြည်သူတွေ ဒီလောက်အထိ တက်ရောက် ကြမယ် ထင်မထားပါဘူး။ ၀မ်းသာဖို့ ကောင်းပါတယ်။ ကြည်နူးဖို့လည်း ကောင်းပါတယ်။ ပွဲကို တက်ရောက်လာခဲ့တာ လူတစ်စု မဟုတ်တဲ့ လူထုပါ။ ဘယ်သူကမှ မတက်မနေရ အတင်းအကျပ် စေခိုင်းခဲ့တာ လည်း မဟုတ်ဘူး။ အားလုံးက အမျိုးသားရေးအသိနဲ့ တက်ရောက်ခဲ့ကြတာ အားရစရာပဲဗျာ။ အခု ကျွန်တော်တို့ ကြိုးပမ်းနေတဲ့ မျိုးစောင့်ဥပဒေကို သမ္မတကြီးက ထောက်ခံတယ် ဆိုတာ ကြားရတော့ ၀မ်းသာတယ်။ ဂုဏ်ယူတယ်။ သမ္မတကြီးကိုလည်း ကျေးဇူးတင်တယ်" ဟု ဓမ္မစက္က ဦးမောင်မောင်က ပြောဆိုသည်။

"ဆရာတော်ဦးဝီရသူကို ဦးဝင်းတင် လာတွေ့တုန်းက ဆရာတော်က သူ့ရပ်တည်ချက်ကို ပြတ်ပြတ်သားသားပဲ ပြောခဲ့ပြီးသားပါ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတတင်မက အရေးကြီးတဲ့ ဂိုဏ်းချုပ်ကြီး ဖြစ်စေချင်တယ်။ ပုဒ်မ ၅၉(စ)ကတော့ မပြင်သင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လွှတ်တော် ဥက္ကဌ လုပ်ချင်လုပ်။ နိုင်ငံအတွက် ဘာသာအတွက် ရပ်တည်ချက် ပြောင်းမှာ မဟုတ်ဘူး ဆိုပြီး ပြောခဲ့တာပါ။ အခုလို သမ္မတဦးသိန်းစိန်က ထောက်ခံတယ် ဆိုတာ ကြားရလို့ ၀မ်းသာမိပါတယ်။ ကြိုးစားတဲ့အကျိုး နပ်ပြီလို့ ဆိုရမှာပေါ့" ဟု မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော်တစ်ပါးက မိန့်ဆိုသည်။

မျိုးစောင့်ဥပဒေ ပြဌာန်းရေးကို အပြင်းအထန် ကန့်ကွက်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်၌ ကိုယ်စားလှယ် အနည်းငယ်သာ ရှိသဖြင့် ဥပဒေပြဌာန်းရာ၌ ကြီးကြီးမားမား ကန့်ကွက်နိုင်မည် မဟုတ် ဟု လေ့လာသူများက သုံးသပ်ထားကြသည်။  

1 comments:

၂၀၀၇ အရေးအခင်းကြီးဟာ ဘုန်းကြီးတုတွေလုပ်တဲ့ အရေးအခင်းကြီးလို့ သူတို့ပါးစပ်တွေကနေ ပြောခဲ့ကြတယ်။ ဒါပေမဲ့ သေသွားတဲ့ သံဃာတော်တွေ၊ အဲဒီထောင်ကျသွားတဲ့ သံဃာတော်တွေဟာ အတုတွေမဟုတ်တာကို သူတို့သိတယ်။ ဒီနေ့ဆိုရင် လူတိုင်းလူတိုင်းလည်း အဖြေမှန်ကို ရှင်းရှင်းလင်းလင်း သိကြပြီ။ အဲသလို သိရက်နဲ့ဒီသံဃာတွေကို မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံစော်ကားကြတာ ဘယ်သူတွေလဲ။ ဒီကြံ့ဖွံ့တွေပဲမဟုတ်လား။ ဒီစစ်အာဏာရှင်တွေပဲ မဟုတ်လား။ သံဃာ့အရေးအခင်းကြီးမှာ ဦးသိန်းစိန်က ဝန်ကြီးချုပ်၊ ဦးရွှေမန်းဆိုရင် ဦးသိန်းစိန်ထက်တောင် မြင့်သေးတယ်၊ သူကစစ်အာဏာရှင်တွေရဲ့ နံပါတ်၃ခေါင်းဆောင်။ ဒီလိုလူတွေဟာ သံဃာတွေကို သတ်တဲ့ဖြတ်တဲ့ကိစ္စမှာ မုချတာဝန်ရှိတယ်ဆိုတာ ဘာမှသံသယဖြစ်စရာမရှိဘူး။ ဒါတွေအားလုံး ဦးသန်းရွှေကြောင့်ပါလို့ တယောက်တည်းပုံပြီး လွှဲချလို့မရဘူး။ ရဟန်းသံဃာတွေ ဒီလောက်အများကြီးကို သတ်တဲ့ဖြတ်တဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ အလုပ်ကို တယောက်တည်း သဘောနဲ့လုပ်ချင်တိုင်း လုပ်လို့မရဘူး။ အနည်းဆုံးတော့ သူတို့ထိပ်သီးပုဂ္ဂိုလ်တွေ အားလုံး တိုင်ပင်ဆောင်ရွက်တာမျိုးမဟုတ်ဘဲ ဒီလောက်ရက်စက်တဲ့ လုပ်ရပ်တွေ ထွက်ပေါ်မလာနိုင်ဘူး။

တကယ်လို့ သူတို့နဲ့မဆိုင်ဘူးဆိုရင်၊ ဦးသန်းရွှေတယောက်တည်း လုပ်တာပါဆိုရင် အနည်းဆုံးတော့ အဲဒီတုန်းကလုပ်ခဲ့တာတွေဟာ မှားပါတယ်။ တောင်းပန်ပါတယ် ဆိုတာလောက်တော့ ပြောနိုင်ရမယ်။ အခုဘယ်သူကများ မှားပါတယ်ပြောသလဲ။ ဘယ်သူကများ တောင်းပန်သလဲ။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတယောက်ပဲ သူ့တာဝန်မဟုတ်ဘူးလို့ ရှင်းချက်ထုတ်တယ်။ ဒါပေမဲ့ သူလည်း အဲသလို ရှင်းချက်ထုတ်ရာမှာတောင် တာဝန်ပေးလို့လုပ်ရတာပါလို့ ဆင်ခြေပေးနေတုန်း မဟုတ်လား။ လက်နက်မပါဘဲ မေတ္တာပို့နေတဲ့ ဘုန်းကြီးကို သေနတ်နဲ့ပစ်သတ်တာတောင် အထက်က တာဝန်ပေးလို့ လုပ်ရတာဖြစ်တဲ့အတွက် မှန်ပါတယ် ပြောနေတုန်းပဲ။ ဒီလူတွေဟာ အထက်လူက တာဝန်ပေးရင် ဘုန်းကြီးကို သေနတ်နဲ့ပစ်ဖို့တောင် ဝန်မလေးတဲ့သူတွေဆိုတာ ကျနော်တို့မှတ်ထားရမယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်