Subscribe to our RSS Feed

MDW Page မှ ဓါတ်ပုံများကို ကူးယူဖော်ပြခြင်းအား ကန့်ကွက်ခြင်း၊ ခွင့်တောင်းသုံးစွဲကြရန် ပန်ကြားခြင်း

From : Myanmar Defence Weapons




** Myanmar Defence Weapons Page သည် စစ်လက်နက်ရေးရာများ ဆွေးနွေးရန်၊ စစ်လက်နက်ရေးရာဗဟုသုတများ ဝေမျှရန် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံရေးနှင့် ပုဂ္ဂလိကတိုက်ခိုက်ခြင်းများလုံးဝ မပါဝင်စေရန် အစဉ်တစိုက် အားထုတ်ခဲ့သော Page တစ်ခုဖြစ်ပါသည်။ နိုင်ငံတော်၏ လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာ အရေးကြီးလျှို့ဝှက်ချက်များကိုလည်း မည်သည့်အခါမှထိခိုက်အောင် ဖေါ်ပြခဲ့ခြင်းမရှိပါ။ စစ်လက်နက်ဝါသနာရှင်များလေ့လာနိုင်ရန်နှင့် မိမိနိုင်ငံ တပ်မတော်အပေါ်ပိုမိုနားလည် ယုံကြည်မှုရှိလာရန်သာ ရည်ရွယ်ပါသည်။
** ယခုအခါ ပြင်ပ စာစောင်၊ ဂျာနယ်လောကတွင် အမှန်တစ်ကယ် ရိုက်နှိက်ထုတ်လုပ်ဖြန့်ချိသူများမှ ဤ Page မှ ``ရေစာ´´ပါဝင်နေသော ဓာတ်ပုံများ၊ သတင်းအချက်အလက်များကို ကိုးကားကူးယူ၍ မိမိဆန္ဒစွဲအတိုင်း ရေးသား၊ ပြင်ဆင်တည်းဖြတ်ကာ ထုတ်ဝေနေသည်ကို တွေ့ရှိရပါသည်။ ၎င်းတို့ရေးသားထုတ်ဝေနေသော သတင်းဆောင်းပါးများ၏ ရပ်တည်ချက်များနှင့် အာဘော်များသည် မူရင်း ဓါတ်ပုံနှင့် သတင်းအချက်အလက်အချို့ကို ပိုင်ဆိုင်သော ဤ Page ၏ဦးတည်ချက်များနှင့် သွေဖယ်သော အကျိုးဆက်များကို ဖြစ်ပေါ်စေသည်ဟု ယူဆပါသည်။ သို့ပါ၍ ၎င်းတို့ရေးသားထုတ်ဝေရာမှ ဖြစ်ပေါ်လာသော အကျိုးဆက်များကို ၎င်းတို့သာ တာဝန်ယူရမည်ဖြစ်ပါသည်။ 

** ဓါတ်ပုံ၊ စာသား အစရှိသော ပို့စ်တစ်ခုကို ကူးယူခြင်း၊ ပြန်လည်တင်ခြင်း တို့တွင် လျင်မြန်လွန်းပြီး ကျယ်ပြန့်မြန်ဆန်၍ Trace လိုက်ရန်ခက်ခဲသော Online Media နှင့် Social Network များ၌ပင် ဓါတ်ပုံများ၊ အချက်အလက်များကို ကူးယူဝေငှပါက၊ သို့မဟုတ် မှီငြမ်းပါက Profile အစစ်အမှန်ဖြင့် အသုံးမပြုသူများပင်လျှင် ခွင့်တောင်းကြသည်ကို Ethics (ကျင့်ဝတ်စည်းကမ်း)အဖြစ် လိုက်နာကြသော အလေ့အကျင့်အဖြစ် ကျယ်ပြန့်လာလျှက်ရှိသည်ကို တွေ့ရပါသည်။ ယခုကဲ့သို့ ပြင်ပ Printed Media တွင် အမှန်တစ်ကယ်ရိုက်နှိပ်ဖော်ပြသော တစ်နိုင်ငံလုံးသို့ ဖြန့်ချိသော စာစောင်ဂျာနယ်များအတွက်မူ ဤစည်းကမ်းကို လိုက်နာလေးစားသင့်သည်မှာ အငြင်းပွားဖွယ်မရှိပါ။ Online Media များမှ ခွင့်မတောင်းပဲ မိမိလုံ့လ၀ီရိယ စိုက်ထုတ်မှုမပါပဲ ကူးယူဖေါ်ပြခြင်းမျိုးကို မပြုလုပ်ကြပါရန် Printed Media အားလုံးသို့ အသိပေး ပန်ကြားပါသည်။ 

======================================
** ၂၂-၂-၂၀၁၄ ရက်နေ့တွင် ထုတ်ဝေသော သူရိယနေ၀န်းဂျာနယ် Vol.1-No.18 ၏ မျက်နှာဖုံးဆောင်းပါးတွင် Myanmar Defence Weapons Page မှ ဓါတ်ပုံများကို ကူးယူဖော်ပြခြင်းအား ကန့်ကွက်ပါသည်။ မည်သည့်နေရာတွင် အသုံးပြုမည်ကိုဖော်ပြပြီး ခွင့်တောင်းသုံးစွဲကြစေလိုပါသည်။
 

1 comments:

သယ်၇င်းမင်းတို့ဒေါ်အောင်ဆန်းဆုကြည်ပဲမကောင်းကြောင်း
ပြောနေတာများလှပြီဖတ်ရတဲ့လူလဲဒါပြီးရင်ဒါဖြစ်နေတယ်
ဒါကြောင့်ပြည်ခိုင်ဖြိုးမကောင်းကြောင်းလေးလဲ
တင်ပေးပါအုံဖတ်ရတဲ့လူအသစ်အဆန်စိတ်
ဝင်စားအောင်လို့မင်းတို့ဝတ်ဆိုဒ်တိုးတက်
အောင်လို့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်