Subscribe to our RSS Feed

မင်းသားဟယ်ရီ နှမြောတသ ဖြစ်သွားမည့် ဖလောရင့်စ်

From : .Planet Myanmar Network
အမျိုးသမီး အတွင်းခံနှင့် ရေကူးဝတ်စုံဖက်ရှင် အမှတ်တံဆိပ်သည် နွေဦးနှင့် နွေရာသီအတွက် ရည်ရွယ်သော ဖက်ရှင်အသစ်များကို SS14 အမည်ရှိ Collectionဖြင့် ရောင်းချသွားမည်ဖြစ် ရာ ကြော်ငြာအစီအစဉ်အတွက် ဖလောရင့်စ် ဘရူဒန်နဲလ် ဘရုစ်ကို ရွေးချယ်ခဲ့
ဗြိတိသျှ တော်ဝင်မင်းသား ဟယ်ရီအနေဖြင့် Rigby & Peller၏ ကြော်ငြာဓာတ်ပုံများကို တွေ့မြင်ချိန်၌ နှမြောတသသည့် ခံစားမှုမျိုး ဖြစ်ပေါ်လာဖွယ် ရှိနေသည်။ အမျိုးသမီး အတွင်းခံနှင့် ရေကူးဝတ်စုံဖက်ရှင် အမှတ်တံဆိပ်သည် နွေဦးနှင့် နွေရာသီအတွက် ရည်ရွယ်သော ဖက်ရှင်အသစ်များကို SS14 အမည်ရှိ Collectionဖြင့် ရောင်းချသွားမည်ဖြစ်ရာ ကြော်ငြာအစီအစဉ်အတွက် ဖလောရင့်စ် ဘရူဒန်နဲလ် ဘရုစ်ကို ရွေးချယ်ခဲ့သည်။ ဘဟားမားစ်တွင် ဓာတ်ပုံဆရာ အက်ဒီဝါရီ၏ လက်ရာ ရိုက်ချက်များ၌ ဖလောရင့်စ်၏ ဆွဲဆောင်မှု ပြည့်ဝသော ပုံရိပ်များကြောင့် SS14 Collection အနေဖြင့် အမျိုးသမီး ပရိသတ်ထုကြား ရေပန်းစားလိမ့်မည်ဟု သတင်းများက ချီးကျူးရေးသားခဲ့သည်။အသက်(၂၅)နှစ် ရှိပြီဖြစ်သော ဖလောရင့်စ်သည် (၂၀၁၁)ခုနှစ်က မင်းသားဟယ်ရီနှင့် တွဲဖြစ်ခဲ့သည်။ ယင်းမတိုင်မီက သူမသည် ဂျန်ဘာတန်နှင့်လည်း ချစ်သူဖြစ်ခဲ့သေးသည်။

Rigby & Pellerက ဖလောရင့်စ်နှင့် လက်တွဲအလုပ်လုပ်ရသည်ကို အလွန်ကျေနပ်ကောင်း ပြောဆိုထားပြီး ယင်းCollection အသစ်ကို ဧပြီတွင် စတင်ရောင်းချမည်ဟု ကြေညာထားသည်။ ဖလောရင့်စ်သည် လက်ရှိတွင်မူ သန်းကြွယ်သူဌေး ဟင်နရီ စိန့်ဂျော့ဂ်ျနှင့် လက်ထပ်ထားပြီ ဖြစ်သည်။ သူမသည် အသက်(၁၅)နှစ် အရွယ်ကတည်းက မော်ဒယ်လ်သွေးသစ် ရှာဖွေရေး အေးဂျင့်တစ်ဦး၏ တွေ့ရှိမှုဖြင့် ယင်းနယ်ပယ်ထဲ စတင်ခြေချ ဝင်ရောက်လာခဲ့သည်။ ဖလောရင့်စ် အနေဖြင့် Adidasကဲ့သို့ နာမည်ကျော် အမှတ်တံဆိပ်များတွင်လည်း ပါဝင်ကိုယ်ဟန်ပြခွင့် ရရှိထားပြီး မော်ဒယ်လ်လောကတွင် ခိုင်မာသော နေရာတစ်ခုကို ဆုပ်ကိုင်ရပ်တည်နိုင်နေပြီဟုလည်း သိရှိရသည်။ 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်