Subscribe to our RSS Feed

မျိုးစောင့် ဥပဒေ တောင်းဆိုချက် လွှတ်တော်ကို သမ္မတပို့

From : BBC


အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ သံဃာ့ ညီလာခံ 
 
အမျိုး ဘာသာ သာသနာ စောင့်ရှောက်နိုင်ရေးအတွက် ဥပဒေ ၄ ခု ပြဋ္ဌာန်းပေးဖို့ နိုင်ငံတော် သမ္မတကို မြန်မာနိုင်ငံသား တစ်သန်းကျော်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့တဲ့ ကိစ္စမှာ လိုအပ်သလို ဥပဒေပြုနိုင်ရေး ဆောင်ရွက်ပါလို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် နာယကကို သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ အဓိကကျတဲ့ လူမှုရေး မညီမျှမှုတွေ ပြေလည်အောင် ဥပဒေ ၄ ရပ်ကို ပြဋ္ဌာန်းပေးဖို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့-ဗဟို ဥက္ကဋ္ဌ ဆရာတော်က နိုင်ငံသားပေါင်း ၁၃၃၅၆၀၀ တို့ရဲ့ လက်မှတ်တွေနဲ့အတူ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကတော့ သမ္မတရဲ့ သဝဏ်လွှာတိုင်းကို အစဉ်အမြဲ အလေးထား ဆောင်ရွက်လေ့ရှိတယ်၊ ဥပဒေပြုရေး ကိစ္စမှာတော့ ဥပဒေကြမ်းအဖြစ် တင်သွင်းခွင့်ရှိသူက တင်သွင်းလာတဲ့ ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ သင့် မသင့် ဆိုတာက စပြီး လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေအတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားဖို့ လိုတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးအောင်က ပြောပါတယ်။

အမျိုး ဘာသာ သာသနာ စောင့်ရှောက် နိုင်ရေးဆိုတဲ့ ဥပဒေတွေကို လွှတ်တော်မှာ ကိုင်တွယ် ဆောင်ရွက်တဲ့အခါ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ၊ ပထဝီ အနေအထားနဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်ကြတဲ့ အနေအထား တို့ကြောင့် အခက်အခဲတွေ စိန်ခေါ်မှုတွေ အများအပြား ရင်ဆိုင်ရနိုင်တယ် လို့လည်း သူက ပြောပါတယ်။

တောင်းဆိုတဲ့ ဥပဒေ ၄ ခုက ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းနဲ့ ဆိုင်တဲ့ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယား စနစ် ကျင့်သုံးရေးဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေတွေ ဖြစ်ပါတယ်။

1 comments:

ဒေါ်စု အာဏာရရင် အမျိုးဘာသာ သာသနာ ကွယ်မယ်။ အချက်အလက်နဲ့ပြောမယ်။
၁။ ရခိုင်မှာ မသီတာထွေးကို မူဆလင်တွေက မုဒိန်းကျင့် လည်လှီး မအင်္ဂါလှီးဖြတ်ပြီး အသတ်ခံရတုန်းက ၀မ်းနည်းကြောင်း ဒေါ်စု ဘာလို့ မပြောခဲ့သလဲ။
၂။ မူဆလင်တွေကို အစိုးရက တစ်မိသားစု ကလေးတစ်ယောက်ပဲယူဖို့ အမိန့် ထုတ်တာကျတော့ ဘာကြောင့် ဒေါ်စု ကန့်ကွက်သလဲ။
၃။ မလေးမှာ မြန်မာတွေ အသတ်ခံရတော့ လူ့အခွင့်အရေးချိုးဖောက်တာလို့
ဘာဖြစ်လို့ ဒေါ်စု မကန်ကွက်ခဲ့သလဲ။
၎။ အစိုးရက ဘင်ဂါလီကို တိုင်းရင်းသား မဟုတ်ဘူးလို့ ကြေငြာတော့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဖို့ ဒေါ်စု ဘာလို့ ထုတ်ပြောတာလဲ။
၅။ OIC ရုံး မြန်မာပြည်မှာ ဖွင့်ဖို့ ဘာလို့ ဒေါ်စု ထုတ်ဖော်ပြောသလဲ။
၆။ အရှင်ဆန္ဒဓိက နဲ့ ဒေါ်စု အလှူမှာ ဘာလို့ တတန်းတည်း တက်ထိုင်တာလဲ။
ရ။ နိုင်ငံတာကာမှာ ဆုတွေတသီကြီးသွားယူပြီး ကိုယ့်တိုင်းရင်းသားတွေနေတဲ့ ရခိုင်ပြည်ကို ဘာလို့ မသွားရဲတာလဲ။
၈။ မထ္ထီလာမှာ မြန်မာတွေကို မလှူဘဲ မွတ်ဆလင်ကို ဘာလို့ သိန်း ၂၀၀၀ သွားလှူတာလဲ။
၉။ မြန်မာပြည်မှာ ရှေနေတွေ မြောက်များစွာရှိလျှက်နဲ့ မွတ်ဆလင် ကိုနီ ကို ရှေနေများကွန်ယက်မှာ ဘာလို့ နေရာပေးထားတာလဲ။
အခြား ပြောစရာတွေ အများကြီးကျန်သေးတယ်။
ဒါကြောင့် ဒေါ်စုအာဏာရရင် မွတ်ဆလင်နိုင်ငံဖြစ်သွားမယ်။
သမ္မတ ဖြစ်ခွင့်ရှိတဲ့လူ မြန်မာပြည်မှာ သန်း ၆၀ ရှိတယ်။
အရည်အချင်းရှိတဲ့ ခေတ်ပညာတတ်တွေအများကြီးရှိတယ်။
ဦးသိန်းစိန်မှမဟုတ်ဘူ။ ဒေါ်စုမှ မဟုတ်ဘူး။
ဒေါ်စု သမ္မတ ဖြစ်မှ နတ်ရေကန်ထဲပစ်ချလိုက်သလို တိုးတက်မယ် ထင်နေတာ ယုံကြည်မှုလွန်ကဲတာ။ ပုဂ္ဂိုလ်ရေးကိုးကွယ်တာ။
ပုဂ္ဂိုလ်ရေးမကိုးကွယ်နဲ့။ ကိုးကွယ်ဖို့ ရတနာသုံးပါရှိပြီးသားပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်