Subscribe to our RSS Feed

ရထားမောင်းနေစဉ် ကျောက်တုံးကြီးထိမှန်၍ လူ ၂ ယောက် သေဆုံး

From :  DVB

 

ပြင်သစ်နိုင်ငံ၊ အဲ့လ်ပ်စ် တောင်တန်းဒေသမှာ ဖေဖော်ဝါရီ ၈ ရက်က ရထားတစီး ဖြတ်မောင်းနေတုံး တောင်ပေါ်က ကျောက်တုံးကြီး တတုံး ကျလာတဲ့ အတွက် ထိမှန်ခဲ့ပြီး လူ ၂ ယောက် သေဆုံးပါတယ်။

မတော်တဆမှုကြောင့် တခြား လူ ၉ ယောက်လဲ ဒဏ်ရာရခဲ့ပြီး တဦးကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ ရထားတွဲ တတွဲကတော့ တောင်စောင်း အစွန်း ကနေ ပြုတ်ကျခဲ့တယ်လို့ ဒေသခံ အရာရှိတွေကပြောပါတယ်။

ကမ္ဘာလှည့် ခရီးသည်တွေ မျက်စေ့ကျပြီး ကျော်ကြားတဲ့ ပြင်သစ်အရှေ့တောင်ဘက်က ရွာတွေတလျှောက် ပြေးဆွဲနေတဲ့ ရထားဟာ စနေ မနက်က ခုလိုဖြစ်တာလို့ အရာရှိတွေက ပြောပါတယ်။

တောင်ပေါ်ကကျလာတဲ့ ကျောက်တုံးကြီးဟာ တန်ချိန် ၂၀လောက် လေးပြီး ရထားရဲ့ဘေးကို ထိမှန်ခဲ့တာလို့ ဒေသခံ အရာရှိက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

သေသူ ၂ ဦးဟာ ဒေသခံ ပြင်သစ် အမျိုးသမီး တစ်ဦးနဲ့ ရုရှ ခရီးသည် အမျိုး သမီး တို့ ဖြစ်တယ်လို့ဆိုပါတယ်။ ကျောက်တုံးကြီး ဘာကြောင့် ပြုတ်ကျ လာတယ် ဆိုတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူး။

ဒေသတွင်းမှာတော့ တောင်ပေါ်ကနေ ကျောက်တုံးတွေ ကျတာကို ကာကွယ်ဖို့ ပိုက်ကွန်တွေကို ဆင်ထားပြီးသား ဖြစ်ပါတယ်။ တောင်ထူဒေသ မှာ နှင်းတွေ ဖုံးနေလို့ ကနဦး ကယ်ဆယ်ရေး အလုပ်တွေ နှေး နေပါတယ်။ 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်