Subscribe to our RSS Feed

သန်း၆၀သောမြေဇာပင်တွေကိုသနားပါ

From :  https://www.facebook.com/photo.php?fbid=1441435229418454&set=a.1405628046332506.1073741828.100006559726470&type=1



ဂျာနယ်မှာ ဒီသတင်းကို ကျတော်ဖတ်မိတာ မနေ့ကတည်းပါ...
မရေးဘူးလို့စဉ်းစားထားမိပေမဲ့ ရေးလိုက်ပါတော့မယ်.....

ကျတော်တို့နိုင်ငံမှာ ၂၀၁၄နောင်းပိုင်းနဲ့ ၂၀၁၅နှစ်အစပိုင်းတို့ဟာ အထူးတလည်စောင့်ကြည့်ရမဲ့ အချိန်အခါဖြစ်ပါတယ်.....
အဲ့ကာလတွေမှာ ဒေါ်စုအနေနဲ့ အကြံကုန်ဂဠုန်ဆားချက် လုပ်မဲ့ပုံရှိပါတယ်....

Constitution မပြင်ရင် ရွေးကောက်ပွဲ သပိတ်မှောက်မယ်လို့ သူပြောလိုက်ချင်းဟာ....



၁။ သူ့ကိုယ်သူယုံကြည်မှုလွန်ကဲနေတယ်

၂။ သူဟာ လူထုကို ၈၈ ကလို အသုံးချပြီး နိုင်ငံကမောက်ကမ ဖြစ်အောင်လုပ်လာနိုင်တယ်

၃။ သူမှာတိကျရေရာတဲ့ Constitution ကိုပြင်မဲ့မူမရှိသေးဘူး ဒါကြောင့်လည်း သူ့စည်းရုံးရေးသာဆင်းနေတာ ခြေဥမှာဘာကိုပြင်ချင်တာလည်းဆိုတာကို ပြည်သူကို မချပြရသေးဘူး 

၎။ အကယ်၍ အစိုးရက ၄ပွင့်ဆိုင်တွေ့ဆုံမှု အပြင် သူလိုချင်တဲ့ Constitutuion မူကိုမလုပ်ပေးရင် သူပိုင်တဲ့ USနဲ့အနောက်အုပ်စုတွေကို တဖန် ပိတ်ဆို့မှုတွေလုပ်ဖို့တိုက်တွန်းနိုင်တယ်

၅။ ၅၉ စ လုံးဟာ သူ့ကိုဦးတည်ရေးဆွဲထားတာ မဟုတ်သလို နိုင်ငံရဲ့ရေရှည် အကျိုးစီးပွား အတွက်ရေးထားတာကို သူသိရဲ့သားနဲ့ ကိုယ့်အာဏာ တစ်ခုတည်းအတွက်သူ ဂရုမစိုက်ဘူး

၆။ နောက်NLDမှာ Capacity Building မလုပ်နိုင်သေးပါဘူး 
ဒေါ်စန္ဒာမင်းလိုအလုပ် လုပ်နေတဲ့သူတွေကိုတော့မြင်တယ်
ဒါပေမဲ့ အသက်၇၀နီးပါး ပါတီဥက္ကဌဟာ သူ့နေရာ ဆက်ခံနိုင်မဲ့ အရည်အချင်းရှိသူကိုအခုထိ မရွေးချယ်ရသေးသလို.....
NLDမှာ ဒေါ်စု လိုအရည်အချင်းရှိသူကိုမတွေ့မိသေးဘူး.....

၇။ ဒေါ်စုမှာ ၂၀၁၅ရွေးကောက်ပွဲအတွက် Plan B မရှိသေးဘူး
၅၉ စ လုံးအရ သူသမ္မတမဖြစ်နိုင်တာသေချာတယ်
ဒါပေမဲ့ ၂၀၁၅မှာ မဲဆန္ဒနယ် အများစုကို NLDအနိုင်ရခဲ့ရင် NLDအမတ်တွေဟာ အစိုးရဖွဲ့မယ်..... ဒေါ်စုသမ္မတ လုပ်ခွင့်မရှိရင် သမ္မတလုပ်မဲ့သူ နောက်တစ်ယောက် အဲ့အတွက် ဒေါ်စု မပြင်ရသေးဘူး
ဒါကိုကြည့်ချင်းအားဖြင့် ဒေါ်စုဟာ သူ့ပါတီဝင်တွေကြားမှာတောင်သူ့အတ္တကိုရှေ့တန်းတင်ပါတယ်

၈။ သူ့စကား တခွန်းကြောင့် အခု ပြည်သူတော်တော်များများဟာ ၈၈ကလိုပြန်ဖြစ်မှာကို အရမ်းစိုးရိမ်နေတယ်
ပြည်သူအားလုံးနီးပါးဟာ နိုင်ငံရေးတည်ငြိမ်တာကိုလိုလားပါတယ်...
အရေး အခင်းဖြစ်မှာ ပွဲဆူမှာကို မလိုလားပါဘူး
ပြည်သူလူထုခေါင်းဆောင်လို့ ခံယူထားသူ ဒေါ်စုအနေနဲ့ကိုယ့် အတ္တကိုရှေ့တန်းတင်တာ မကောင်းပါဘူး ပြည်သူမျက်နှာထောက်ထားသင့်ပါတယ်။

-----------------------------------


ကျတော်တို့နိုင်ငံဟာ လက်နှစ်ဖက်ကြားရောက်နေပါတယ်…………

တစ်ဖတ်က လက်ရှိအစိုးရနဲ့ အတိုက်အခံပါတီကြားပါ

နှစ်ဖတ်လုံးဟာ နိုင်ငံကိုတိုးတက်စေချင်တဲ့စေတနာရှိပါတယ်.......

တစ်ဖတ်နဲ့တစ်ဖတ် မတူတာတွေဘေးဖယ်ပြီး တူတာတွေရွေးလုပ်မယ်ဆို တော်တော်ခရီးပေါက်မှာပါ.....

လက်ခုပ်ဟာ နှစ်ဖတ်တီးမှာအသံမြည်မှာ ဖြစ်သလို အစိုးရနဲ့ အတိုက်အခံကြား Check&Balance ရှိမှ လိုရာပန်းတိုင်ကို ရောက်မှာပါ.........

၁၈ကြိမ်လောက် Back Fireနဲ့အသားကျနေတဲ့ ထိုင်းလိုနိုင်ငံမျိုးတောင် နောက်ဆုံး အတိုက်အခံတွေ အစိုးရကို ဆန္ဒပြပွဲမှာ လူတွေသေတယ် ထိခိုက်ဒဏ်ရာတွေရတယ် စီးပွားရေးတွေ ထိုးကျတယ်.......

Back Fireနဲ့ ခဏ ခဏ အသားမကျတဲ့ နိုင်ငံမှာ (မြန်မာ) ၈၈ကလို ပြန်သာဖြစ်ရင်တော့.......

ကျတော်တို့နိုင်ငံနောက်ထက် အနှစ်၄၀လောက် စုံးစုံးမြုပ်သွားနိုင်ပါတယ
၈၈ထက်လူတွေသေတဲ့အရည်အတွက်မလျော့နိုင်ပါဘူး
ပျက်ဆီး ဆုံးရှုံးမှုတွေ ၈၈လိုဖြစ်လာနိုင်သလို.....
ကြားကနေ ငထွားခါးနာမဲ့ စစ်တပ်ဟာ ပြည်သူနဲ့ပိုပြီး ဝေးကွာသွားနိုင်ပါတယ်.......

အမှန်ဆို ဒေါ်စုလုပ်သင့်တာဟာ သူပြောပြောနေတဲ့ "အမျိုးသားရင်ကြားစေ့ရေး"ပါ 
ဒါပေမဲ့ သူလုပ်နေတာတွေက သူပြောခဲ့တာတွေနဲ့ ကွဲနေပါတယ်......

ကျတော်တို့ပြည်သူတွေက ဘယ်အစိုးရပဲတက်တက် အေးအေးချမ်းချမ်းနဲ့နေချင်ပါတယ်။
အစိုးတစ်ခုတက်ဖို့အရေး သွေးထွက်သံယို ဆူဆူပူပူနဲ့ဖြစ်နေရင် ကြားထဲက မြေဇာပင်တွေလည်း အထောင်းခံနေရပါတယ်.....

ဒေါ်စုကို ပြောချင်တာကို ကိုယ့်အတ္တနဲ့ ပြည်သူကို ယှဉ်ထိုးကြည့်ပါ.....

သန်း၆၀သော မြေဇာပင်တွေကိုသနားပါ 

2 comments:

ဒေါ်စုကိုပြောသလိုစစ်တပ်ကလည်းလွန်ခဲ့တဲ့အနှစ်၅၀ကတည်းကပြည်သူတွေအပေါ်မှာနားလည်သင့်တယ်
တစ်သက်လုံးပြည်သူတွေကိုနားတွေပိတ်မျက်စိတွေမှိတ်နေစေခဲ့ပြီး အခုမှစေတနာထားသလိုလိုလုပ်ပြမနေပါနဲ့
ဒေါ်စုက တိုင်းပြည်ဘဏ္ဍာ ပြည်သူ့ဘဏ္ဍာကို အလွှဲသုံးစား ဘုံးထားတာဘာတစ်ခုမှမရှိဘူးမင်းတို့တစ်တွေကသာ
တစ်သက်လံးပြည်သူတွေကိုလိမ်လာတာညာလာတာ အခုလည်းလိမ်နေညာနေတုန်းပဲ

တိုင်းပြည်တိုးတက်အောင်လုပ်ရမည့်အစား လူကြီး မပီသတဲ့အလုပ်၊ သေးသိမ်သည့်အလုပ်များ ကိုသာ ဒေါ်စု လုပ်နေတော့သည်။ ကျွန်တော်တို့နိုင်ငံမှာ ဒေါ်စုလို လူမျိုးကို နိုင်ငံရဲ့ခေါင်းဆောင်အဖြစ် အသိ အမှတ် ပြုရမှာလား။ ဒေါ်စုက သူ့ကိုယ်သူ လူထုခေါင်းဆောင် ဟု ပြောသည်။ ဘာကိုကြည့်ပြီး လူထုရဲ့ ခေါင်းဆောင် ဟု ပြောပါသလဲ။ ဒေါ်စု အနားလာပြီး ပြည်ပက သူတောင်းစားလို တောင်းစားနေ ခဲ့တဲ့ အဖွဲ့တွေက ဒေါ်စုကို လူထုခေါင်းဆောင် ဟု အမည်တပ်ထားခြင်းသာ ဖြစ်ပေတော့သည်။ အထင်ကြီး စရာ ဆိုလို့ မတွေ့ရ။ တိုင်းပြည် အတွက် ဘာမှအလုပ်အကျွေးပြုမှု မရှိခဲ့။

မြန်မာပြည်ကို ဒေါ်စုပြန်ရောက်ချိန်မှ ယနေ့အထိ ဒေါ်စု ဘာအလုပ်လုပ်နေပါသလဲ။ ပညာသာ တတ် သည်။ ဘာမှမလုပ်ပါ။ ပြည်သူ့အကျိုးပြုတဲ့ လုပ်ငန်းကိုလည်း မလုပ်။ နိုင်ငံအကျိုးပြုတဲ့လုပ်ငန်းကိုလည်း မလုပ်။ မျက်နှာဖြူကို လင်တော်ပြီး ပြည်ပမှ ပေးစာ၊ ကမ်းစာကိုသာ စားနေခဲ့တာ နှစ်(၂၀)ကျော် လာပြီ ဖြစ် သည်။ ဒေါ်စုက သူ့ကိုယ်သူ နိုင်ငံသားတစ်ယောက်အဖြစ် ခံယူထားတယ်ဆိုတာမျိုးလဲ မရှိခဲ့။ ပြည်ပနိုင်ငံ များ၏ အလိုကျ သံကုန်ဟစ်ကြွေးပြီး ပြည်ပထောက်ပံ့ကြေးများကို ရယူခြင်းဖြင့် ကိုယ်ကျိုးရှာနေတော့သည်။

ထိုင်းဘုရင် သမီးတော် မဟာချက်ကရီသီရိဒုံနှင့် နှိုင်းယှဉ်ပါက ဒေါ်စုသည် မိုးနဲ့ မြေ ကွာခြားနေ ပါသည်။ မျိုးချစ်ခေါင်းဆောင်ကြီး၏ သမီးတစ်ယောက်ဖြစ်သော်လည်း.. နိုင်ငံခြားသားကိုလင်တော်… နိုင်ငံခြား မှ ပေးကျွေးမှုကို ခံယူနေသောသူကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ပြည်သူပြည်သားများ လက်ခံနိုင်ပါမည်လား။ အဖြေကို ပြည်သူကပင် သက်သေတည်ပါလိမ့်မည်။ ဒေါ်စုကို အကြံပေးလိုပါသည်။ တိုင်းပြည်တိုးတက်ရေး အတွက် လုပ်မယ်ဆိုရင် ကြိုဆိုပါတယ်။ ပြည်သူကောင်းစားရေးအတွက် လုပ်တယ်ဆိုရင် ကြိုဆိုပါ တယ်။ ဒေါ်စု လုပ်နေ တဲ့ အလုပ်တွေကို ပြည်သူတစ်ယောက်အနေနဲ့ တွေ့မြင်ရတာ စိတ်မချမ်းမသာဖြစ် ရပါ တယ်။ ဘာလုပ် သင့်တယ်။ ဘာလုပ်ထိုက်တယ်ဆိုတာကိုတောင် ခွဲခွဲခြားခြား မသိနိုင်သူကို ကျွန်တော် မည်သို့ ထောက်ခံရမည်နည်း။

လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကိုသာ လုပ်ကိုင်မည်ဆိုပါလျှင်…..

ပေးပို့သူ - မောင်စည်သူ
နေ့စဉ်သတင်း

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်