Subscribe to our RSS Feed

NLD မှာလည်း ဒေါ်အောင် ဆန်းစုကြည်က လွဲပြီး ကျန်တဲ့ကောင်တွေ တစ် ကောင်မှ သောက်သုံးမကျဘူး ဟု ဘူးလက်လှဆွေ ဝေဖန်

From : ပြည်သူ့ အာဏာ


လူထုထောက်ခံမှု ခိုင်ခိုင်မာမာ ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတွင် ဒေါ်အောင် ဆန်းစုကြည်က လွဲပြီး ကျန်တဲ့ကောင်တွေ တစ် ကောင်မှ သောက်သုံးမကျဘူး ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ဝေဖန် ပြောကြားလိုက်ကြောင်း သိရှိရသည်။

ပြည်တွင်းထုတ် Hot New သတင်းဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ရာတွင် ဦးလှဆွေက ထိုသို့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ခြင်း ဖြစ်သည်။

"၅၉ (စ) က ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားတာဆိုရင် ဒါစွပ်စွဲတာပဲ။ ကျွန်တော့် အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်သည် ကျွန်တော်တို့ရဲ့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်းရဲ့သမီးဖြစ်တယ်။NLD မှာလည်း ဒေါ်အောင် ဆန်းစုကြည်က လွဲပြီး ကျန်တဲ့ကောင်တွေ တစ် ကောင်မှ သောက်သုံးမကျဘူးဆိုတာလည်းသိတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ်ဆိုရင်လည်း လက်ခံတယ်။ ဒီတော့ သူ့ကိုသမ္မတဖြစ်အောင်ဘယ်လို နည်းနဲ့ ဖြေလျှော့ပေးမလဲပေါ့နော်။ သူ့မှာ ခင်ပွန်းက လည်းသေသွားပြီ။ နိုင်ငံခြားက သူ့သားနှစ်ယောက် မြန်မာနိုင်ငံသား ခံယူလိုက်ရင်ပြီးရော၊ ချွေးမတွေ ဘာတွေဆိုရင်လည်း ကင်းလွတ်စေဆိုပြီး ဖြေလျှော့ ပေးလို့ရတယ်ပေါ့နော်။ အဲဒီမှာ ဦးကိုနီက ဘာထ ဖြစ်သလဲဆိုရင် ဦးလှဆွေ ပြောတာမဟုတ်ဘူး။ ၁၈ နှစ်ပြည့်ပြီးသား သားနှစ်ယောက်ကို ဘယ်နိုင်ငံသား ခံယူပါ၊ ဒီနိုင်ငံသားခံယူပါလို့ ပြောခွင့်မရှိဘူးတဲ့။ ကျွန်တော် ဆိုလိုချင်တာက သားနှစ်ယောက်လို ပြော လို့မရရင် သန်းခြောက်ဆယ်သော ပြည်သူတွေကို ဘယ်လိုပြောမလဲ။ ကျွန်တော်ပြောတာ မဟုတ်ဘူး လား။ ကျွန်တော် တို့တတ်နိုင်သမျှ ဖြေလျှော့ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အရည်အချင်းရှိတဲ့ အမျိုးသမီးတစ် ယောက်ပါ။ သူ့ကို ပုဂ်္ဂလိက အမြင် ကပ်တာမျိုး လုံးဝမရှိပါဘူး" ဟု ဦးလှဆွေက ပြောကြားသည်။
၎င်းအပြင် NLD ပါတီသည် မိမိဓါတ်ပုံကို မိမိ ဖော်ပြ၍ သတ္တိရှိရှိ ယှဉ်ပြိုင်ရဲသူများ မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ဓါတ်ပုံများကို အကာအကွယ်ယူကာ ဆင်ဖြူတော်မှီပြီး ကြံစုတ်နေသူများ သာ ဖြစ်ကြောင်း၊ ကိုယ်ပိုင်အရည်အချင်း မရှိကြသူများ ဖြစ်ကြောင်းလည်း ၄င်းက ပြောဆိုသည်။

"၂၀၁၅မှာ NLD က ဘယ် လိုပွဲထွက်လာမလဲဆိုတော့ ကိုယ့်ပုံကိုယ် မပြရဲတဲ့သူ တွေပဲ။ လာလိမ့်မယ်။ ကျွန်တော်တို့ကတော့ ကျွန် တော်တို့ပုံ ကျွန်တော်တို့ ပြရဲတယ်။ ဥပမာအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုပဲကြည့်။ ကြံ့ခိုင်ရေးက ဦးဖြူနဲNLD က ဦးမဲတို့ပြိုင်ကြတယ်ပေါ့နော်။ အဲဒီမှာ ကြံ့ခိုင်ရေးဦးဖြူက သူ့ဓာတ်ပုံကြီး ချိတ်ပြီးပြတယ်။ ဗီနိုင်းနဲ့ထုတ်ပြီးကားနဲ့ လှည့်တယ်။NLDကဦးမဲက တော့ ဗိုလ်ချုပ်အောင်ဆန်း ဘိလတ်သွားတုန်း အင်္ကျီ ထဲ လက်နှိုက်ထားတဲ့ ပုံကိုချိတ်ပြီးလာတာ။ နောက် ဒေါ်အောင်ဆန်းစုကြည်ပုဝါကြီးနဲ့ပုံကို ပုံကြီးချဲ့ ချိတ် ထားတယ်။ ကြံ့ခိုင်ရေးက ဦးဖြူက လူဖော်ပြီးNLD က ဦးမဲက ပုန်းနေတယ်ဆိုတော့ သူကဘာတုန်း။သူတို့က ကျွန် တော်တို့ ကြံခိုင်ရေးတွေကို မိုးကျရွှေကိုယ်လို့ ပြော ကြတယ်။ သူတို့ကကျတော့ မြေလျှိုးပြီးလာတာဗျ။ ရောက်လာတာဗျ။ ပြောချင်တာက ၂၀၁၅ ရွေး ကောက်ပွဲမှာ ပြိုင်မယ်NLD က အမတ်တွေ ကိုယ့်ပုံ ကိုယ်ဖော်ပြီးပြိုင်ပါ။ ဓာတ်ပုံကြီးနဲ့လာပါ။ ကျွန်တော် ကတော့ ဒီရှုပ်ပါတီက မောင်မဲဖြစ်ပါတယ်။ ကြံ့ဖွံ့ က ဘူးလက်လှဆွေနဲ့ ပြိုင်ပါမယ်ဆိုပြီး သတိ္တရှိရှိပြိုင် ပါ" ဟု ဦးလှဆွေက စိန်ခေါ်ပြောကြားသည်။

ထို့အပြင် ဒီချုပ်လား၊ ဒီရှုပ်လား ဟု NLD ပါတီကို မေးခွန်းထုတ်ခဲ့ပြီး လွှတ်တော်တွင်း၌လည်း မပြောရဲမဆိုရဲ ဖြစ်နေကြောင်း ပြောကြားခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျန်းမာရေးထိခိုက်မည် စိုးသဖြင့် ချင်းတောင်ကဲ့သို့ ရေခဲတမျှအေးသည့် ဒေသများကို သွားရောက်စည်းရုံးခြင်း မပြုဘဲ ချင်းတိုင်းရင်းသားများကို အခွင့်အရေးပေးပါ ဟု တိုက်တွန်းပြောကြားလိုက်သည်။

"ခုဟာက သူတို့ပုံလည်းမဖော်၊ လွှတ်တော်ထဲ ရောက်တော့လည်း ဘာမှမပြောရဲဘူး။ လွှတ်တော် ထဲမှာနင်လား၊ ငါလား အစိုးရကို အတိုက်အခံလုပ် တာ ကြံ့ခိုင်ရေးက အမတ်တွေပဲ။ ဒီချုပ်လား၊ ဒီရှုပ် လားတော့ မသိဘူး။ လွှတ်တော်ထဲမှာလည်းဘာမှ မပြော။ စည်းရုံးရေးဆင်းတော့လည်းသူ့ ပုံသူမဖော်။ဗိုလ်ချုပ်အောင်ဆန်း ပုံကြီးနဲ့ဆိုတော့ ဗိုလ်ချုပ် အောင်ဆန်းကဘယ်တုန်းကများNLD ပါတီဝင် သွားလည်းမသိဘူး။ ဗိုလ်ချုပ်ပုံကြီးကိုသုံးပြီး စည်းရုံး ရေးဆင်းမယ်ဆိုရင်တော့ ကျွန်တော်တို့ ဘယ်လိုမှ မယှဉ်နိုင်ဘူး။ ဗိုလ်ချုပ်နဲ့ ကျွန်တော်တို့ဆိုတာက ပြည်သူတွေနဲ့အမြင်မှာ နံ့သာဆီနဲ့ လက်ပံတုံးလိုပဲ။ ကျွန်တော်ယှဉ်ရင် ရှုံးမှာပဲ။ စန်္ဒာမင်းပဲ လာလာ၊ ဇေယျာသော်ပဲလာလာ။ ဘူးလက်လှဆွေနဲ့ပြိုင်မယ်။ စန္ဒာမင်းဆိုလည်း စန်္ဒာမင်းပုံကိုဖော်ပြီးပြိုင်၊ ဇေယျာ သော်ဆိုလည်း သူ့ပုံကိုသူဖော်ပြီးတော့ပြိုင်၊ ဗိုလ်ချုပ် အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ဖော်ပြပြီးတော့ သူတို့ပုံကို သူတို့မဖော်ဘဲ ရွေး ကောက်ပွဲဝင်ပြိုင်ရင်တော့သတ်္တိမရှိလို့ပဲ၊ ကျွန်တော် ကတော့ ဒီလိုပဲမြင်တယ်။ ဒီလိုပဲ။ ဒေါ်အောင်ဆန်း စုကြည်နဲ့ဆိုလည်း ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ လာမယ့် ၂၀၁၅ ပွဲထွက်တဲ့အခါNLD အနေနဲ့ သတိ္တရှိကြပါ။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဟာလည်း အသက်လည်းရလာပြီ။ ချင်းတောင်လို ရေခဲတဲ့နေရာတွေ သွားမနေပါနဲ့။ ကျန်းမာရေး ထိမှာစိုးလို့ပါဗျာ။ အဲဒီချင်းတောင်လိုနေရာတွေမှာ တိုင်းရင်းသားတွေကိုပဲပေးလိုက်ပါ။ သတိ္တဆိုတာက ဒါငါ့ပုံ ဒီပုံချိတ်ထားပြီး ရွေးကောက်ပွဲဝင် အရွေးခံ မယ်။ ဒါဆိုပြည်သူက အကဲခတ်ပြီး ရွေးသင့်မရွေး သင့် စဉ်းစားလို့ရပြီလေ။ ခုဟာက ဗိုလ်ချုပ်ပုံပဲ သုံးနေတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာမြန်မာပြည်သူ တွေရဲ့ နှိုင်းမရတဲ့ ဖခင်။NLD ပါတီရဲ့ ခေါင်း ဆောင်လည်းမဟုတ်ဘူး။ ပါတီဝင်လည်း မဟုတ်ဘူး" ဟု ၄င်းက ပြောဆိုသည်။

ဦးလှဆွေသည် ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့စဉ်က ရွှေလက်နှင့် ခေါ်တုန်း မလာလျှင် Bullet တွေပဲ လာလိမ့်မည် ဟု မှတ်ချက်ပြုခဲ့ခြင်းကြောင်း ဘူးလက်လှဆွေ ဟု အမည်တွင်ခဲ့သူ ဖြစ်သည်။ 
 

4 comments:

I give hpm another name BRAVE HLA SWE

Ok good idea.If so let's see in 2015 U hla swe.

But need to be honest. Don't do in last 2010. U know last 2010 what yr party did

Nothing to read on this page.

ဦးလှ​ဆွေ​ပြောတာမှား​နေပါတယ်​ အန်​အယ်​ဒီမှာ ​ခေါင်း​ဆောင်​တက်​လုပ်​​နေတဲ့ မျိုးမစစ်​ ကုလာမယားမွတ်​ဆလိန်​ အလို​တော်​ရိကိုယ်​တိုင်​ အသုံးမကျ​တော့ တပဲ့​တွေလည်းအ​ချောင်​သမား​ခွေးအ​တွေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်