Subscribe to our RSS Feed

ယူနတီဂျာနယ်ပါ လက်နက်စက်ရုံကိစ္စ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုသလား

From : Hmuu Zaw 

● ကမ္ဘာပေါ်တွင် စစ်လက်နက်ပစ္စည်းကိရိယာများကို နိုင်ငံပိုင်စက်ရုံများကလည်းကောင်း၊ အစိုးရတစ်ပိုင်းစက်ရုံများကလည်းကောင်း၊ ပုဂ္ဂလိက စစ်လက်နက်ကုမ္ပဏီကြီးများကလည်းကောင်း ထုတ်လုပ်လေ့ရှိကြပါသည်။ 

● ဂြိုလ်တုဆက်သွယ်ရေးအပါအ၀င် တိုးတက်လာသည့် ထောက်လှမ်းရေး နည်းပညာများအရ ထောက်လှမ်းကြရာတွင် နိုင်ငံအချင်းချင်းကြားတွင်လည်းကောင်း၊ စစ်လက်နက်ကုမ္ပဏီကြီးများ အချင်းချင်း အကြားတွင်လည်းကောင်း သိရှိနိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ထောက်လှမ်းစူးစမ်းလေ့ရှိကြပါသည်။ 

● နိုင်ငံများ၏ စစ်လက်နက်နည်းပညာအသစ်များကို အထူးလျှို့ဝှက်ထားကြပြီး လွတ်လပ်ရေးနေ့စစ်ရေးပြအခမ်းအနားများ၊ နိုင်ငံတကာစစ်လက်နက်ပစ္စည်းပြပွဲများ၊ စစ်လက်နက်ပစ္စည်းအသစ် စမ်းသပ်မှုများ စသည်တို့မှတစ်ဆင့် မြင်တွေ့ခွင့်ရရှိကြပါသည်။ 
● သို့သော်လည်း ရှိရှိသမျှ စစ်လက်နက် အကုန်လုံးကို ပုံအော၍ ချပြခြင်းတော့ မည်သည့်နိုင်ငံကမျှ ပြုလုပ်လေ့ မရှိပါ။ စစ်ရေးပြအခမ်းအနားနှင့် စစ်လက်နက်ပြပွဲများတွင် ထုတ်ဖော်ပြသသောအခါတွင်လည်း ထုတ်လုပ်ပြီး နှစ်မည်မျှကြာပြီးဖြစ်ရမည်၊ ပြသမည့် နည်းပညာသည် အမှန်တစ်ကယ် အောင်မြင်စွာထုတ်လုပ်ထားပြီး ဖြစ်သည့် အမျိုးအစားထက် ပို၍နိမ့်ကျသည့် မျိုးဆက်မည်မျှ ဖြစ်ရမည် စသည့် သတ်မှတ်ချက်များ ထား၍ ထုတ်ဖော်ပြသလေ့ ရှိကြပါသည်။ နောက်ဆုံးထုတ်လက်နက်များကို ထုတ်ဖော်ပြသလေ့ မရှိကြသလို နိုင်ငံတစ်နိုင်ငံအား သီးသန့် ထုတ်လုပ်ပေးထားသော စစ်လက်နက်များကို ဤကဲ့သို့သော ပွဲများတွင် ပြသ၍ မရပါ။ 

● ထိုသို့ ဆောင်ရွက်ကြရာ၌ နမူနာပြသထားသည့် လက်နက်(ထုတ်လုပ်ထားပြီးဖြစ်)ကို တွေ့မြင်နိုင်ကြသော်လည်း စစ်လက်နက်ထုတ်လုပ်သူများကိုယ်တိုင် ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် စက်ယန္တရားများ၊ ထိန်းချုပ်ကွန်ပျူတာများ၊ စက်ရုံအတွင်း တည်ဆောက်ထားရှိမှုများ စသည်တို့ကို ပြသရိုးထုံးစံမရှိပါ။ ကမ္ဘာပေါ်တွင် အင်အားအကြီးမားဆုံး တပ်မတော်ကို တင်သွင်းနေသည့် ရေသီယွန်ကဲ့သို့သော အရပ်ဘက် စစ်လက်နက် ကုမ္ပဏီများသည်ပင်လျှင် မိမိထံအပ်နှံထားသော နည်းပညာကို ပြင်ပ မပေါက်ကြားစေရန် အာမခံချက်များဖြင့် ကန်ထရိုက်စာချုပ်ချုပ်ဆိုရပါသည်။

● ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ မြေထု၊ လေထု၊ ရေထု ကာကွယ်ရေးအတွက် စစ်လက်နက်များကို တပ်ဆင်ကြရာ၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးမဟာ ဗျူဟာနှင့်အညီ နှစ်အလိုက် လျာထား တပ်ဆင်လေ့ရှိကြပါသည်။ ခြိမ်းခြောက်မှုများ ကြုံတွေ့ရပါက ယင်းခြိမ်းခြောက်မှုများနှင့်အညီဖြစ်စေရန် လည်းကောင်း၊ စစ်ရေးသဘောတရားများ ပြောင်းလဲလာပါက ပြောင်းလဲလာသော စစ်သဘောတရားများနှင့်အညီ ဖြစ်စေရန်လည်းကောင်း တိုးတက်ပြောင်းလဲ ဆောင်ရွက်ကြရပါသည်။

● စစ်ပွဲများ အောင်နိုင်ရေး၏ သော့ချက်တွင် သတင်းလုံခြုံမှုသည်လည်း အရေးကြီးသော အစိတ်အပိုင်းမှ ပါဝင်ပါသည်။ သတင်း ဟု ဆိုရာတွင် တပ်ဆင်ထားသော စစ်လက်နက်၊ ယင်းလက်နက်၏စွမ်းပကား၊ ထိရောက်မှု၊ လူအင်အား၊ လေ့ကျင့်သားပြည့်ဝမှု၊ စိတ်ဓါတ်၊ ပံ့ပိုးမှု၊ အသုံးပြုတတ်သော စစ်နည်းဗျူဟာ၊ အားသာချက် အားနည်းချက်၊ အဓိကခေါင်းဆောင်များနှင့် အဓိက လက်နက်များ စသည်အားဖြင့် ကျယ်ပြန့်စွာ ပါဝင်ပါသည်။ ယင်းတို့ကို အလုံးစုံ ကြိုတင်သိရှိထားသူသည် အောင်မြေတစ်ဝက် နင်းထားနိုင်သူ ဖြစ်ပါလိမ့်မည်။ 

● ထို့ကြောင့်လည်း မည်သည့်နိုင်ငံ၊ မည်သည့်တပ်မတော်ကမှ မိမိတို့၏ လက်နက်များကို ရက်ရက်ရောရော ကြည့်ရှုစေ ဟု ခွင့်မပြုကြပါ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ချန်ပီယံကြီး ဖြစ်သော အမေရိကန်နိုင်ငံတွင်လည်း လက်နက်ထုတ်လုပ်နေမှုများကို သတင်းထောက်များအား ခေါ်ယူ ပြသကာ "ဒါက ဒုံးထိပ်ဖူး ထုတ်တာ၊ ဒီစက်တွေနဲ့ ထုတ်တာ၊ ဒါက ဒုံးပဲ့ထိန်း၊ ဒီမှာ အေရိုဒိုင်းနမစ်က ဘယ်လို" စသည်အားဖြင့် ရှင်းလင်းမှုများ မည်သည့်အခါမှ မပြုလုပ်ပါ။ စစ်လက်နက်ဆိုင်ရာ စာစောင်များတွင် ထည့်သွင်းဖော်ပြကြရာတွင်လည်း အဓိက နည်းပညာကို လျှို့ဝှက်ထားကြလေ့ ရှိပါသည်။ ပညာရှင်များက မှန်းဆရေးသားကြသည်က များပါသည်။ 

● စစ်သဘောတရားများ တိုးတက်ပြောင်းလဲလာခဲ့သော်လည်း လူအင်အားတူလျှင် မြေပိုင်နိုင်ကျွမ်းကျင်သူ၊ မြေပိုင်နိုင်ကျွမ်းကျင်သူချင်း တူလျှင် စစ်လက်နက်သာသူ၊ စစ်လက်နက်ချင်းတူလျှင် နည်းပညာသာသူက အသာစီးရစမြဲ ဟူသော စစ်အောင်နိုင်ရေး သဘောတရားမှာ ပြောင်းလဲခြင်း မရှိပါ။ တစ်ဘက်နည်းပညာကို သာလွန်သော နည်းပညာများ ဆင့်ကဲတိုးတက်ထုတ်လုပ်ခြင်းဖြင့် ယနေ့ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်နည်းပညာများမှာ အခြားသော နည်းပညာတို့ထက် ထိပ်တန်းရောက်နေသည်မှာ အထင်အရှားပင် ဖြစ်သည်။ (စစ်လက်နက်သုတေသနသည် နည်းပညာလောကကို ဦးဆောင်သည့် ဥပမာကို ယနေ့ အသုံးပြုနေသော World Wide Web အင်တာနက်ကိုကြည့်လျှင် သိရှိနိုင်ပါလိမ့်မည်။ အင်တာနက်ကွန်ယက်သည် မူလက တပ်မတော်တွင် စစ်ဘက်ဆိုင်ရာကွန်ယက်အဖြစ် စတင်သုံးစွဲခဲ့ခြင်းသာ ဖြစ်ပါသည်။)

● မည်သည့်ဒီမိုကရေစီနိုင်ငံမျှ ပွင့်လင်းမြင်သာစွာဖြင့် စစ်လက်နက်စက်ရုံများကို သတင်းထောက်များ ခေါ်၍ ပြသရိုး ထုံးစံမရှိပါ။ ဓါတုလက်နက် ထုတ်လုပ်သည် ဟု ဆိုနိုင်ရန်အတွက် သတင်းထောက်များက Investigate လုပ်သည် ဆိုလျှင် ဆီးရီးယား နမူနာကို ကြည့်ရန် လိုအပ်ပါလိမ့်မည်။ ဓါတ်ငွေ့များကြောင့် လူအများ သေကြေမှုများ၊ မသေခင်တွင် ဖြစ်ပေါ်ခဲ့သော လက္ခဏာများကို ကြည့်၍ ဓါတုဓါတ်ငွေ့ ဟုတ် မဟုတ် ပညာရှင်များ၏ အယူအဆကို ယူကြရပါသည်။ ယင်းစက်ရုံ၊ လက်နက်တို့၏ သွင်ပြင်လက္ခဏာ၊ သဘောသဘာဝ၊ စက်ရုံဝန်ထမ်းတို့၏ ၀တ်စားဆင်ယင်မှု၊ လှုပ်ရှားဆောင်ရွက်မှု စသည်တို့ကို နက်နက်နဲနဲ ရှာဖွေစူးစမ်းရပါသည်။ တိကျခိုင်မာသော အထောက်အထားများ ရရှိမှသာ ဓါတုလက်နက် ဟု အမည်တပ် ရေးသားကြခြင်း ဖြစ်ပါသည်။ 

● တစ်ဖန် ဆီးရီးယားတွင် ဓါတုလက်နက် ရှိသည် ဟု အတည်ပြုနိုင်ပြီးသည့်နောက် နိုင်ငံတကာသဘောတူညီချက် ရယူခြင်းမရှိဘဲ စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်ရန်အတွက် သမ္မတအိုဘားမားကိုယ်တိုင် ကွန်ဂရက်ကို တင်ပြခဲ့သည်ကို သတိချပ်စေလိုပါသည်။ ဘုရှ်ဂျူနီယာလက်ထက်တွင် အီရတ်ကို တစ်ဘက်သတ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှာလည်း ဓါတုလက်နက်အကြောင်းပြချက်သာ ဖြစ်ပါသည်။ ဘုရှ်နမူနာကြောင့် အိုဘားမား ဆီးရီးယားကို ချက်ချင်း ၀င်မတိုက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ 

● ယူနတီ ဂျာနယ်ကိစ္စတွင် အချက်အလက်မခိုင်မာ၊ တိကျသောအထောက်အထားမရှိ၊ စက်ရုံပြင်ပဓါတ်ပုံများရိုက်ယူပြီး ဒေသခံရွာသူရွာသားများ ပြောစကားကို ခိုင်မာသော အရင်းအမြစ်သဖွယ် အသုံးပြု၍ ဓါတုလက်နက်စက်ရုံဟု ဖော်ပြခဲ့ခြင်းမှာ ယင်းဂျာနယ်၏ အရည်အသွေးသာ ဖြစ်ပါသည်။ အဆိုပါကိစ္စကို မှားယွင်းကြောင်း အထင်အရှား ပြနိုင်စိမ့်သောငှာ စက်ရုံဆိုင်ရာအချက်အလက်များကို ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ဖွင့်ချပြသရန်လည်း အကြောင်းမရှိပါ။ ယနေ့ခေတ်တွင် ၁ စင်တီမီတာ Resolution ဖော်နိုင်သော ထောက်လှမ်းရေုးဂြိုလ်တုများ ထွက်ပေါ်နေပြီ ဖြစ်သည်နှင့်အညီ ဓါတုလက်နက် စီမံကိန်း ရှိလျှင် မှတ်တမ်းဆိုးများ ရှိခဲ့သော နိုင်ငံအနေဖြင့် ဖုံးဖိထား၍ မရပါ။ 

● မြန်မာနိုင်ငံသည် သမ္မတကြီးလက်ထက်တွင် လူ့အခွင့်အရေးမြှင့်တင်မှုများ ဆောင်ရွက်နေသည့် အားလျော်စွာ အကျဉ်းထောင်များသို့လည်း ICRC နှင့် လူ့အခွင့်အရေးကိုယ်စားလှယ်များ သွားရောက်ကြည့်ရှုခွင့် ပေးလျက် ရှိပါသည်။ ဒီမိုကရေစီချန်ပီယံ အမေရိကန်ကို ဥပမာပြုရလျှင် ဂွါတာနာမိုအကျဉ်းထောင်အတွင်း မည်သည့် ပြင်ပသူစိမ်းများ ရောက်ရှိခဲ့ပါသနည်း ထောက်ပြလိုပါသည်။ အမျိုးသားလုံခြုံရေးကိစ္စမှာ ပွင့်လင်းမြင်သာမှုနှင့် မသက်ဆိုင်၊ သီးသန့် ဖြစ်ပါသည်။ 

● ယူနတီဂျာနယ်၏ လက်နက်စက်ရုံကိစ္စ ပွင့်လင်းမြင်သာမှု ရှိရှိ ချပြရန် ပြောကြားမှုများ များပြားလာနေသဖြင့် အမျိုးသားလုံခြုံရေးကိစ္စကို အမျိုးသားလုံခြုံရေးကိစ္စ ဟု သိမြင်နားလည်ကြစေရန်အတွက် ယခုကဲ့သို့ အကျယ်တ၀င့် ရှင်းလင်းရခြင်း ဖြစ်ပါသည်။ အတော်အသင့် နားလည်သဘောပေါက်ကြလိမ့်မည် ဟုလည်း မျှော်လင့်ပါသည်။
 

2 comments:

myanmarexpressမှ တာဝန်​ခံ ခင်​ဗျာ
သတင်း ဆိုဒ်​ ​တွေ သတင်​ ပို ချင်​ လျင်
ဘယ်​ လိုပို့ရ မလဲ

ပွင့်လင်းခိုင်းတဲကောင်တွေက ခွေးလောက်အသိမရှိတဲ့ကောင်၊ အမျိုးသားအရေးနားမလည်ကောင်၊ နိုင်ငံချစ်စိတ် မရှိတဲ့အကောင်တွေ သတ်ပစ်ဖို့ကောင်းတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်