Subscribe to our RSS Feed

ချစ်သူအဖြစ် ရွေးချယ်ရန်အသင့်တော်ဆုံး ယူနိုက်တက် အမျိုးသမီးပရိသတ်များ

From : Planet Myanmar Network 



အကယ်၍ ယူနိုက်တက် ပရိသတ် အမျိုးသား တစ်ဦးကသာ အသင်းစွဲတူသော မိန်းကလေးတစ်ဦးကို ရွေးချယ်ဖြစ်ပါက ၎င်းတို့၏ ဆက်ဆံရေးသည် အခိုင်မာဆုံး၊ အပြည့်စုံဆုံး ဖြစ်လာနိုင်ခြေ အလွန်များ

Dating ဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုက ဗြိတိန်နိုင်ငံအတွင်း ထူးထူးခြားခြား ကောက်ယူသော စစ်တမ်းတစ်ခု၌ အမျိုးသားအများစု ချစ်သူအဖြစ် ရွေးချယ်လိုသည်မှာ မန်ချက်စတာ ယူနိုက်တက်၏ မိန်းကလေး ပရိသတ်များ ဖြစ်နေကြောင်း သိရသည်။ LOVOOက ယင်းစစ်တမ်းကို ကောက်ခံခဲ့ပြီး ဘောလုံးပရိသတ် အမျိုးသားများအတွက် အကောင်းဆုံး လက်တွဲဖော် ချစ်သူကို ရှာဖွေသည့်အခါ ယူနိုက်တက် ပရိသတ် မိန်းကလေးများကို ရွေးချယ်သင့်ကြောင်း အဖြေထုတ် တွေ့ရှိခဲ့သည်။ စစ်တမ်းများအရ ယူနိုက်တက်ကို အားပေးသော မိန်းကလေး ပရိသတ်များသည် အသင်းအပေါ် စွဲလမ်းချစ်ခင်မှု အားအကောင်းဆုံး ဖြစ်နေတတ်ကြောင်း သိရသည်။

အကယ်၍ ယူနိုက်တက် ပရိသတ် အမျိုးသား တစ်ဦးကသာ အသင်းစွဲတူသော မိန်းကလေးတစ်ဦးကို ရွေးချယ်ဖြစ်ပါက ၎င်းတို့၏ ဆက်ဆံရေးသည် အခိုင်မာဆုံး၊ အပြည့်စုံဆုံး ဖြစ်လာနိုင်ခြေ အလွန်များကြောင်း LOVOOက ဆိုသည်။ LOVOOသည် လူနေမှုဘဝ နယ်ပယ်အသီးသီးရှိ ချစ်သူများကြား ဆက်ဆံရေး ပုံစံကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာ သုတေသနပြုခဲ့ပြီး ဘောလုံးပရိသတ်များကြား ဆက်ဆံရေးတွင် ယင်းကောက်ချက်ကို အဖြေရှာ တွေ့ရှိလာခြင်း ဖြစ်သည်။

 



အထူးပြု ဖော်ပြချက် အနေဖြင့် ယူနိုက်တက် ပရိသတ် မိန်းကလေး တစ်ဦးတွင် အိုးလ်ထရက်ဖို့ဒ်သို့ ကိုယ်တိုင်သွားရောက် အားပေးလေ့ရှိပြီး မီနီကူးပါး ကားလေးတစ်စင်းဖြင့် ဘောလုံးပွဲလာကြည့်တတ်သူ၊ ပွဲမတိုင်မီ ဝိုင်တစ်ခွက် သောက်လေ့ရှိသူမျိုးသည် ချစ်သူအဖြစ် ရွေးချယ်ရန် အသင့်တော်ဆုံးဟု အမျိုးသား အများစုက စိတ်ကူးယဉ်နေကြောင်းလည်း LOVOO၏ စစ်တမ်းက ဖော်ပြခဲ့သည်။ ထို့အပြင် အရပ်(၅)ပေ၊ (၅)လက်မ ဝန်းကျင် မိန်းကလေးများကို အမျိုးသားများက နှစ်သက်ကြပြီး ကိုယ်အလေးချိန် (၉)စတုံနှင့် (၂)ပေါင်ဝန်းကျင် ရှိစေလိုကြသည်။ အမျိုးသား(၂၀၀၀)ကျော် ပါဝင်ဖြေဆိုသော စစ်တမ်းတွင် အများစုက မိမိတို့၏ ချစ်သူသည် ကယ်လီဘရွတ်ခ်၊ ချယ်ရီကိုးလ်၊ ဂျက်ဆီကာအန်းနစ်တို့နှင့် ဆင်တူစေလိုကြောင်း ဝန်ခံခဲ့ကြသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်