Subscribe to our RSS Feed

မြန်မာတို့ရဲ့နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်တွေ ခမ်းခြောက်နေပြီလော

From :  Hot News Journal
 

၂၀၁၃ခု၊ သြဂုတ်လ(၁)ရက်နေ့က ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာ ““ဒီမို ကရေစီနှင့် ပါလီမန်””ခေါင်း စဉ်ဖြင့်ဟော ပြောပွဲမှာ အင်္ဂလန်နိုင်ငံအောက်လွှတ် တော်ဥက္ကဋ္ဌဖြစ်သူ ဂျွန်ဘာကိုက မြန်မာနိုင်ငံ၏ဖွဲ့စည်း အုပ် ချုပ်ပုံအခြေခံဥပဒေကို အလျင်အမြန်ပြင်ဆင်ရန် လိုအပ်ကြောင်း ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတလောင်းအဖြစ်ဖြစ်ခွင့်မပေး ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပြောင်း အလဲမှန်သမျှကို ကျွန်တော်တို့နိုင်ငံမှာ ရော နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ ရယ်စရာမကောင်းတဲ့ပြက်လုံးတစ်ခုအဖြစ် ယူ ဆနေမှာပါ။ နိုင်ငံရေးအကျဉ်းသမား များကိုလွှတ်ပေး၍ ဖိနှိပ်ရာရောက်သော ဥပဒေပြဋ္ဌာန်းချက်များကို ရုပ်သိမ်းသည် ဆိုသည့်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ သည် ဒီမိုကရေစီကိုတားဆီးနှောင့်ယှက် နေပါလား။ အနှစ်သာရပြည့်ဝသော အသွင်ကူးပြောင်းရေးဖြစ်လာမည်မဟုတ် ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြုပြင် ပြောင်းလဲပြီး နိုင်ငံတကာလူ့အခွင့်အရေး စံများနှင့် ကိုက်ညီသောဥပဒေပြဋ္ဌာန်း ချက်များဖြစ်ပေါ် လာစေရန်ပူးပေါင်း ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့် ကြောင်းနှင့် ဗြိတိန်နိုင်ငံနှင့် လွှတ်တော် သည်အ ကူအညီပေးခွင့်ရရန်အတွက် ၀မ်းမြောက်ဝမ်းသာပံ့ပိုးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု (၂.၈. ၂၀၁၃)နေ့ထုတ်7 DAY မှာဖတ်ခဲ့ရပါ တယ်။


အလားတူစွာဘဲ ၂၀၁၃ခု၊ သြဂုတ် လ(၇)ရက်နေ့မှာ အမေရိကန်အထက် လွှတ်တော်အမတ်မစ္စတာ မက်ကောလနယ် ကလည်း မြန်မာနိုင်ငံပြောင်းလဲမှုကို တစ် ကမ္ဘာလုံးကစောင့်ကြည့်ခဲ့ကြပြီး လက်ရှိ တည်ရှိနေသော အဓိကပြဿနာမှာ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးလိုအပ် ချက်ပင်ဖြစ်သည်။ စစ်တပ် ကိုအရပ်သား အစိုးရလက်အောက်တွင်ထားရှိရေးအပါ အ၀င်အခြေခံဥပဒေကိုပြန်လည်ပြုပြင်သင့် သည် မြောက်ကိုရီးယားနှင့်ဆက်ဆံ ရေးကိုအဆုံးသတ်ရန်လိုအပ်သည်စသည့် အချက်များပါဝင်ေ သာကြေ ညာချက်ကိုမက်ကောနယ်လ်က သမ္မတအိုဗားမား ထံသို့လျောက်လဲထုတ်ပြန်ခဲ့ကြောင်း အတွဲ(၁၂)အမှတ် (၂၂) 7 DAY ဂျာနယ် မှာပင် ဖတ်ရှုခဲ့ရပါတယ်။

အဲဒီလိုနိုင်ငံခြား(ပြည်ပ)မှအင်္ဂလိပ်-အမေရိကန်နိုင်ငံရေးသမားတို့က မြန်မာ နိုင်ငံရဲ့ပြည်တွင်းရေး(နိုင်ငံေ ရး) ကိစ္စတွေကို ဗြောင်ကျကျဝင်ရောက်စွက်ဖက်ပြောဆို နေမှုများကို တွေ့မြင်သိရှိရတဲ့အခါ တစ် ချိန်တုန်း က လူငယ်ကျောင်းသားများ အပါအ၀င် ပြည်သူတစ်ရပ်လုံးက ဒီလို မြန်မာပြည်တွင်းရေးကိုဝင်ရောက်စွက် ဖက် ပြောဆိုကြတဲ့ နိုင်ငံသံရုံး၊ ကောင်စစ်ဝန် ရုံးတွေကို အဖွဲ့ပေါင်းစုံနိုင်ငံရေးပါတီများ ကပါ ပါဝင်ကြပြီး သံရုံးကိုခဲများဖြင့်ပစ် ပေါက် ဘဲဥ၊ ခရမ်းချဉ်သီးတို့နဲ့ပေါက်ကြ ပြီး ၀င်မစွက်ကြဖို့ဆန့်ကျင်ဆန္ဒပြခဲ့သည် များကိုတွေ့ကြုံခဲ့ဖူးတဲ့အပြင် ကိုယ်တိုင် ပါဝင်ခဲ့မှုများလည်းရှိခဲ့ပါတယ်။ နောက် ဆုံးဒီလိုဆန္ဒမပြကြသည့် တိုင် အနိမ့်ဆုံး အားဖြင့်တော့ ကျောင်းသားသမဂ္ဂများ အပါအ၀င် နိုင်ငံရေးအဖွဲ့အစည်းတို့ဟာ ထိုလုပ်ရပ် မျိုးကိုကန့်ကွက်ရှုံ့ချကြောင်း ကြေညာချက်များထုတ်ပြန်ခြင်း၊ ပိုစတာ များရေး၍ လမ်းဆုံလမ်းခွကြီးများ မှာ ထောင်ခြင်း၊ ကပ်ခြင်းတော့ပြုလုပ်ခဲ့ကြ တာဖြစ်ပါတယ်။
““ယခုတော့ ဒီလောက်ဗြောင်ကျကျ ၀င်ရောက်စွက်ဖက်ပြောဆိုနေမှုများကို မည်သည့်အဖွဲ့အစည်းပါတီ များနှင့် လူပုဂိ္ဂုလ်တစ်ဦးတစ်ယောက်ကမျှ ကန့်ကွက် ပြောဆိုဆန့်ကျင်သည့်လုပ်ရပ်များ(လုံးဝ) နီးပါး မတွေ့မြင်ရသဖြင့် မြန်မာတို့ နယ်ချဲ့ ဆန့်ကျင်ရေးစိတ်ဓာတ်တွေ ခမ်းခြောက်၍ နေပြီလော ဟုပင် တွေး ထင်၍ နေခဲ့ရပါ တယ်”” မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း ကို ပြန်ကြည့်လိုက်ပါ။ နှစ်ပေါင်း ရာကျော် နိုင်ငံခြား နယ်ချဲ့ကျူးကျော်မှုဖြင့် သိမ်း ပိုက်ခြင်းခံခဲ့ရ၊ ကျွန်ခံခဲ့ရတယ်။ နိုင်ငံခြား ၀င်ရောက်စွက်ဖက်မှုများကိုလည်း အမြဲလိုခံခဲ့ရတယ်။ မည်သည့်နိုင်ငံနှင့် လူမျိုးမဆိုမတရားကျူးကျော်စွက်ဖက်မှုနဲ့ ဗိုလ်ကျစိုးမိုးမှုများကို လုပ်ကိုင်ဆောင် ရွက်လာရင် အမြဲတန်းဆန့်ကျင်တိုက်ပွဲ ၀င်ခဲ့တဲ့ လူမျိုးနဲ့နိုင်ငံပါ ယခုတော့ နယ်ချဲ့ဆန့် ကျင်ရေးအစဉ်အလာတွေ ကွယ်ပျောက်လာပြီး ဒီလိုစွက်ဖက်ပြော ဆိုလာသူများကိုပင် လက်ခုတ်တီးကြိုဆို ကြပြီး သူခိုးဓားရိုးကမ်းတဲ့လုပ်ရပ်တွေကို မြင်ရတော့ မြန်မာနိုင်ငံရဲ့အနာဂတ် ရှေ့ရေးတွေးပူရင်လေး မိပါတယ်။

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ် အောင်ဆန်းသက်ရှိထင်ရှားရှိစဉ်က မြန်မာတိုင်းရင်းသားအားလုံးနယ်ချဲ့ကျူး ကျော်စွက်ဖက်မှုမှန်သမျှ ဆန့်ကျင်သွား ကြဖို့ ““၁၉၄၅ ခုနှစ်၊ နိုဝင်ဘာ(၁၈)ရက် နေ့””ရွှေတိဂုံစေတီအလယ်ပစ်္စယံလူထု ရှင်းလင်း ပွဲမိန့်ကြားချက်တွေ ““၁၉၄၇ ခုနှစ်၊ မတ်လ(၇)ရက်နေ့ ည(၆)နာရီ””မှာ မြန်မာ့အသံမှမိန့်ကြားခဲ့တဲ့ မိန့်ခွန်း ပါ အချက်အလက်တွေ ““၁၉၄၇ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့””တိုင်းပြည်ပြုလွှတ်တော်တွင် လုံးဝလွတ် လပ်ရေးအဆိုတင်ရာမှာ အဓိကထားပြောကြားခဲ့တဲ့ နယ်ချဲ့ဆန့် ကျင်ရေးမိန့်ကြားချက်တွေကိုပြန်လည်ပြီး သတိရမိပါတယ်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ သဘောထားအမြင်များကို မလေ့လာ၊ မသိရှိကြဘူးဆိုရင် မျိုးချစ်စိတ်ဓာတ်တွေ နဲ့ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်တွေ ခမ်းခြောက်ပြီး တိုင်းပြည်ဟာအချိန်မရွေး ကျွန်ပြန်ဖြစ်နိုင်လို့ တိုက်တွန်းသတိပေး ရခြင်းပါ။
 
ဗိုလ်ချုပ်အောင်ဆန်းရဲ့ထိရောက် လှတဲ့နယ်ချဲ့ဆန့်ကျင်ရေးမိန့်ကြားချက် တွေဟာ နှစ်ေ ပါင်းကြာညောင်း ခဲ့ပြီဖြစ်လို့ သတိရမလေ့လာနိုင်ကြရင်တောင်၊ မကြာသေးတဲ့ကာလ (၁၀.၁၂.၉၀) ပြည့်နှစ် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းအုန်းခြံမှာ ဒေသခံများနှင့် ၀န်ထမ်းများကို တွေ့ဆုံပွဲမှာ ထိုစဉ်က နိုင်ငံေ တ်ာငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးစောေ မာင်(ကွယ်လွန်) ရဲ့ ““သူတို့က ဒီလိုပြောဆိုတိုက်တွန်းနေ ကြတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ ကမ္ဘာေ ပ်ါမှာ ဘယ်နိုင်ငံနဲ့မှမတူတဲ့နိုင်ငံပါ။ ဘယ်နိုင်ငံက ဘာဖြစ်လို့ကျွန်တော်တို့ကို ဘာဖြစ်ရမယ်။ ဘာလုပ်လိုက် ပါ။ ဘာကို ပြင်လိုက်ပါ။ ဒီလိုပြောလို့မရဘူး””သူတို့နဲ့ ကျွန်တော်တို့မတူတဲ့ အကြောင်းတ ရား တွေ အများ ကြီးရှိပါတယ်။ အတွေးအခေါ် ယဉ်ကျေးမှုဓလေ့ထုံးစံအရမကိုက်ညီတာ တွေအများကြီးပါ။ ဥပမာနိုင်ငံခြား သွား မယ်။ နိုင်ငံခြားမှာထမင်းတစ်နပ်စားဖို့ ဆိုတာမလွယ်ဘူး။ အလွန်ခက်ပါတယ်။ သူတို့ကတစ်ကူးတစ် ကဖိတ်ကြွေးမှစားရ တာ။ ကျွန်တော်တို့နိုင်ငံက မသိတဲ့လူ တစ်ယောက်အိမ်တစ်အိမ်ကိုသွား ကျွန်တော် ထမင်းမစားရသေးဘူး။ ကျွန်တော့်ကိုကျွေးပါဆိုရင် ကျွန်တော်တို့ လူမျိုးကဘယ်တော့မှ မောင်းထုတ်တဲ့ လူတွေမဟုတ်ဘူး။ ဒါကျွန်တော်တို့ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံပါ။ နောက်ပြီး ကြီးတဲ့လူတွေကိုရိုသေတာ ရိုင်းစိုင်းတာ မဟုတ်ဘူး။ သူတို့ဆီမှာ အသက်(၁၈)နှစ် ဆိုရင် မိဘကလည်းသားသမီးလိုသဘော မထားဘူး။ ကျွန်တော်တို့ကတော့ မြေး-မြစ်အဘိုးအဘွားနဲ့အတူနေကြတာ၊ သူတို့ ယဉ်ကျေးမှုဆိုတာ မကြာသေးပါဘူး။ အမေရိကန်ဆိုရင် သူ့ရဲ့သမိုင်းကြောင်း အရကြည့်ရင် သက်တမ်း(၂၀၀)ကျော်ပဲ ရှိပါတယ်။ ကျွန်တော်တို့ရဲ့သမိုင်းကြောင်း က ယဉ်ကျေးမှုသက်တမ်းနှစ်ပေါင်း သောင်းချီရှိနေပါတယ်။ ကျွန်တော်တို့နိုင်ငံ ကို ကျွန်အဖြစ်လည်းမခံနိုင်ဘူး။ တိုင်း ပြည်ပျက်အောင်လုပ်မဲ့ဟာမျိုးဆိုရင် လက်မခံနိုင် ပါဘူးဟူ၍လည်းကောင်း၊ (၅.၂.၁၉၉၁)နေ့ ပြည်နယ်နှင့်တိုင်း (န၀တ)ညှိနှိုင်းအစည်းအဝေးမှာ ““နိုင်ငံ ခြား ကိုမျှော်ကိုးပြီး ပြည်တွင်းမငြိမ် မသက်ဖြစ်အောင် နယ်ချဲ့သမားတွေနဲ့ ပေါင်းပြီး နိုင်ငံခြား သားတွေက ကျွန်တော် တို့ တိုင်းရင်းသားတွေကိုအိမ်ကြက်ခြင်း မျက်နှာအိုးမဲသုတ်ပြီး တိုက်ခိုင်းနေတာ တွေကိုသတိ ထားကြစေချင်တယ်။ ကျွန်တော်တို့တွေစည်းလုံးညီညွတ်စွာနဲ့ လုပ်ရမဲ့အချိန်လို့ပြောချင်ပါတယ်။ ကိုယ့် နိုင် ငံစစ်တလင်းဖြစ်အောင်မဖန်တီးကြပါနဲ့ မြန်မာနိုင်ငံရှိနေသမျှ တပ်မတော်ရှိနေ မှာပါပဲ။ တပ်ပျက်ရင် တိုင်ြး ပည်ပျက်ပြီ လို့ နားလည်ကြပါ။”” နယ်ချဲ့ကျူးကျော် စွက်ဖက်မှုတွေကို မျိုးချစ်စိတ်နဲ့သမိုင်းရဲ့ အစဉ်အလာ အတိုင်း နိုးကြားတက်ကြွစွာ ဆန့်ကျင်တိုက်ဖျက်ကြပါ””ဟူသော မိန့်ဆို ချက်များကိုတော့ အာဃာတကင်း ကင်း အမြင်ရှင်းရှင်းနဲ့ တိုင်းပြည်အတွက်လေ့ လာသိရှိထားသင့်ကြတယ်လို့တင်ပြလို ပါတယ်။
 
မည်သို့ပင်ဆိုစေ။ မိမိတို့နိုင်ငံနှင့် လူမျိုးအတွက်စစ်မှန်သောစေတနာဖြင့် အကျိုးရှိစေသောအပြုသဘေြာေ ပာဆို စွက်ဖက်ခြင်းမျိုးကိုမူ မေတ်္တာတုန့်ပြန် လက်ခံနိုင်သည့်တိုင် လက်တွေ့အားဖြင့် မိမိတို့ မိသားစုအ ချင်းချင်းသာဖြူစင် သောမနောသဘောတို့ဖြင့် ညှိနှိုင်းကြပြီး လိုအပ်သည့်ပြုပြင်ပြင်ဆင်မှုကို တိုင်းပြည် အတွက်ဦးထိပ်ထားကြလျက် ညီညီညာ ညာစုပေါင်းစည်းစည်းလုံးလုံးဆောင်ရွက် ကြခြင်းဖြင့် နယ်ချဲ့သ မားများကိုဆန့်ကျင် အမျိုးသားရေးကိုရှေ့တန်းတင်ကာ ဆောင်ရွက်သွားသင့်ပါကြောင်း နှိုးဆော် တင်ပြရပါ သတည်း။

 ဘုန်းကြီးကျောင်းသား မောင်သံမဏိ


4 comments:

သူများတွေဝင်စွက်ဖက်တာကိုနယ်ချဲ့ဆန့်ကျင်ရေးဘာငြာလာပြောမနေနဲ့ဘုန်းကြီးကျောင်းသားဆိုတဲ့လူရေ ကိုယ့်နိုင်ကိုယ့်အစိုးရကကိုယ့်လူမျိုးတွေကိုနေစရာမဲ့အောင်စားစရာမဲ့အောင်ဘုန်းကြီးကျောင်းတောင်ဘိုဒူဇာနဲ့ထိုးပြီးလူ့သက်တမ်ါ်းတခုမကလူ့အခွင့်ရေးတွေနယ်ချဲ့နေတာကိုမင်ပြောတဲ့ဗိုလ်ချုပ်ဂျပန်ကိုခေါ်ပြီးenglishတိုက်နည်းလဲသုံးသင်္င့ရင်သုံးရမယ် ITခေတ်မှာဆရာလာမလုပ်နဲ့ကုမုဒြာဖတ်ပြီးသား



I wanna say to the author of this article, " Wake up, the world has passed expansion era since the end of WWII. It is information age, whether we like or not, we have to play on the field of the world where you can bring your own talents, skills, intelligence. In order to play well in that game, you have to pass the barrier of nationalism, narrow minded" I can't believe there are such stupid person like you in Myanmar, no doubt you are from the military side.

မအေးလိုး အင်္ဂလိပ်အမျိုးယုတ်တွေ ဗိုလ်ချုပ်သတ်တာနဲ့အားမရ အခုအထိ ကျွန်ပြုချင်နေတုန်း မအေးလိုး အမျိုးယုတ်တွေ မြန်မာ့မြေပေါ်လာရင် သတ်ပစ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ နယ်ချဲ့ဆန့်ကျင်ရေးဟောပြောချက်တွေကို အခုနိုင်ငံရေးသမားဆိုသူတွေ လုံးဝမပြောရဲဘူး။ ဗိုလ်ချုပ်ကဆန့်ကျင်ဖို့တိုက်တွန်းခဲ့တဲ့နယ်ချဲ့ဆိုတာ အခု သူတို့အမေ လင်တော်ထားတဲ့လူမျိုးဖြစ်နေလို့ဗျ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်