From : ပြည်သူ့အာဏာ
အတ္တ လန်တစ် သမုဒ္ဒရာ အတွင်း ရှိ မီယာမီ၊ ပြူတို ရီကို၊ ဘာမြူဒါ ကြားမှာ တည်ရှိ တဲ့ တြိဂံ ပုံစံ ဒေသ ဟာ ထူးဆန်း လှတဲ့ အခြေ အနေ တွေကြောင့် ထင်ရှား ကျော်ကြား တဲ့ နေရာ အဖြစ် သတ်မှတ် ခြင်း ခံထား ရ ပါ တယ်။ ဘာမြူဒါ တြိဂံ ဒေသရဲ့ ဆိုးရွား လှတဲ့ အကြောင်း ကို နယ်မြေ သစ် ရှာ ဖွေ ခဲ့တဲ့ ခရစ္စ တိုဖာ ကိုလံ ဘတ် က သူ့ရဲ့ မှတ်တမ်း ထဲမှာ ရေးသား ဖော်ပြ ခဲ့ဖူးတယ် လို့ သိရ ပါတယ်။
ဘာမြူဒါတြိဂံ ဒေသကြား ကိုဝင်ရောက် လာတဲ့ သင်္ဘောတွေ၊ လေယာဉ်တွေဟာ အကြောင်းပြချက် မယ် မယ် ရရမရှိဘဲ ပျောက် ဆုံးသွားခဲ့တာမို့ဒီဒေသကို မကောင်း ဆိုးဝါး နေရာ အဖြစ် သတ်မှတ် ထားကြပါတယ်။ အချို့က ဘာမြူဒါတြိဂံဒေသမှာ ဂြိုဟ်သား တွေ၊ ၀ဲဂယက်တွေ၊ မကောင်းဆိုးဝါး တွေ ကြီး စိုးနေတာမို့ သင်္ဘော တွေ နဲ့ လေယာဉ်တွေ ပျောက်ဆုံးနေခြင်းဖြစ်ရတယ်လို့ ဒဏ္ဍာရီ ဆန်ဆန်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အမေရိ ကန်သိပ္ပံပညာရှင်တွေကတော့ ဘာမြူဒါတြိဂံ ဒေသမှာ ဘာမှမရှိဘဲ ရာသီ ဥတု ဆိုးရွားမှု ကြောင့် သာ သင်္ဘော တွေနဲ့ လေယာဉ်တွေပျောက် ဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ အချက်အလက် တွေနဲ့ ထုတ်ပြန်သွားခဲ့ပါတယ်။
အမေရိကန်ရေတပ်နဲ့ ကမ်းခြေတပ်တို့ ရဲ့ လေ့လာမှု စစ်တမ်းကို အထောက် အထား ယူပြီး သမုဒ္ဒရာ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ (NOAA ) က ဘာမြူဒါတြိဂံဒေသ ဟာ ဘာမှမရှိဘဲ ရာသီ ဥတု ဆိုးရွား မှု ကြောင့် သာ လေယာဉ်တွေနဲ့သင်္ဘောတွေ ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်တယ်လို့ သတင်းထုတ် ပြန် ကြေညာ ခဲ့ ပါ တယ်။ မကောင်းဆိုးဝါးတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေကိုလည်း လက်တွေ့ ပြသဖို့ အထောက် အ ထား လုံးဝ မရှိခဲ့ဘူးလို့ ယင်းအဖွဲ့က ဆက်လက်ဆိုခဲ့ပါ တယ်။
ယင်းအဖွဲ့ရဲ့ ကြေညာချက်မှာ ““ကျွန် တော် တို့ ဟာ သင်္ဘောတွေနဲ့ လေယာဉ်တွေ ဘာမြူဒါတြိဂံဒေသမှာ ဘာကြောင့် ပျောက် ဆုံးခဲ့ရသလဲ ဆိုတာကို အကြိမ် ကြိမ် လေ့လာ မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံး ထွက် ပေါ်လာတဲ့အဖြေကတော့ ရာသီဥတုကြောင့် သာ ဖြစ် ပါ တယ်””လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။
၁၉၅၀ ပြည့်ကာလ တွေ အထိ ဘာမြူဒါ တြိဂံဒေသကို လူ တွေ သိပ်စိတ်ဝင်စားမှုမရှိခဲ့ ပါဘူး။ ဒါပေမဲ့ အေပီသတင်းဌာနက သတင်း ထောက် တစ်ဦးဖြစ်တဲ့ ဂျူံးစ်ဟာ ဒီအ ကြောင်း နဲ့ပတ်သက်ပြီး ရေးသားဖော်ပြမှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘာမြူဒါတြိဂံဒေသကို လူတွေ စိတ် ၀င် စားလာရခြင်း ဖြစ်ပါတယ်။
ဂျူံးစ်ရဲ့ ရေးသားဖော်ပြမှုအရ အမေရိကန် စစ်သင်္ဘောတွေဟာ ဘာမြူဒါ တြိဂံ ဒေသမှာ အကြိမ်ကြိမ်ပျောက်ဆုံးခဲ့တယ်လို့ သိခဲ့ရပါ တယ်။ ပြီးခဲ့တဲ့ နှစ် ဇန်န၀ါရီကာလမှာလည်း အီတလီ နာ မည်ကြီးဒီဇိုင်နာ မစ်ဆိုနီအပါ အ၀င် ခရီးသည်ငါးဦးဟာ ဘာမြူဒါတြိဂံဒေသ မှာ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆို ပါ တယ်။
ဒါပေမဲ့ (NOAA)အဖွဲ့ကတော့ ပင်လယ် သမုဒ္ဒရာ တွေဟာ လူသား တွေအတွက် အမြဲ တမ်း အသစ် အ ဆန်း တစ်ခု သဖွယ် ဖြစ်နေ ကြောင်း၊ ရာသီဥတု ဆိုးရွားမှုကို ဘယ်သူမှ ခန့်မှန်းလို့မရကြောင်း၊ ဒါကြောင့် ဘာမြူဒါ တြိဂံဒေသဟာဆိုးရွားတဲ့နေရာ ဖြစ်လာခဲ့ ကြောင်း ဆိုသွားခဲ့ပါ တယ်။

1 comments:
ဘာမြူဒါတြိဂံ နယ်မြေဟာ ပုံပြင်တစ်ပုဒ် လိုပါပဲ။ အဲဒီနေရာကိုရောက်သွားရင် သင်္ဘောတွေလေ ယာဉ် ပျံတွေ ပျောက် သွား တတ် ကြ တယ်။
သူဟာ အန္တလန်တိတ် သမုန္ဒရာရဲ့မြောက်ပိုင်း တွင် တည် ရှိသည်။ အ မေ ရိ ကန် ရေ တပ် (US Navy) က တော့ ဒီ ဘာမြူဒါတြိဂံနယ် မြေ ဟာ တကယ် မရှိဘူး ဆိုပြီး တရားဝင် သတ်မှတ်ထားတဲ့ နေရာများ(US Board Of Geographic Names) တွင် ထည့် သွင်း ထား ခြင်းမရှိပါဘူး။
လေယာဉ်တွေ သ င်္ဘော တွေ ဘာ လို့ ပျောက်သွားကြတာလဲ?
ဘာမြူဒါတြိဂံ နယ်မြေ ရဲ့ ပ ဟေဋ္ဌိကို သိပ္ပံပညာရှင် များ (Melbourne Researchers)က ၂၀၀၃ ခုနှစ်က ဒီလိုမျိုးဖြေရှင်း ခဲ့ကြပါတယ်။
ဒီလိုမျိုး သ င်္ဘော တွေ ပျောက် ဆုံး ခြင်း ရဲ့ အဓိကတရားခံ က တော့ပင်လယ်ရေအောက် မြေကြီးက ထွက်ပေါ်လာတဲ့ အလွန်ကြီးမားတဲ့ ဓါတ်ငွေ့ပူဖောင်းတွေ(Massive Gas Bubbles)ကြောင့်ဖြစ်ပါသည်။
သ င်္ဘောတွေကို နစ် မြုပ်စေတဲ့ ဒီ ပူဖောင်းလေးတွေ ဘာကြောင့်ထွက်ပေါ်ရတာလဲဆိုတော့ အနှစ်နှစ် အလလမှ ပင်လယ်ရေအောက်တွင် တည်ရှိနေတဲ့ မီသိန်းဓါတ်ငွေ့(Methane Gas) တွေကြောင့်ဖြစ် တယ်လို့ ဆိုပါတယ်။
ဒီဓါတ်ငွေ့တွေဟာ လေယာဉ် အင်ဂျင်နဲ့ ထိတွေ့တဲ့အခါ လေယာဉ်ကို ပေါက်ကွဲစေနိုင် တယ် လို့ ဆို ပါ တယ်။
သူတို့နောက် တစ်ခုတွေ့ရှိ ချက်ကတော့ ဒီပူဖောင်း လေးတွေရဲ့ အ ပေါ်တည့်တည့်မှာ သင်္ဘောရပ်မိ ရင် အန္တရာယ်ကင်းပြီး ဘေးအစွန် မှာ ဖြတ်သွားမိရင်တော့ နစ်မြုပ်စေနိုင်ပါတယ်။
သင်္ဘောတွေ ဘာလို့ နစ်မြုပ်တာလဲဆိုတော့ ပင်လယ်မြေအောက်က ဓါတ်ငွေ့ပူဖောင်းတွေ ရေ မျက်နှာပြင် ကို ရောက်လာတဲ့အခါ ကြီးမားတဲ့ ရေလှိုင်းတွေ ဖြစ်ပေါ်လာ တတ်သောကြောင့် ဖြစ်ပါ သည်။'
Ref: (Bermuda Triangle/Devil's Triangle)
From...FB
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်