Subscribe to our RSS Feed

သတိ။။ အန္တရာယ်ရှိသည်။ဗို့အား သန်းခြောက်ဆယ်

From : https://www.facebook.com/photo.php?fbid=270954073068590&set=a.111179099046089.21550.100004619984171&type=1

မနက်စောစောစီးစီး ဒီပို့စ်တင်ရတာ အားတော့နာတယ်ဗျာ။ဗယ်လင်တိုင်းဒေးမှာ ညနေရုံးပြန်ရင် မိန်းမနဲ့သားအတွက် ထုံးစံအတိုင်း အကြော်ဝယ်ပြန်ဖို့ကလွဲပြီး ကျန်တာ ဘာညာသာရကာ နေကြာကွာစိတွေလည်း မရှိတော့ မပြောမပြီး မတီးမမြည်ဆိုသလို စိတ်ထဲမှာ အချဉ်ပေါက်နေတဲ့ အားလုံးသိပြီးသား အကြောင်းအရာတွေကို ပြန်ပြီးမျှဝေပါရစေ။

ဒီနေ့ခေတ်ဟာ သတင်းနဲ့နည်းပညာခေတ်လို့ဆိုရလောက်အောင်ကို ပြင်ပကမ္ဘာမှာ ဖြစ်ပျက်နေသမျှတွေဟာ စက္ကန့်မစိုင်း အချိန်ပိုင်းအတွင်း အင်တာနက်တွင်းကို ရောက်ရှိလို့လာနေပါတယ်။

သတင်းတွေကတော့ အမျိုးအစားစုံလင်လှပြီး သတင်းခိုင်မာမှုနဲ့ တိကျမှုကို ရုတ်တရက်ခွဲဝေပိုင်းခြားပြီး အတည်ပြုချက် မရနိုင်လောက်ကို မြန်ဆန်လွန်းလှပါတယ်။

ဖြန့်ချိပေးသူတွေရဲ့ နောက်ကွယ်က ဖြန့်ဝေရခြင်း ရည်ရွယ်ချက်နဲ့ စိတ်အခြေအနေကိုလိုက်ပြီး သတင်းတစ်ပုဒ်ထဲမှာတင် ပုံစံအမျိုးစား များစွာကွဲပြားနေတာကိုလည်း တွေ့ရှိနေရပါတယ်။

နိုင်ငံရေးနှီးနွယ်သုံးစွဲနေသူတွေအပေါ် လေ့လာဆန်းစစ်မိသလောက် နည်းပညာနဲ့ရည်ရွယ်ချက်ကို ပေါင်းစပ်ပြီး သတင်းကို အတင်းလုပ်သူတွေရှိသလို၊ ကိုယ်လူ့ကိုယ်အမွှန်းတင်ပြီး ဟိမ၀န္တာခန်းဖွင့်ရာမှာလည်း အသုံးပြုနေကြတာတွေ့နေရပါတယ်။

မိမိတို့ရဲ့အားနည်းချက်ကိုဖုံးကွယ်ပြီး တစ်ဘက်လူရဲ့အားနည်းချက်ကိုဖိနင်းဖို့ ပုံမှားရိုက်ကာ အသုံးချနေရုံမျှမက သတင်းကို လိုသလို ဖြတ်ညှပ်ကပ်ကာ တစ်ဘက်လူကို ချောင်ပိတ်ကျုံးသွင်းအကြပ်ဆိုက်စေဖို့ အသုံးချနေတာကိုလည်း တွေ့နေရပါတယ်။

မည်သို့ပင်ဖြစ်စေ သတင်းကို မရိုးဖြောင့်သောသဘောနဲ့ လီဆယ်လုပ်ကြံဖန်တီးပြီ ဆိုကတည်းက အောက်လမ်းနည်းလို့သတ်မှတ်နိုင်ပါတယ်။

အောက်လမ်းနည်းကို အဓိကအသုံးများသူတွေကို ဖွေရှာကြည့်ရာမှာ ဘက်မညီတဲ့အတိုက်အခံအင်အားစုက အာဏာရအင်အားစုအပေါ် မနာလိုမရှုစိမ့်စွာနဲ့ ခလောက်ဆန်အကောက်ကြံတဲ့နေရာမှာ တလွဲအသုံးပြုနေတာကို တွေ့နေရပါတယ်။
သူတို့တိုက်ကွက်တွေရဲ့ ဦးတည်လမ်းကြောင်းတွေကိုကြည့်ရင် သွေးဆူလွယ်တတ်တဲ့ မြန်မာလူမျိုးတွေရဲ့စိတ်ကို လက်တစ်လုံးခြားလှည့်စားကာ ပြည်သူနဲ့အစိုးရရန်တိုက်ပေးခြင်း၊ပြည်သူနဲ့ တပ်မတော်ရန်တိုက်ပေးခြင်းလို့ အကြမ်းဖျဉ်းတွေ့ရပြီး နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး၊ဘာသာရေးတွေကို အကြောင်းပြပြီး ဆူပူမှုတွေ ကြီးသည်ထက်ကြီးထွားလာအောင်ဖန်တီးခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမာခံအင်အားစုတွေကို ချိနဲ့အောင် ၊တစ်ဦးနဲ့တစ်ဦး အမုန်းအာဃာတနဲ့ သံသယတွေပွားအောင်၊ ယုံကြည်မှုကင်းမဲ့ပြီး ပဋိပက္ခတွေ ပေါ်ပေါက်လာအောင်၊အားလုံးအကြပ်ဆိုက် ဂယက်ရိုက်လာအောင် အဓိကထားဖော်ဆောင်နေပြီး နောက်ဆုံးမှာ အာဏရအစိုးရဆင်းပေးရသည်အထိ အမြတ်ရရှိအောင် လုပ်ဆောင်နေတယ်လို့ သုံးသပ်မိပါတယ်။ လက်ရှိအခြေအနေမှာ နာမည်နှင့်လိပ်စာကို လျှို့ဝှက် လှီးလွှဲကာ အသုံးပြုနိုင်သော အင်တာနက်ပေါ်တွင်မကတော့ဘဲ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ကို အကြောင်းပြကာ ရောင်းချထုတ်ဝေနေသည့် သတင်းစာ၊ဂျာနယ်များထိ သည်အောက်လမ်းနည်းတွေ ရောက်ရှိနေပြီဆိုတာကိုလည်း စိတ်မချမ်းမြေ့စရာ မြင်တွေ့နေရပါတယ်။

ဒါဟာ နားလှည့်ပါးရိုက်နေတာဖြစ်သလို တစ်ဘက်ပုဂ္ဂိုလ်အဖွဲ့အစည်းကိုလည်း အကြပ်အတည်းရောက်အောင် မျက်နှာပြောင်တိုက် ဖန်တီးလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ သူတို့အဓိကဇောင်းပေးထိုးနှက်နေတာက အစိုးရအဖွဲ့ဝင်ပိုင်းရဲ့ အားနက်ချက်၊ပျော့ကွက်တွေ၊ တပ်မတော်သားတွေရဲ့ လစ်ကွက်၊ဟာကွက်တွေ၊ အတိုက်အခံသဘောကိုဆောင်လာတဲ့ ၉၆၉အကြမ်းမဖက်လှုပ်ရှားသူတွေနဲ့ ၅၉(စ) ထောက်ခံကြသူတွေရဲ့ စုစည်းမှုတွေကိုပဲဖြစ်တာတွေ့ရပါတယ်။

သာဓကတွေပြရရင် တစ်လှေကြီးပါပဲ။အစိုးရပိုင်းအနေနဲ့ ထမင်းတစ်နပ်လျှော့စားဖို့ပြောတဲ့ဝန်ကြီးရဲ့ ပြောစကားကို လိုသလောက်ပဲ ဖြတ်ညှပ်ထားတယ်။ပဲခူတိုင်းဝန်ကြီးချုပ် ပုဆိုးတိုတိုတုတ်တုတ်နဲ့ ရေထဲဆင်းအလုပ်လုပ်တာကိုတော့ ဖြတ်ထားပြီး လှေစီးတာကိုတော့ ကပ်ထားတယ်။ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဒေသခံပြည်သူတွေနဲ့ ဟေးလေးဟားလား တရင်းတနှီးပျော်ပါး နေတာကိုတော့ ဖြတ်ထားပြီး ပါးရိုက်မယ်ဆိုတာကိုတော့ ပြောမဆုံးပေါင်တောသုံးတောင်။ နောက်ဆက်တွဲအနေနဲ့ ဗီဒီယိုရိုက်တင်တဲ့အမှုနဲ့ NLDလင်မယား ဒေသခံရွာသားတွေနဲ့စကားများပြီး သစ်ရာကောက်ကပြောင်းပြေးရတာကိုတော့ ထိန်ချန်ထားတယ်။ လ၀က၀န်ကြီးစကားအပြည့်အစုံကို မဖော်ပြဘဲ ပြည်သူတွေသွေးဆူနိုင်တဲ့စကားပဲ ကွက်ဖော်ပြတယ်။

တပ်မတော်ပိုင်းအနေနဲ့ တောထဲတောင်ထဲမှာ သက်စွန့်ဆံဖျားအလုပ်လုပ်နေတာတွေ၊မိုးထဲရေထဲမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ကိုယ့်ရိက္ခာကိုထမ်းပြီး အပင်ပန်းခံလုပ်နေတာတွေကိုကျ မသိကျိုးကျွံပြုထားလို့ ပြုထားတယ်။မတစ်ထောင်သားတွေနဲ့ ဖွဲ့စည်းထားတဲ့တပ်မှာ တစ်မှုတစ်လေအမှုပွေရင်ကျ ပြည်ပဲ ပျက်ရတော့မလို ဖော်ပြတယ်။ဒါတင်မက တပ်မတော်သား အချင်းချင်း အထက်အောက်သွေးခွဲခြင်းတွေ မိုးမွှန်အောင် လုပ်လားလုပ်ရဲ့။ အရင်က အဖြစ်အပျက်တွေကို ချီးခြောက်ရေနှုးလား နှုးရဲ့။တိုင်းပြည်က ခွဲထွက်ဖို့ အကွက်ချောင်းနေတဲ့ သူပုန်သူကန်လုပ်နေတာတွေကိုကျ မျိုးချစ်ကာကွယ်ရေး သူရဲကောင်းတွေလိုလို ဟီးရိုးလုပ် ဂုဏ်တင်ပြီး တိုင်းပြည်ကာကွယ်နေတဲ့ စစ်သားကျ ဇီးရိုးလုပ်ဖော်ပြတယ်။

ကိုယ်ကိုးကွယ်ရာဘာသာရေးနဲ့ ကိုယ်ယုံကြည်ရာအမျိုးသားရေးလှုပ်ရှားနေသူတွေကိုကျ ဘင်လာဒင်နဲ့ ခိုင်းလို့ခိုင်း၊အကြမ်းဖက်ဝါဒီနဲ့ နှိုင်းလို့နှိုင်း ရိုင်းချင်တိုင်းရိုင်းကြတယ်။ ၅၉(စ)ဟောပြောပွဲတွေမှာ လက်မှတ်ထိုးတဲ့နေရာကို သတင်းလာမယူဘဲ ခုံစီနေတဲ့အချိန် ဓာတ်ပုံလာရိုက်ပြီး ထောက်ခံမှုမရှိသယောင် ကလိန်ကကျစ်လုပ်တင်ကြတယ်။ဒါတင်မက ၅၉(စ)မပြင်သူ ဒို့ရန်သူလို့တောင် ခြိမ်းကြခြောက်ကြ၊ဟိန်းပြဟောက်ပြတယ်။သူတို့ ဒုတိယဘုရားက ကုလားဘက်ခပ်ပါပါဆိုတော့ ကုလားသွေးဝင်ပြီး တရားဆေးမခင်တော့ဘူးဆိုရလောက်အောင် အသိဥာဏ်မဲ့ သရဏဂုံပျက်သည်အထိ ကုလားထိဓားကြည့်ဖြစ်ကြတယ်။

သူတို့အမွှန်းတင်ချင်တဲ့လူပုဂ္ဂိုလ်ကိုကျ အနှိုင်းမဲ့ သမိုင်းချဲ့ပြတယ်။သူတို့လူတွေ ဖောင်းတဲ့စကားတွေကျ မိုးကြိုးပစ်ရာထန်းလက်နဲ့ကာကြတယ်။

ဒါကြောင့် အင်တာနက်ပေါ်မှာ သတင်းတစ်ပုဒ်တက်လာလျှင် တက်လာချင်း ချက်ချင်းမယုံကြဖို့၊တိကျခိုင်မာမှုရှိအောင် အချိန်အတိုင်းအတာတစ်ခုထိစောင့်ကြည့်ကြဖို့၊ စွပ်စွဲခံရသူဘက်က တုန့်ပြန်ဖြေရှင်းသည်အထိ စိတ်ရှည်သည်းခံကြဖို့လိုပါတယ်။
ဒါမှမဟုတ်ရင်တော့ သူတို့အရူးလုပ်လိုက်သမျှ နောက်ကွယ်ကနေ ဟားတိုက်ရယ်မောနေကြမှာကို ကျောကော့အောင်ခံနေကြရဦးမှာဖြစ်သလို သူတို့ရည်ရွယ်သွေးထိုးမှုတွေ အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရှိတာကြောင့် ဒီထက်ပိုဆိုးဝါးတဲ့ဂယက်တွေနဲ့ မမြင်နိုင်သော အကြောင်းတရားတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။နုနယ်တဲ့ နိုင်ငံတည်ဆောက်ရေး လမ်းကြောင်းပေါ်ကနေ လမ်းကြောင်းချော်တိမ်းမှောက်အောင် ဇွတ်တွန်းချနေသူတစ်စုရဲ့လှည့်ကွက်တွေ အမှန်တကယ်ရှိနေတာကို သတိပြုဆင်ခြင်နိုင်ကြပါစေ။

နောက်ပြန်ဆွဲလိမ့်မည် ဆိုသည့်စကားလုံးကို ရေလဲသုံးပြီး အမှန်တကယ်နောက်ပြန်ဆွဲရန် ဘယ်သူသေသေ ငတေမာပြီးရော စိတ်သဘောဖြင့် ဆင်ကြံကြံနေသူများအား သတိကြီးစွာထားကြပါ။

သတင်းတွေရဲ့လာရာနဲ့ သတင်းတွေရဲ့လားရာကို ချင့်ချိန်နိုင်ကြပါစေ။

အာဏာရအစိုးရ၊မျိုးချစ်တပ်မတော်နှင့် မျိုးချစ်ပြည်သူကြား သွေးကွဲရန်တိုက်ကွက်ဖော်နေသည်။ 

သတိ။။ အန္တရာယ်ရှိသည်။ဗို့အား သန်းခြောက်ဆယ် 

2 comments:

The so called demo have been doing these wicked activities in this country long time ago. Only a few thoughtful individuals recognize their activities.

ဒါလားဟဲ့ ဒီမိုကရေစီ၊ သူများခံစားချက် ယုံကြည်ချက်ကို မလေးစားတာ ၊ NLD သာမပြောကောင်းမဆိုကောင်း အာဏာရသွားရင် ဒေါ်စုအကြောင်းရေးတာနှင့် ဖမ်းမယ့် စာပေကင်ပေတိုင်တွေ ပေါ်လာလိမ့်မယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်