Subscribe to our RSS Feed

ပြီးခဲ့သည့်ရက်ပိုင်းက တပ်မတော်မှ တရားမ၀င်သစ်များ တန်ချိန်ထောင်နှင့်ချီကာ ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်၍ KIAထိပ်ပိုင်း ခေါင်းဆောင်များနှင့် တရုတ်ကုန်သည်များအကြား ပြဿနာအကြီးအကျယ်တက်နေ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက်

ပြီးခဲ့သည့်ရက်က တပ်မတော်စစ်ကြောင်းများက ကချင်ပြည်နယ်ဒေသရှိ တစ်ဖက်နိုင်ငံနှင့်
ဆက်စပ်နေသော နယ်မြေများတွင် တရားမဝင် သစ်ခိုးထုတ်မှုများစွာကို ဖော်ထုတ်ရှင်းလင်းခဲ့ကာ အဆိုပါသစ်များနှင့် လုပ်ငန်းသုံး ယန္တရားများကို ဖမ်းဆီးရာမှ ကေအိုင်အေတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးဖေဖော်ဝါရီ ၁ဝ ရက် မှ ၁၂ ရက်အထိ တိုက်ပွဲငယ်အချို့သုံးရက်ကြာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားသည့် နယ်မြေများအားလုံးသည် ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သစ်တင်ယာဉ် ၄၁ စီး၊ ကျွန်းနှင့် တမလန်းသစ် တန်ချိန် တစ်ထောင့်ငါးရာကျော်နဲ့ လက်နက်ခဲယမ်းအများအပြား ဖမ်းဆည်းရမိခဲ့သည်။ 

ထိုကဲ့သို့ တရားမ၀င်သစ်များ တန်ချိန်ထောင်နှင့်ချီ၍ ဖမ်းဆီးခံခဲ့ရခြင်းနှင့်ပတ်သက်ပြီး 
ကေအိုင်အေဌာနချုပ်သို့ တရုတ်နိုင်ငံမှကုန်သည်များနှင့် လိုင်ဇာသစ်လုပ်ငန်းရှင်များဖြစ်သည့် ဦးနော်တောင်နှင့် ဦးကြောင်စီတို့မှ သွားရောက်ခဲ့ကြကာ တပ်မတော်စစ်ကြောင်းများမှ 
တရားမ၀င်သစ်များ ဖမ်းဆီးရာတွင် ကေအိုင်အေမှ အကာအကွယ်ပေးကာ တိုက်ခိုက်သွားရေးနှင့် တိုက်ပွဲအတွင်းကုန်ကျစားရိတ်များအား တရုတ်နိုင်ငံမှ ကုန်သည်များက ကျခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၄င်းတို့အနေဖြင့် ကေအိုင်အေနယ်မြေအတွင်း သစ်ထုတ်လုပ်ခွင့်ရရန် တရုတ်နိုင်ငံရှိ အခြားကုန်သည်များနှင့် ယှဉ်ပြိုင်ကာ လေလံကြေး သိန်းပေါင်းဘီလျံနှင့်ချီ၍ ပေးထားခဲ့ပြီး
ဖြစ်သည့်အတွက် ကေအိုင်အေအနေဖြင့်လည်း ထိုကဲ့သို့ တပ်မတော်စစ်ကြောင်းများမှ
တရားမ၀င်သစ်များ ဖမ်းဆီးလာပါက ထွက်ပြေးခြင်းမျိုးမပြုလုပ်ဘဲ ပြန်လည်တိုက်ခိုက်သင့်ကြောင်း
သစ်များ တန်ချိန်ထောင်နှင့်ချီ၍ သိမ်းဆည်းခံခဲ့ရခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်း ဒေါသတကြီး
ပြောဆိုခဲ့ကြသည်။

သို့သော်လည်း တရုတ်ကုန်သည်များထံမှ အခွန်ကောက်ခံရရှိသော ငွေကြေးများအား အောက်ခြေအဆင့် ကေအိုင်အေစစ်သည်များ မြင်တောင်မမြင်ဖူးလိုက်ပဲ ထိပ်ပိုင်းအဆင့်ရှိ KIA ခေါင်းဆောင်များသာ သုံးစွဲပျော်ပါးနေသည့်အတွက်  ကေအိုင်အေအောက်ခြေရှိ တပ်များက တပ်မတော်စစ်ကြောင်းများနှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲများ ရင်ဆိုင်ဖြစ်ပွားလိုခြင်းမရှိဘဲ
ဆုတ်ခွာ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်

KIA ဗဟိုဌာနချုပ်မှလည်း တပ်မတော်စစ်ကြောင်းများနှင့် ဌာနဆိုင်ရာများက တရားမ၀င်သစ်များ
ဖမ်းဆီးလာပါက တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တရုတ်ကုန်သည်များအား ကတိပြုပြောကြားခဲ့ကာ
တရားမ၀င်သစ်များဖမ်းဆီးနေသော တပ်မတော်စစ်ကြာင်းများနှင့် ဌာနဆိုင်ရာများအား တိုက်ခိုက်ရန်အတွက် KIA ရင်း (၂၄) အား တာဝန် ပေးအပ်ခဲ့သည်။

အထက်ပါ ကိစ္စနှင့်ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ထားသော ကရင်ပြည်နယ်၊ 
မွန်ပြည်နယ်၊ တနသာင်္ရီတိုင်းဒေသကြီး နဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ တိုက်ပွဲများမဖြစ်ပွားပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဘာ့ကြောင့်တိုက်ပွဲတွေဖြစ်နေရသလဲ ဆိုကာ 
၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င် နိုင်ငံရေးပါတီအချို့က မေးခွန်းထုတ်ခဲ့ကြပြီး ကေအိုင်အေ(KIA) အနေဖြင့် တရုတ်ကုန်သည်များအလိုကျ တပ်မတော်စစ်ကြောင်းများအား တိုက်ခိုက်နေခြင်းအား အမြန်ဆုံးရပ်တန့်သင့်ကြောင်း လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှ သွေဖည်မသွားစေလိုကြောင်း UNFC မှလည်း ယမန့်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်


တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးရမိခဲ့သော တစ်ဖက်နိုင်ငံရှိသစ်ကုန်သည်များ၏ တရားမ၀င်သစ်များ








- The Yangon Time Media Group







1 comments:

hey..Myanmar express blogger

your news are totally wrong about ethnic arm groups. I am one of burmese military officer, live in Ba Maw right now. I know recently situation all. President Thein Sein and Min Aung Hlaing are power struggling from now on. Even though we are soldiers, we all, front line soldiers will follow the leading of president THein Sein. we all are one nationality of MYanmar. As my opinion, all arm groups have their right decision and goal. We, soldiers, have no hope , no future...Military must under control, manage of president. Min Aung Hlaing is not a president. We know that there are about 100000 well trainning soldiers in KIA. IN the past, there was 7000 soldiers. THey have good weapon supported by china. Last years war, they did not use it yet. Nowaday they have missels , air defense missiles, fighter helicopters also. From their side until today, it is a true war for the kachins. THerefore, brother, even though you post wrong news about KIA or other arm groups, your writing conceptions are stong of their people day by day. SO that you should think about your results.. Actually you are promoting eager unity for the arm groups. IN mYanmar, 70 % are ethnics, 25 % burmese, the rest are chinese, Rohinja, INdians. (My name is General Yan Naing Kyaw, Ba Mo)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်