Q - အစ်ကို့ နာမည်လေး အရင် မိတ်ဆက်ပေးပါအုံး
A - သွင်ကိုကို ပါ
Q - ဟုတ်ကဲ့ နိုင်ငံရေးလောကထဲကို ဘယ်ချိန်က စဝင်ခဲ့တယ်ဆိုတာလေး ပြောပြပါအုံး
A - ဟုတ်ကဲ့ ကျွန်တော် ၂၀၀၈ စက်တင်ဘာက ဆိုပါတော့။ ကျွန်တော့် အမျိုးသမီးလောင်းက ဒီမှာလေ။ အလုပ်လုပ်ရင်း ကျောင်းတက်နေတာပါ။ အဲ့တုန်းကလည်း သူက ခေါ်လိုက်လို့ပါပဲ။ လာပြီးတော့မှ ဒီလောကထဲ ဝင်ဖြစ်ခဲ့တာပါ။
Q - အော် ဟုတ်ကဲ့ အခု နေတဲ့နေရာလေးပြောပြပါအုံး
A - တိုကျိုမှာပါ
Q - ဘယ်အရွယ်ကတည်းကနိုငံရေးကို စိတ်ဝင်စားခဲ့တာလဲ မသိဘူးဗျ
A - ဘယ်အရွယ်တုန်းကမှ စိတ်မဝင်စားပါဘူး။ ခုဆို အကြောင်းသိသွားလို့ ပိုတောင် စိတ်ကုန်သွားပါသေးတယ်။
Q- စိတ်မဝင်စားဘဲ ဘယ်လိုကြောင့် ဝင်ဖြစ်သွားတာလဲ သေသေချာချာပြောပြပေးပါ အစ်ကို
A - ဒါက ဒီလိုပါ။ ကျွန်တော်နိုင်ငံရေးကို လုံးဝ စိတ်မဝင်စားပါဘူး။ ဒါပေမယ့်အခု ကျွန်တော် နိုင်ငံရေး သမား တစ်ယောက် ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်ကမှ ကျွန်တော်ကမှ ကျွန်တော် ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်တာပါ။ ဂျပန်နိုင်ငံ သွားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ် အခက်အခဲအမျိုးမျိုးကြောင့် အစဉ်မပြေပဲ မရောက်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် မနှစ်က ကျွန်တော့် အမျိုးသမီးလောင်း က ခေါ်လိုက်လို့ လာလို့ရသွားတာပါ။ ရောက်ပြီးနောက်နေ့မှ လူတော့ ရောက်တာကတော့ ရလာပြီ။ ရောက်လာလို့ စိတ်အေးရပြီလို့ ကျွန်တော် အစက ထင်လိုက်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ပြဿနာက အဲ့ချိန်မှ စတာပါ။ ကျွန်တော့်အတွက် နေထိုင်ခွင့် လိုအပ်ပါတယ်။ ဒီနိုင်ငံမှာက ကျောင်းသားတွေနဲ့ နိုင်ငံရေး ခိုလုံသူတွေပဲ လွယ်လွယ်ကူကူနေရတာပါ။ မြန်မာလူငယ်အများစုကတော့ ကျောင်းတက်ရင်း အလုပ်လုပ်ရင်းနေကြပါတယ်။ လူကြီးတွေကတော့ ဂျပန်လူမျိုးတစ်ယောက် ဒါမှမဟုတ် အလုပ်ဖြင့် တရားဝင်နေထိုင်ခွင့် ရသူ တစ်ယောက်ယောက်ကို လက်ထပ်ပြီး မှီခို နေထိုင်ကြပါတယ်။ မမှီခိုချင်တဲ့လူတွေနဲပ ကျောင်းနဲ့ အလုပ်အတွက် လက်ကြောမတင်းသူတွေကတော့ နိုင်ငံရေး ခိုလှုံကြတာပါပဲ။
Q - အစ်ကိုက နိုင်ငံရေ ခိုလှုံခဲ့တာလား
A - ဟုတ်ပါတယ်။ ကျွန်တော် ဒီကိုလာဖို့ ကျွန်တော့ အမျိုးသမီးလောင်းက အားလုံး အကုန် အကျ ခံပေး ထားတာပါ။ ကျွန်တော်ကျောင်းဆက်တက်မယ်ဆိုရင် ထက်ပြီး ကုန်အုံးမှာပါ။ ကျွန်တော် ထပ်ပြီး မယူချင်တော့လို့ပါ။ ဒါနဲ့ နောက်ဆုံး ကြံရာမရ လို့ နိုင်ငံရေးခိုလှုံခဲ့တာပါ။ ကျောင်းတက်ရင်လည်း ဘာမှအကျိုးမရှိတာကြောင့်လည်း ပါပါတယ်။
Q - ကျောင်းတက်ရင်လည်း ဘာမှ အကျိုးမရှိဘူးဆိုတာက ??
A - အော် ဒါက ဒီလိုရှိပါတယ်။ အမှန်တိုင်းပြောရရင် ကျွန်တော့် ဒီနိုင်ငံက မြန်မာကျောင်းသား တို့ ဘဝ အရမ်း သနားဖို့ ကောင်းပါတယ်။ ဒီနိုင်ငံတင်မဟုတ်ပါဘူး နိုင်ငံတကာမှာ အလုပ်လုပ်ရင်း ကျောင်းတက်နေတဲ့ ကျောင်းသားအားလုံးပါပဲ။ ကျောင်းက မနက် ၉ နာရီကနေ နေ့လည် ၁ နာရီ ထိပါ။ အလုပ်က ညနေ ၃ နာရီကနေ ည ၁ နာရီထိပါ။ အလုပ်က ပိုက်ဆံရအောင် လုပ်ရတာပါ။ ဒါတော့ အားလုံးသိပါတယ်။ ပိုက်ဆံရမှ ကျောင်းလခ သွင်းနိုင်မယ်။ ပြီးတော့ အိမ်လခ အပါအဝင် အခြား လစဉ် ကုန်ကျစရိတ်အတွေက် ကာမိရုံ အတွက်ပါ။ ကျောင်းတက်ရတာကတော့ နေထိုင်ခွင့်ရဖို့ သက်သက်ပါ။ အမှန်တိုင်းပြောရရင် ဘာတစ်လုံးမှ မတတ်ပါဘူး။ ဂျပန်နိုင်ငံအကြောင်း အားလုံးသိကြမှာပါ။ အလုပ်သမားကို ကျွန်တစ်ယောက်လို ဆက်ဆံခိုင်းစေတာပါ။ အလုပ်ချိန်မှာ အိပ်ငိုက်ဖို့နေနေသာသာ အမှားမလုပ်မိအောင် မနည်းသတိထားနေရတာပါ။ ပြုတ်လိုက်တဲ့ မြန်မာအလုပ်သမားတွေကလည်း တပြုတ်ပြုတ်နဲ့ပါပဲ။ နောက်တစ်ခု ထပ်ရှာ ထပ်လုပ်နဲ့ ဒီလိုပဲ သံသယာ လည်နေကြတာပါ။ တစ်ခါတစ်လေ တစ်ချိန်က ပြုတ်သွားတဲ့ အလုပ်ကို ထပ်ရတာတွေတောင် ရှိပါသေးတယ်။ ဂျပန်တွေကတော့ များလို့ မမှတ်မိပါဘူး။ နိုင်ငံခြားသားဖြစ်တာကြောင့်လည်း ပါပါတယ်။ မြန်မာတွေကတော့ အားလုံးမှတ်မိပါတယ်။ ဒီလိုပဲ မသိချင်ယောင်ဆောင် ဆက်လုပ်တာပါပဲ။ လုပ်ရတဲ့ အလုပ်က စလုပ်လုပ်ချင်းတွေမှာ စားသောက်ဆိုင်က ဖိုကြီးထဲမှာ ပန်းကန်ဆေး ရပါတယ်။ နောက်မှ အဆင့်တက်လာမှ စားပွဲလေးဘာလေး ထိုးရတာပါ။ တစ်နေ့ကို ၁၀ နာရီလုံး မက်တက်ရပ်ပြီး အလုပ်လုပ်လာလိုက်တာ အိမ်ပြန်ရောက်ချိန်ဆိုရင် တစ်ခါတစ်လေ ရေတောင် မချိုးနိုင်ပါဘူး တစ်ခါတည်း တန်းအိပ်တာပါ။ နောက်တစ်နေ့ မနက် ကျောင်းသွားချိန် ပြန်ထပြီး ပြန်သွားတာပါပဲ။ မထချင်ထချင်နဲ့ အိပ်ချင်မူးတူးနဲ့ ကျောင်းရောက်ပါတယ်။ ကျောင်းရောက်တော့ မြန်မာ အားလုံး သူလိုကိုယ်လိုတွေချည်းပါပဲ။ စာသင်ချိန် စပြီဆိုတာနဲ့ အိပ်တော့တာပါပဲ။ ဘာတွေသင်မှန်းလဲ မသိပါဘူး၊ နေ့လည်စာစားချိန် ထ စားပြီး ပြန်အိပ်တာပါပဲ။ အဲ့လိုနဲ့ မြန်မာလူငယ်တွေလည်း လူနဲ့မတူတော့ပဲ ဦးနောက်တွေကကြောင်တောင်တောင်တွေ ဖြစ်လာပါတယ်။ ကျွန်တော့ အမျိုးသမိးလောင်းဆိုရင် ညအိပ်ချိန်မှာဆိုရင် ခါးတွေက သေအောင်နာနေတာပါပဲ။ စာလည်းမတတ်၊ ပိုက်ဆံလည်းမကျန်တဲ့ အပြင် ရောဂါပါ ကျန်မှာမို့ အလုပ်လုပ်ရင်း ကျောင်းတတ်တာဟာ ဘာမှ အကျိုးမရှိဘူးလို့ ပြောရတာပါ။ သင်တန်းဆင်းလက်မှတ်ရလဲ ဘယ်မြန်မာကိုမှ အလုပ်မခန့်ပါဘူး။
Q - ဒါကြောင့် နိုင်ငံရေးခိုလှုံခဲတာလား အစ်ကို
A - နိုင်ငရေး မခိုလှုံခင်မှာ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါတယ်။ နောက်ဆုံး ကျွန်တော် နိုင်ငံရေး ခိုလှုံရင်တော့ ကျန်တာ ဘာမှ ဟုတ်တာ မဟုတ်တာနေ သက်သာမှာတော့ သေချာတယ်ဆိုပြီး ကျွန်တော် အဆက်အသွယ်တစ်ခု ရှာပြီး ဝင်ခဲ့ပါတယ်။ ဂျပန်မှာ အဆက်အသွယ် အရမ်းပေါပါတယ်။
Q - အဆက်အသွယ်ပေါတယ်ဆိုတော့ လုပ်တဲ့လူ များလို့လား ?
A - များတယ်ဗျ.. တော်တော်လေးကို များတယ်.. အဆင်လည်းပြေကြတယ်။ ဒီနိုင်က မြန်မာတွေထဲမှာ ငွေအများဆုံးသုံးနိုင် ပေးကမ်းနိုင်တာဆိုလို့ ကျွန်တော်တို့အဖွဲ့တွေပဲ ရှိတယ်။
Q - ပေးနိုင်ကမ်းနိုင်ကြတယ်ဆိုတော့ မိဘတွေကို ထောကောင်းကောင်းထောက်ပံ့နိုင်တာပေါ့နော် ?
A - သေချာတာပေါ့ဗျာ.. မိဘတွေတင်မဟုတ်ဘူးဗျ ဆွေမျိုးသားချင်းတွေအားလုံးကိုရောပဲ.. တစ်ချို့ တွေဆိုရင် ကျောင်းသူ လေးတွေကို ငွေကြေးအများကြီးထောက်ပံ့ပေးပြီး လပိုင်း၊ ရက်ပိုင်း အတူနေကြတဲ့ အသက်ကြီးကြီး အဖွဲ့တွေ အများကြီးပဲရှိတယ်။
Q - ဘယ်လို ဘယ်လို ? ခုန ပြောတဲ့ ကျောင်းသူလေးတွေကို ထောက်ပံ့တယ်၊ အတူနေတယ်ဆိုတာလေး သေချာ နားလည်အောင် ပြန်ပြောပါအုံး
A - ဒီလိုဗျာ.. ဘယ်လိုပြောရမလဲ.. စပွန်စာ ပေးတဲ့သဘောပေါ့ဗျာ.. ဒီနိုင်ငံက အလုပ်မလုပ်ပဲ ကျောင်းတက်နိုင်ဖို့ မလွယ်ဘူးဗျ။ ဒီတော့ မြန်မာကျောင်းသူ ငယ်ငယ်လေးတွေက ပိုက်ဆံအရမ်းလိုကြတယ်။ အဲ့ဒီတော့ ကျနော်တို့ဆီက အဖွဲ့တွေက ထောက်ပံ့နိုင်တော့ ထောက်ပံ့ကြတယ်လေ။ အပြန်အလှန် ပေးဆပ်မှုတွေတော့ ရှိတာပေါ့နော်။ အဲ့ဒါမျိုးကို ပြောတာပါ။
ှQ - သူတို့တွေက လူပျိုကြီးတွေမို့လား အစ်ကို၊ အစ်ကို့အနေနဲ့ အဲ့လိုလုပ်ကြတာကို ဘယ်လိုမြင်လဲ ?
A - ဒီအသက်အရွယ်တွေ ရောက်မှတော့ လူပျိုရယ်လို့တော့ မရှိတော့ဘူးလေ ညီကလည်း။ ဘယ်လိုမြင်လဲဆိုရင်တော့ ဒါမျိုးက ခုမှဖြစ်နေတာမှမဟုတ်တာ အရင်ကတည်းက ဖြစ်နေကြပြီး နောက်မှ အချင်းချင်း မသိသလိုပဲ နေနေကြတာဆိုတော့ သိပ်ပြဿနာမဟုတ်ပါဘူး။ ဒီခေတ်ကြီးမှာ ဒါတွေက သိပ်လည်း အရေးမပါတော့ဘူးလေ။
Q - နိုင်ငံရေး ခိုလုံခွင့်အတွက်ရော ဘာတွေ လိုအပ်သေးလဲ ?
A - ဘာမှမလိုပါဘူး။ အရမ်းအစဉ်ပြေပါတယ်။ နေထိုင်ခွင့် အကန့်အသက်မရှိနေရပါတယ်။ ဘာအလုပ်မှ မလုပ်ရ တော့ပါဘူး။ တကယ်ကောင်းတဲ့ နိုင်ငံရေး သမားဘဝပါ။
Q - ဘာတွေလုပ်ရလဲ မသိဘူး
A - အစ ပိုင်းတုန်းက ကျွန်တော့တာဝန်က Gtalk အကောင့်တစ်ခု (ခုလက်ရှိ) လုပ်ပြီး။ forward တွေထဲ Gtalk အကောင့်တွေကို လိုက်ပြီး add ရပါတယ်။ accept ပေးတာလည်း ရှိပါတယ်။ မပေးတာလည်း ရှိပါတယ်။ နောက်ရက်တွေမှာ အကောင့်ထဲမှာ ရှိတဲ့လူတွေကို ‘နအဖက ဘယ်သူ့ကို အပြစ်မရှိပဲ ဘယ်နေ့က ဖမ်းလိုက်ပါတယ်’ ဆိုတာကို ဟုတ်တာတွေရော လိုက်ပြောရတာပါ။
Q - ဒါဆို တော်တော် အစဉ်ပြေတာပဲ
A - ဟုတ်ပါတယ်။ အတော်လေး လွယ်ပြီး စားဝတ်နေရေး အဆင်ပြေတဲ့ အလုပ်ပါ။ ဒါပေမယ့် ချပေးတာတွေက အများကြီးပေမယ့် ရှေ့လူတွေကတစ်ဆင့်တစ်ဆင့် ဖျက်ဖျက်ယူသွားလိုက်တာ ကျွန်တော်တို့ အတွက် ခေါင်းနဲ အမြီးလောက်ပဲ ကျန်ပါတယ်။ ဆန္ဒပြပွဲတွေမှာ မျက်နှာပြတဲ့လူ၊ ဆိုင်းဘုတ်ကိုင်တဲ့လူနဲ့၊ ကင်မယာမန်း တွေက ပိုရပါတယ်။ ကျွန်တော်ကတော့ အစကတည်းက တစ်သက်လုံးလုပ်ဖို့ အစီစဉ်မရှိလို့ ဝင်မပါပါဘူး။ ကျွန်တော်နဲ့ တစ်ခန်းတည်းနေတဲ့ အစ်ကိုကတော့ နေရာတိုင်းမှာ ရှေ့ဆုံးကပါ။ လင်မယား နှစ်ယောက်လုံး တက်တက်ကြွကြွကို ပါပါတယ်။ လင်မယားနှစ်ယောက်လုံး ၇ တန်းနဲ့ ကျောင်းထွက်ထားကြတာပါ။ သူတို့အမြဲအော်နေတဲ့ အောင်ဆန်းစုကြည် ဆိုတဲ့ စာလုံးတောင် စလုံး နဲ့ ဆလိမ် မှန်အောင်မပေါင်းတတ်ပါဘူး။ (လင်မယား ဆိုတာ တရားဝင် မယူရသေးလို့ အိမ်ခွဲနေကြတာပါ) နှစ်ယောက်လုံးက ဘာနိုင်ငံရေးမှလည်း မသိပါဘူး။ ဘာခံယူချက်မှလည်း မရှိပါဘူး။ လိုက်လဲ လိုက်ဖက်ညီတဲ့ အတွဲပါ။ သူတို့ကြည့်ရတာ အရမ်းပျော်နေပုံပါပဲ။ သူတို့ အလုပ်ကလဲ အမြဲမရှိတော့ အလုပ်ရှိတဲ့ ရက်ကလွဲလို့ ကျန်တဲ့ရက်တွေမှာ နိုင်ငံအနှံလည်နေကြတာပါ။ ဒါက စကာစပ်မိလို့ ပြောတာပါ။
Q- နိုင်ငံရေး ဘလော့က ကိုယ့်ဘောနဲ့ကိုယ်လုပ်တာလား။ သူတို့ခိုင်းလို့လား။
A - ဟုတ်ကဲ့ ကျွန်တော်ပြောပြပါမယ်။ ကျွန်တော် နိုင်ငံရေးခိုလှုံပြီး ၂ လ လောက်ကြာတော့ နိုင်ငံရေး သမားပါးဝလာပါတယ်။ နဲနဲ အဆင့်တက်ဖို့အတွက် မေးမြန်းရင်းနဲ့ နိုင်ငံရေး ဘလော့ တစ်ခု စလုပ်ခဲ့ပါတယ်။ သူငယ်ချင်း တစ်ယောက်က ဘလော့မှာ ဒေါင်းပုံတွေ နဲ့ လူပုံတွေ တစ်ချို့ တင်ပေးပါတယ်၊ မိန်းမ တစ်ယောက်ပုံတောင် ပါပါသေးတယ်။ အဲ့တုန်းကပေါ့ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တော့ ကျွန်တော် သိပါတယ်။ ကျန်တဲ့လူတွေကို ကျွန်တော် မသိပါဘူး။ မသိတဲ့လူတွေ မတင်ချင်ဘူး လို့ ကျွန်တော်က ပြောတော့။ သူငယ်ချင်းက ပြောတယ်။ မတင်လို့ မဖြစ်ဘူးတဲ့။ အဲ့ဒါတွေက ထမင်းရှင်တွေ လို့ ပြောပါတယ်။ သူပြောမှ ကျွန်တော်လည်း သိပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းတင်တဲ့၊ ဦးတင်မိုးတဲ့ နောက် ကျန်ပါသေးတယ်။ ဒါနဲ့ ဘလော့တော့ ပြီးသွားတော့ ပြဿနာ စ ပါပြီ။ ဘလော့ရေးရမယ်တဲ့။ ကျွန်တော် ဘယ်လိုလုပ်ရေးတတ်မှာလဲ။ ရည်းစားစာတောင် ကောင်းကောင်း မရေးတတ်တဲ့ ကျွန်တော်က။
Q- အဲ့ဒါ ဘယ်လိုရေးတတ်သွားလဲ
A - ဟုတ် ဆက်ပြောပါ့မယ်။ သူငယ်ချင်းက သင်ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်းက စရေးတဲ့။ ဒါမှ ပိုက်ဆံတောင်းလို့ ကောင်းမှာတဲ့။ ပိုဆိုးတာပါပဲ ဒေါ်အောင်ဆန်းစုကြည်ပုံတောင် အခုမှ မြင်ဖူးတာ။ ဒါနဲ့ သူငယ်ချင်းက
http://burmatoday.net/ ဆိုတဲ့ ဆိုဒ်ကို ပေးပါတယ်။ ပြီးတော့ နောက်နေ့မှ ဆက်ပြောမယ်ဆိုပြီး ပြန်သွားပါတယ်။ သူငယ်ချင်းလည်းပြန်သွားရော ကျွန်တော် လည်း သူလုပ်ပေးထားတာလေးကို တညလုံး ကလိတော့တာပါပဲ။ အဲ့နောက်
http://burmatoday.net/ ကနေပြီး ဘေးမှာ ရှိတဲ့ လင့် တွေကို တစ်ခုပြီး တစ်ခု လိုက်နိပ်ရင်းနဲ့ ဆိုဒ်တော်တော်များများကို ရောက်ဖြစ်ခဲ့ပါတယ်။ အဲ့နောက် ဒေါက်တာလွဏ်းဆွေနဲ့ ဆုံဆည်းရာ ဘလော့ကို ရောက်၊ အဲ့ကနေ တခြား နိုင်ငံရေးဘလော့တွေကို ရောက်ပြီး နိုင်ငံရေးဘလော့တွေရဲ့ လုပ်နည်းလုပ်ဟန်ကို ကျွန်တော်တစ်ညတည်းနဲ့ တတ်မြောက်လိုက်တာပါပဲ။ ပိုစ့် ၃ ခု တောင် တင်လိုက်ပါသေးတယ်။ ကျကျနနပါပဲ။ နောက်နေ့ကစပြီး ကျွန်တော် ဆရာတစ်ယောက်ဖြစ်သွားတာပါပဲ။
Q - တော်တော် အချိန်ပေးသင်လိုက်ရတာပဲ
A - ဟား ဟား ဟား
Q - ဒါနဲ့ တစ်နေ့တာ လုပ်ငန်းလေး ပြောပြပါအုံး။ အဲ့တုန်းကပေါ့
A - ကျွန်တော့ အလုပ်က ရှင်းပါတယ်။ မိုးလင်းတာနဲ့ ထချင်တဲ့အချိန်မှ အိပ်ယာထ။ နိုးတာနဲ့ ကျွန်တော် စုထားတဲ့ မြန်မာနိုင်ငံအကြောင်း မကောင်းရေးထားတဲ့ သတင်းတွေ၊ ဘလော့တွေ လိုက်ဖတ်ပါတယ်။ ပြီးရင် အဲ့ထဲက ပိုစ့် တစ်ခုလောက် ကျွန်တော့်ဘလော့မှာ ပြန်တင်ပါတယ်။ ပြီးရင် စီဘောက်စ်တွေမှာ လိုက်ပြီး ကျွန်တော့် ဘလော့ကို လိုက်ကြော်ငြာပါတယ်။ သူများဆဲနေတာတွေ့ရင် ဝင်ဆဲတယ်။ စားချိန် စားတယ်၊ အိပ်ချိန်အိပ်ပါတယ်။ အတိအကျရယ်လို့တော့မရှိပါဘူး။ ပိုက်ဆံထုတ်ရမယ့် ရက်နဲ့ အစည်းဝေးတွေဘာတွ ရှိတဲ့ရက် ဆိုရင်တော့ ရုံးကိုသွားပါတယ်။
Q - အစည်းဝေးတွေဘာတွေဆိုတာ
A - အော် ဒါက ဒီလိုပါ။ ဂျပန်နိုင်ငံကို မြန်မာနိုငံအပါအဝင် အခြားနိုင်ငံက လူကြီးတွလာရင် အစည်း ဝေးလုပ်တတ် ပါတယ်။ ဒါပေမယ့် ကျွန်တော်ကဘလော့ပဲရေးတာပါ။ ကျန်တဲ့ကိစ္စဝင်မပါပါဘူး။
Q - ခုလို နာမည်တော်တော်ရလာအောင်က တော်တော်ကျိုးစားခဲ့ရလား။
A - ဟား ဟား ဟား…။ ပြောရင်ယုံမှာတောင်မဟုတ်ဘူး။ လုပ်ရင်းကိုင်ရင်းနဲ့ ကျွန်တော် အထာ ပိုပိုနပ်လာတယ်။ ကိုယ်လိုပဲ နိုင်ငံရေးဘလော့ ရေးသူတွေကို အချင်းချင်းကပ်ပြီး ချီးကျူးရပါတယ်။ ကိုယ့်ဆီဘောက်စ်မှာလဲ ကိုယ့်ကို ချီးကျူးတဲ့ စာသားနဲ့ သတင်းလင့် လာထည့်တဲ့ စာပဲ ချန်ရတာပါ။ ကျန်တဲ့ ကိုယ့်ကို ကစ် ထားတဲ့ စာတွေဆို ချက်ချင်း ဖျက်ရပါတယ်။ ဒါက ဘယ်သူက မှ ချမှတ်ထားတဲ့ စည်းကမ်းမဟုတ်ပါဘူး။ လုပ်ရိုးလုပ်စဉ်ပါ။ အဲ့ဒီနောက်ပိုင်းမှာ လူသိများဖို့ အလွယ်လုပ်နည်း ကို ထပ်ထပ်ပြီး လုပ်ရင်းကိုင်ရင်း သိသိသွားပါတယ်။ ဒီနည်းက ပိုလွယ်ပါတယ်။
http://kyeesaytaman.blogspot.com/ ,
http://padaukmyay.blogspot.com/ ,
http://www.oppositeyes.blogspot.com/ အဲဒီ စီဘောက်စ် ၃ ခု မှာ လိုက်ဆဲတာပါပဲ။ အဲ့ချိန်တုန်းက
http://www.oppositeyes.blogspot.com/ က တော်တော်စည်ပါသေးတယ်။ ခုလို မဟုတ်ပါဘူး။ အရမ်းအစဉ်ပြေပါတယ်။ ဆေးလိပ်လေး ဖွာလိုက် လိုက်ဆဲလိုက်နဲ့ အချိန်တန် ပိုက်ဆံလေး ရလိုက်နဲ့ အစဉ်ကို ပြေနေတာပါပဲ။
Q - အစဉ်ပြေတယ်ဆိုပြီး ဘာကြောင်း ဆက်မလုပ်တော့တာလဲ။
A - အဆင်ပြေတယ်ဆိုတယ် ဆိုပေမယ့် မကောင်းဘူးဗျ။ အခု လုပ်နေတဲ့လူအားလုံး သူများတွေကိုသာ ဆွဲခေါ် နေကြတာပါ။ သတို့သားသမီးတွေ ဆန္ဒပြခိုင်းကြည့်၊ ဆိုင်းပုဒ်ကိုင်ခိုင်းကြည့်။ ဘယ်တော့မှ မလုပ်ခိုင်းဘူး။ ရေရှည်နဲ့ သားစဉ်မြေးဆက် မကောင်းဘူးလေဗျာ။ ပညာရေးကလည်း မကောင်းဘူး။ အမှန်တိုင်းပြောရရင် လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ဘွဲ့ရပြီးတာဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိတာပါ။ ကျန်တဲ့လူတွေက ၁၀ တန်းအောင်နဲ့ ကျောင်း တစ်ဝက်တစ်ပျက်နဲ့ ပါ။ တစ်ချို့ဆို ၁၀ တန်းမအောင်တဲ့ လူတွေပါရှိပါတယ်။
Q - ပိုက်ဆံကျတော့ရော ဘယ်လိုရလဲ
A - ပိုက်ဆံရတာကတော့ စီနီယာလိုက် ရတာပါ။ ဒီထဲမှာ ရောက်တာကြာနေတဲ့လူ၊ လုပ်သက်ရင့်နေတဲ့လူတွေနဲ့ အရဲစွန့် မျက်နှာပြတဲ့လူတွေက ပိုရပါတယ်။ ဆိုးတာက ဘာမှလည်းအလုပ်မလုပ်တဲ့ ကဗျာဆရာဟောင်းကြီးတွေ၊ သတင်းစာဆရာဟောင်းကြီးတွေနဲံ့ ပန်းချီဆရာဟောင်းကြီးတွေ ကို ခွဲပေးနေရတာပါပဲ။
Q - သူတို့တွေက ဦးဆောင်နေကြတာမဟုတ်ဘူးလား
A - ဟား ဟား ..။ နာမည်ခံတွေပါဗျာ။ သူတို့တွေဘဝက ကိုယ့်ထက် ပိုသနားဖို့ ကောင်းပါသေးတယ်။ ကျွန်တော်ကမှ မလုပ်ချင် ထွက်လာလို့ရသေတယ်။ သူတို့မှာ အသက်တွေကကြီးနေပြီး ဟိုသွားရ ဒီသွားရနဲ့ပါ။ ဘာကိုမျှော်လင်ပနေကြမှန်းတော့ မသိပါဘူး။ သူတို့မျှော်လင့်တဲ့ ရာထူးကို ရရင်တောင် ခုချိန် ဘာမှမလုပ်နိုင်တော့ပါဘူး။ ပါးစပ်ပြောကတော့ ကောင်းတုန်းပါ။ မြန်မာနိုင်ငံလည်း မပြန်နိုင်တော့ ဒီနည်းပဲရှိတော့တာလဲ ပါပါတယ်။
Q - အင်တာဗျူးတွေ။ ဆွေးနွေးပွဲတွေမှာတော့ စကားပြောကောင်းတယ်နော်
A - ဟုတ်ပါ့ ဟုတ်ပါ့။ အင်တာဗျူးတွေမှာတော့ ပြောလိုက်တာ လေတလုံး မိုးတလုံးပါပဲ။ အချင်းချင်း တွေချည်း ဆိုရင်တော့ အမြဲညည်းတွားနေကြတာပါ။ ကျွန်တော်နဲ့ မတည့်ပါဘူး။
Q - ဘယ်လိုဖြစ်ရတာလဲဗျ
A - တစ်ခါဗျာ။ ကျွန်တော်က တစ်ချို့လူတွေ ပညာရည် နိမ့်သေးတယ် အားလုံးကို ဘွဲ့ရအောင် လုပ်ပေးသင့်ပါတယ် လို့ တစ်ခါ အကြံပေးဖူးပါတယ်။ ဝိုင်းပြောလိုက်ကြတာ ရစရာမရှိပါဘူး။ မလေးရှား၊ ထိုင်း၊ အမေရိကား၊ နော်ဝေ၊ စကာပူက နိုင်ငံရေး ဘလော့ဂါတွေက ငါတို့ထက်တောင် ဆိုးသေးတယ် ဘာပညာမှ တတ်စရာမလိုဘူးတဲ့။ ကျွန်တော်လည်း ဆက်မပြောတော့ပါဘူး။
Q - အဲ့ဒါနဲ့ထွက်လိုက်တာလား
A - အဲ့ဒါကြောင့်ရယ် မဟုတ်ပါဘူး။ အစကတည်းက တစ်ချိန်ကျ ထွက်ဖို့ စီစဉ်ထားပြီးသားပါ။ အိမ်ပိုင်၊ ကားပိုင်လေးနဲ့ ကိုယ့်နိုင်ငံမှာကို နေချင်တယ်။ သူများနိုင်ငံမှာ အိမ်မပိုင်၊ ကားမပိုင်၊ လူတောမတိုး အခန်းကျဉ်းလေးထဲမှာ ၂ ယောက် ၃ ယောက် ပြွတ်ပြီး တစ်သက်လုံး မနေနိုင်ဘူး။ ဒါတောင် ကျွန်တော်လုပ်နေတဲ့အလုပ်က သူများ အလုပ်၊ သူများခိုင်းတာ လုပ်ရတာ မဟုတ်ဘူးနော်။ သူများကျွန်ပါ လုပ်ပြီး တစ်သက်လုံးနေသွားကြသူတွေကိုတော့ ကျွန်တော် လက်ဖျားခါတယ်။ ကျွန်တော်ထင်ပါတယ် သူတို့လည်း မကြာခင် သူတို့ဘဝကြီးက ဘယ်လောက် လူဖြစ်ရှုံးကြောင်း သိလာကြမှာပါ။ နောက် ပြီးတော့ ကျွန်တော့်ကို ဒီအလုပ် ဆက်မလုပ်တော့အောင် အဓိက တားမြစ်တဲ့ တချို့ကိစ္စတွေကိုတော့ တိတိကျကျ မပြောချင်ဘူး။ မကြိုက်တာတွေတော့ အများကြီးပေါ့။
Q - နိုင်ငံရေး ခိုလှုံသူအားလုံးက နိုင်ငံတော် ဒီမိုကရေစီရဖို့ လုပ်နေကြတာမဟုတ်ဘူးလား။
A - အောင်မလေး....။ သူတို့ထဲမှာတင် ဒီမိုကရေစီအရင်ရပါစေအုံး။ အကျင့်ပျက်လာဘ်စားတာတွေ ပျောက်ပါ စေအုံး။ သတိထားမိလားတော့မသိဘူး။ အတိုက်အခံ ဘလော့ စီဘောက်စ် အားလုံးလိုလို မှာ ဘန်းတာတွေ၊ ရေးခွင့်မပေးတာတွေ၊ ဖျက်တာတွေရှိတယ်။ http://kyeesaytaman.blogspot.com/ , http://padaukmyay.blogspot.com/ ,
http://www.oppositeyes.blogspot.com/ ဘလော့တွေမှာ သူတို့တွေ သွားရေးကြတယ်။ အဲ့ဘလော့တွေက ပြန်လာရေးရင်တော့ ဒုတိယအကြိမ်ဆိုရင် ဘန်းပြီးပြီ။ စီဘောက်တောင် လွတ်လွတ်လပ်လပ်ပြောခွင့်မရှိတာ ဘယ်ကလာ။ ဘာဒီမိုကရေစီမှမသိကြဘူး။ မရှိကြဘူး။
Q - နိုင်ငံရေးဘလော့ဂါ ဘဝ အပြီးမှာ ဘာတွေကျန်ခဲ့လဲ
A - ဟား ဟား ဟား ။ ကျွန်တော် အမှန်တိုင်းပြောရင် ကျွန်တော့ကို ဝိုင်းဆဲကြလိမ့်မယ်။ မပြောတော့ပါဘူး။
Q - တစ်ခုလောက်တော့ ပြောပြပါ
A - ဘယ်လိုပြောရမလဲ….။ ဟို….. အဆိုးမြင်တတ်သွားတာပေါ့ဗျာ…။ ဥပမာ နအဖ က ဆည်ဆောက်တယ်၊ တံတားဆောက်တယ်၊ လျှပ်စစ်ဓာတ်အားပေးရုံဆောက်တယ်။ ဒါ အားလုံးသိနေတာပဲ ကလေး က စ သိတယ်။ ခရီး အစဉ်ပြေဖို့၊ မီးအားရဖို့ လုပ်တယ်ဆိုတာကို။ ဒါပေမယ့် ကျွန်တော်တို့က ဘယ်လိုရေးရလဲဆိုတော့ အဲ့ဒါကြီးဆောက်လို့ ရွာဘယ်နှရွာ ပျက်ရတယ်၊ ရွာသားတွေ စိတ်ညစ်နေကြတယ်၊ ဆန္ဒပြကြတယ် ပေါ့။ နောက်တစ်ခုက တစ်နေရာရာမှာ ဗုံးပေါက်ကွဲ သွားရင် ပထမ တော့ နအဖ ကို တော်လှန်နေကြပြီဆိုတဲ့ အထာနဲ့ ဘယ်နေရာမှာ ဘယ်လို ကွဲတာ ဘယ်လောက် သေတယ်။ ဟုတ်သော်ရှိမဟုတ်သော်ရှိ ရေးတာပေါ့။ နောက် နေ့ကျတော့ အဲ့ဗုံးက နအဖ က ခွဲတဲ့ အထာနဲ့ ပြန်ရေးပြန်ရော ဟား ဟား ။ ကျန်သေးတယ်။ မပြောတော့ဘူး။ အကျွမ်းကျင်ဆုံး တတ်တာကတော့ ဆဲတာပဲ။ ဟား ဟား။
Q - မြန်မာ့နိုင်ငံရေးနဲ့ ပက်သက်ပြီး အစ်ကို့ရဲ့ အမြင်လေး ပြောပါအုံး။
A - ဟား ဟား ဟား ...။ ကျွန်တော် အဖြေရအခက်ဆုံးက အဲ့ဒီမေးခွန်းပဲ။ ကျွန်တော်က ၂ နှစ်လောက်ပဲ ဒီလောကထဲက သတင်းတွေ၊ စာတွေ ဖတ်ခဲ့တာပဲ ရှိတာပါ။ ဝမ်းစာအရ ပိုက်ဆံရဖို့ ဘလော့ရေးတာ။ ဘယ်လိုလုပ်နားလည်မှာလဲ။ အနှစ် ၂၀၊ ၃၀ လောက် ဒီလောကထဲမှာ ကျင်လည်လေ့လာနေတဲ့လူတောင် (အနှစ် ၂၀ လုံး ဖောလျှောလုပ်ပြီး ပိုက်ဆံတောင်းနေတဲ့လူတွေတော့ မဆိုလိုဘူးပေါ့) နိုင်ငံရေး အမြင်ရှိဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ နားလည်တယ် ဆိုတဲ့ လူတွေကလည်း အလကား လျှောက်ပြောနေကြတာ။ စာအုပ်တစ်အုပ်လောက်ဖတ်ပြီး ကိုယ့်ကိုယ်ကို နိုင်ငံရေး ပညာရှင်ထင်နေကြတာပါ။
Q - အခု ထွက်လိုက်ပြီဆိုတော့ မြန်မာနိုင်ငံ ပြန်မှာပေါ့
A - ဟုတ်ကဲ့ ပြန်မှာပါ။ အခုလက်ရှိ နိုင်ငံရေးဘလော့ လည်းရှိတဲ့ ဘန်ကောက်ဒီဗွီဘီ မှာ လုပ်နေတဲ့ ညီမတစ်ယောက်ကတော့ ပြောပါတယ် သူလိုပဲ ဘန်ကောက် ဒီဗွီဘီမှာ ဆက်လုပ်ဖို့ပေါ့။ ဒါပေမယ့် တော်ပါပြီ။
Q - အစ်ကို့ကြည့်ရတာ တော်တော် ခါးသည်းနေပုံပဲ။ နိုင်ငံရေးဘလော့ဂါဘဝကို
A - ခါးသည်းတာ မဟုတ်ပါဘူး။ ဒီလောက၊ ဒီအလုပ်တွေက အသိဥာဏ်အရမ်းထိုင်းမှိုင်းတယ်။ လက်တွေ့မရှိဘူး။ ပရိုဂရမ်မာတစ်ယောက် ကွန်ပျူတာရှေ့ တစ်နေကုန်ထိုင်နေတာက သူ့မှာ တစ်ရက်ဆိုတစ်ရက် ရလဒ်တွေ အများကြီးထွက်တယ်။ နိုင်ငံရေးဘလော့ဂါတွေမှာ ဘာရလဒ်မှမထွက်ဘူး။ အကုသိုလ်ကများသေးတယ်။ အဓိကက လူငယ်တွေရဲ့ တွေးခေါ် ဆန်းသစ်တတ်တဲ့ အသိဥာဏ်တွေ ပျောက်ကုန်တယ်။ ဒါကြောင့်ပါ။
Q - မြန်မာနိုင်ငံရောက်လို့ တစ်ခုခု ပြဿနာတက်ရင် ဘယ်လိုစီစဉ်ထားလဲ
A - ထွက်ဖို့မှီရင်တော့ မလေးကို ပြန်ထွက်မယ်။ မလေးမှာက နိုင်ငံရေးဘလော့ဂါတွေများတယ်။ အဲ့မှာက နိုင်ငံခြားရောက်လာပြီး အလုပ် အဆင်မပြေတဲ့လူတော်တော်များများက နိုင်ငံရေးထဲပဲဝင်နေကြတာ။ မလေးမှာဆိုရင် ညဆို သောက်လိုက်စားလိုက် စီဘောက်စ်တွေမှာ ဝင်ဆဲလိုက်နဲ့ ဆိုတော့ မဆိုးပါဘူး။ ကျန်တာတော့ အဲ့ဒီရောက်မှ ဆက်စဉ်းစားရမှာပေါ့။ ပြန်ထွက်ဖို့ မမှီရင်တော့ အမျိုးသမီးလောင်းကို ပြောထားပါတယ်။ နေဘုန်းလက်နဲ့ မယ်လိုဒီမောင် လိုပဲ သာ မှတ်လိုက်လို့။ ဟား ဟား ဟား။
Q - အစ်ကိုဖြေထားတာတွေနဲ့ပက်သက်ပြီး အကြောင်းအမျိုးမျိုးကြောင့် အစ်ကို့ဆီ ဆက်သွယ်ချင်တဲ့လူတွေ အတွက် ဆက်သွယ်လို့ရအောင် အစ်ကို့ အီးမေးကို ဖော်ပြထားလိုက်ပါမယ်။ အစဉ်ပြေမလား။
A - မပြေစရာအကြောင်းမရှိပါဘူး။ ကျွန်တော့် အီးမေးက
thwinkoko@gmail.com ပါ။ မြန်မာနိုင်ငံ ပြန်ရောက် ရင်တော့ အွန်လိုင်းသိပ်မတက်ဖြစ်ဖို့များပါတယ်။ ဒါပေမယ့် လိုပါသေးတယ်။
- ဟုတ်ကဲ့ ခုလို အချိန်တော် ကြာအောင် စိတ်ရှည်လက်ရှည်ဖြေပေးလို့ ကျေးဇူးအထူးပါ အစ်ကို။ မြန်မာနိုင်ငံမှာ အဆင်ပြေဖို့ ဆုတောင်းပေးလိုက်ပါတယ်။