From : The Union Daily
စာရေးဆရာမ ကောင်းကင်မေ (စီးပွားရေးတက္ကသိုလ်) နှင့် တွေ့ဆုံခြင်း
========================================
မေစုဟန်
======
မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ပထမအကြိမ် ကဗျာ၊ ဆောင်း ပါး၊ ဝတ္ထုတိုပြိုင်ပွဲတွင် 'မွန်မြတ်သည့်နှလုံးသားများ' ဝတ္ထုတိုနှင့် တတိယဆုရရှိခဲ့သည့် စာရေးဆရာမကောင်းကင်မေ (စီးပွားရေး တက္ကသိုလ်)နှင့် သူမ၏အနုပညာဖန်တီးမှုများကိုမေးမြန်းဖြစ်ခဲ့သည်။
စာရေးဆရာမ ကောင်းကင်မေ(စီးပွားရေးတက္ကသိုလ်)သည် စာရေးဆရာအသင်း ၂ဝ၁၃ ခုနှစ် စာရေးနည်းသင်တန်းအပတ်စဉ် (၃) မှ ဝါသနာတူများနှင့် 'နုပျိုသောခြေလှမ်းသစ်များ' ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို စုပေါင်းစာအုပ် ထွက်ရှိထားသည်။ 'ခေတ်ပုံရိပ်' ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုစုပေါင်းပါဝင်သည့် စာအုပ်ထပ်မံထွက်ရှိမည် ဖြစ် ကြောင်း သိရသည်။
မွန်မြတ်သည့်နှလုံးသားများ ဝတ္ထု တိုကို ဘာကြောင့်ရေးဖြစ်သွားတာ လဲ။
=========================================
အဓိကပေးချင်တာက ပရဟိ တဆိုတာ လူတိုင်းလုပ်သင့်တဲ့ အလုပ်ဆိုတာပါ။ အစ်မကိုယ်တိုင် လဲ Children Our futureပရဟိတ အဖွဲ့မှာ ပါဝင်လှုပ်ရှားပါတယ်။ ပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်တော့ ကိုယ် ပိုင်နိုင်တဲ့ပရဟိတပဲ ရေးလိုက်တာ ပါ။
ဘယ်အချိန်မှာ ကိုယ့်ရဲ့ အရေးအ သားတွေ စာမျက်နှာထက်ပေါ် ရောက်ခဲ့ပါသလဲ။
တက္ကသိုလ်တက်တဲ့အချိန်မှာကဗျာတွေစရေးတယ်။ မဂ္ဂဇင်းမှာ ဖော်ပြခံရတယ်။ ဝတ္ထုတို ခြောက် ပုဒ်နဲ့ ဆောင်းပါးအပုဒ် ၂ဝ ကျော် စာမျက်နှာမှာ ပါပြီးပါပြီ။ကျောင်း ပြီးတော့ ကြားထဲမှာမရေးဖြစ်တော့ ဘူး။ ၂ဝ၁၂ ခုနှစ်မှာသင်တန်းတက် ပြီးဆက်တိုက်ပြန်ဝင်ဖြစ်တယ်။
အဓိက အသက်မွေးဝမ်းကျောင်း အလုပ်ကရော။
စာသင်ပါတယ်။ တစ်နေ့လုံး စာသင်တယ်။ ညဘက်မှာဝါသနာ ကြောင့် စာရေးဖြစ်တယ်။ အရင် က ဝါသနာပါတာပဲရှိတယ်။မရေး ဖြစ်ဘူး။ သင်တန်းတက်ပြီးမှ ရေး ဖြစ်တာပါ။
တချို့က ဝါသနာပါပြီး မဖြစ်နိုင် လောက်ဘူးဆိုတဲ့ အတွေးတွေနဲ့ မဖန်တီးဖြစ်တာတွေ တွေ့ရတယ်။ ဆရာမအနေနဲ့ ဘယ်လိုတွန်းအား တွေကြောင့် ဖန်တီးဖြစ်တာလဲ။
အဓိက တွန်းအားကတော့ စာရေးနည်း အခြေခံအပတ်စဉ်(၃) က ဆရာဆရာမတွေပါ။ ဆရာ လယ်တွင်းသားစောချစ်၊ မြင်းမူ မောင်နိုင်မိုး၊ ဆရာမ မစန္ဒာ စတဲ့ အားလုံးရဲ့စာအုပ်တွေကို ဖတ်ရ တာ အရမ်းအားကျတယ်။ ဒါပေ မယ့် ဝါသနာပါတာပဲ ရှိတယ်။ မရေးဖြစ်ဘူး။ သင်တန်းတက်ပြီး မှ သူတို့ရဲ့ တွန်းအားတွေကြောင့် ရေးဖြစ်တာပါ။ အားကျပြီး ရေး ဖြစ်သွားတာပါ။
ဝတ္ထုတိုတစ်ပုဒ်ကို အစတည်ဖို့ ဆိုရင်ဘယ်လိုင်းကိုအားသန်လဲ။
စာသင်တာပဲဖြစ်ဖြစ်၊ ပရဟိ တ လုပ်တာပဲဖြစ်ဖြစ်၊ နေ့စဉ်လမ်း ကြောင်းမှာ ကိစ္စတစ်ခုခုဖြစ်ရင် အဓိက ခံစားချက်ပေါ့။ ကိစ္စတစ် ခုဖြစ်ရင် ခံစားချက်ရအောင်ယူပြီး ရေးတယ်။ ပြီးမှ ဇာတ်လမ်းက ပံ့ပိုးတာပေါ့။ ကိုယ့်ခံစားချက်ပေါ် မှာ အဓိကထားရေးတယ်။
ရသစာပေကို လူငယ်တွေ အဖတ် နည်းတာ ဘာကြောင့်ထင်သလဲ။
အချိန်နည်းလာတာကြောင့် လဲပါမယ်။ အားလုံးက ကိုယ့်ဘဝ တိုးတက်ဖို့ ရုန်းကန်နေတာကြောင့် ရသစာပေဖတ်ဖို့အချိန် လူငယ်တွေ အားနည်းနေတယ်လို့ မြင်တယ်။
ရုန်းကန်လှုပ်ရှားနေရတဲ့သူတွေက ရသစာပေဖတ်ရင် မွန်းကျပ်လို့ ပေါ့ပေါ့ပါးပါးတွေပဲဖတ်ဖြစ်တယ် လို့ပြောကြတဲ့အပေါ် ဆရာမအမြင် လေးသိပါရစေ။
=============================
အဲဒါက ကိုယ်ယူတတ်ရင် ရပါတယ်။ ရသစာပေတွေထဲကပဲ အသိÓဏ်ပွင့်သွားတာတွေအများ ကြီးပဲ။ ကိုယ်စိတ်ညစ်နေတဲ့အချိန် စာအုပ်ဖတ်လိုက်ရင် အတွေးကောင်း လေးတစ်မျိုး ရတတ်တယ်။ အဲဒီ အတွေးက ကိုယ့်ဘဝကိုပြောင်းလဲ စေနိုင်တယ်။ ကောင်းတဲ့ဘက်ကို အများကြီးပြောင်းလဲသွားနိုင်တယ်။
စာရေးဝါသနာရှင်တွေကို ဘာတွေ မျှဝေပေးချင်သလဲ။
==============================
အဓိကက စာများများဖတ်ပါ လို့ ပြောချင်တယ်။ စာဖတ်တာ များရင် ကိုယ့်မှာ ဝမ်းစာပြည့် လာတာပေါ့။ ဘယ်လိုရေးချင်တာ လဲ။ လမ်းညွှန်ချက်တော့ လိုမယ် ထင်တယ်။ ဆရာကောင်း သမား ကောင်းတွေလိုတယ်။ တချို့ဆို ကိုယ်နဲ့နီးစပ်တဲ့ စာရေးဆရာမ တွေ လမ်းညွှန်မှုယူတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်