Subscribe to our RSS Feed

ပြည်သူလူထုတွေ ဘဝ

From : Khin Mg Htwe



ကြားလို့ကောင်းကြ သေးရဲ့လား ချစ်အဆွေတို့ရာ၊ မြန်မာပြည်ကြီးတော့ မှားပါသည်၊ ပြည်သူထုမှာ သနားစရာ ကောင်းလှပါတော့ပြီ။

အမျိုးမျိုး ညာလှိုင်းပြီး မဲဆွယ်နေကြပါလားဗျာ၊ တော်တော်လည်း အောက်တန်း ကျလွန်း လှပါပြီ။

ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် မန်းလေးက စာပေဟောပြောပွဲ တစ်ခုမှာ စာရေးဆရာ မောင်သွေးသစ်သည် ကန်တော့ပွဲကြီး ရှေ့မှာချလို့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဝိညာဉ်ကို ခေါ်ပူးပြီး ဗိုလ်ချုပ် ဝင်တယ် ဆိုပြီး ပြောသွား သတဲ့၊ အဓိကအချက်ကတော့ NLDကို မဲပေးကြပါတဲ့။

အဟားဟားဟား ဟားဟား...အဟေးဟေးဟေးဟေး.....ကန်တော့ဗျာ...ကျနော်တော့လေ...ထပ်တောင်းပန်မယ်..ကန်တော့နော်၊ ကျနော်တော့လေ ဂွေးတက်ချင် လောက်အောင် တစ်ယောက်ထဲ ရယ်နေရတယ်ဗျ၊ ဝိုင်းရယ်ပေးကြပါဦး၊ အဟားဟားဟားဟား...ခေ့ဇ်ခေ့ဇ်ခေ့ဇ်ခေ့ဇ်sss။

ရယ်သာ ရယ်ရတာပါ ချစ်အဆွေတို့ရာ..ကြက်သရေ တုံးလိုက်တာပါ၊ အောက်တန်း ကျလိုက်တာ။
ဒီလောက် စိတ်ထား မြင့်မြတ်တဲ့ ဖခင်ဗိုလ်ချုပ်၊ တိုင်းပြည်နဲ့ လူမျိုး လွတ်လပ်ရေးအတွက် ပေစုတ်စုတ် ဘဝလေးနဲ့ ဖြစ်သလိုနေ ဖြစ်သလိုစား၊ သူ့ကို လုပ်ကြံမှာတောင် သိသိကြီးနဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ကျင်းပရင်း ကမ္ဘာမှာ ကျော်မကောင်း ကြားမကောင်း နိုင်ငံရေး ခေါင်းဆောင်တွေကို အင်္ဂလိပ်က လက်ထောက်ချပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ၊ဒီထဲမှာ သေနတ်ဒဏ်ရာ ၁၃/၄/၅ချက် အလှူခံယူပြီး ရဲရဲကြီး သေပွဲဝင်ပေးခဲ့တဲ့ သူတော်ကောင်းကြီး....ဗိုလ်ချုပ်၊ ဒီ...အောက်တန်းစားကောင် မောင်သွေးသစ် ချိုးသလို မကျွတ် မလွတ်သေးသော နာနာဘာဝ သရဲတစ္ဆေညာဉ်ဘဝမှာ နေနေရသေးလား၊ ပြတ်ပြတ်သားသား တွေးမယ်၊ ဗိုလ်ချုပ် နိဗ္ဗာန် ရောက်ခဲ့ပါပြီ။

ဗိုလ်ချုပ်မွေးနေ့.. .နေ့ထူးနေ့မြတ်ကို ဗန်းပြ၊
ဟိတ်ကြီး ဟန်ကြီးနဲ့ စာပေဟောပြော ပွဲယောင်ဆောင် စင်ပေါ်လည်း တက်သေးတယ်၊ ကျနော်တို့ အသည်းထဲက ဖခင် ဗိုလ်ချုပ်ကိုလည်း မကျွတ် မလွတ်သေးတဲ့ နာနာဘာဝ သရဲ တစ္ဆေအဖြစ် ယောင်ဆောင် ပူးကပ်သလို လုပ်ပြီး NLD အတွက် မဲဆွယ် သွားသေးတယ်၊ ဒါလားကွ...ပြည်သူ့အကျိုးပြု စာရေးဆရာ၊ ဒါလားကွ..ပြည်သူလူထုကို အလင်းဖွင့်ပေးနေတာ။

ပြည်သူလူထုတွေက အသုံးချခံ ဘဝမဟုတ်ဘူး၊ တုံးတုံး အအတွေ မဟုတ်ဘူး၊.ထပ်ပြောပေးမယ်..ပြည်သူလူထုတွေက အသုံးချခံ ဘဝမဟုတ်ဘူး၊ တုံးတုံးအအတွေ မဟုတ်ဘူး။
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်