Subscribe to our RSS Feed

တော်ပါပြီ ဒေါင်းရယ်


ဟိုးတုန်းကတော့ ဒေါင်းပျိုပေါ့.. ဒီလောက် နှစ်တွေကြာမှတော့ ဒေါင်းအိုတွေ ဖြစ်ကုန်ပါပြီ.. အမွှေးတွေ အတောင်တွေ လည်း မစုံတော့ဘူး..။ တုန်တုန်ရင်ရင် လှုပ်စိလှုပ်စိ၊ မပျက်မသားနဲ့..။ အမွေဆက်ခံတဲ့ ဒေါင်းတွေကော မရှိဘူးလား မဟုတ်ပါဘူး.. ရှိပါတယ်။ ဒါပေမယ့် ဒေါင်းသွေးစစ်စစ် မဟုတ်တော့ပါဘူး.. ပက်ဝန်းကျင်က လင်းတ သွေးတွေ ရောကုန်ကြပါပြီ.. ဒီတော့ ဒေါင်းပေါက်လေးတွေက ဒေါင်းတစ်ပိုင်း၊ လင်းတ တပိုင်း ဖြစ်လို့..။ ဒေါင်းအိုတွေနဲ့ ဒေါင်းတပိုင်း လင်းတ တပိုင်း ပေါက်စတွေနဲ့ကလည်း မကြာခဏ ရန်ဖြစ်.. အဲ့ဒီ မျိုးမစစ်ဒေါင်းတွေနဲ့ ဒေါင်းအိုတွေကြားမှာ မြန်မာနိုင်ငံကြီးလည်း စိတ်ဓာတ်ရေးရာတွေ များစွာ ပျက်စီး ယိုယွင်းနေပါပြီ..။ နိုင်ငံကောင်းအောင် တစ်ခုမှလည်း မလုပ်တဲ့အပြင်၊ ကန့်လန့် တိုက်နေတာတွေ ရပ်သင့်ပြီ..။ ဘာမသိ ညာမသိ လူငယ်၊ လူကြီး ရဟန်းတွေလည်း အနီးမှာရှိတဲ့ မျိုးမစစ်ဒေါင်းလင်းတ တွေကြောင့် မိုက်ရူးရဲတွေလုပ်ခဲ့ကြလို့ သွေးမြေကြရတာလည်း အကြိမ်ကြိမ်ပါပဲ။ အဝေးက မျိုးမစစ် ဒေါင်းလင်းတ များကလည်း ဒေါင်းပုံလေးပြပြီး တောရေး၊ တောင်ရေး (တောကူး၊ တောင်ကူး ဆိုရင် ပိုမှန်ပါလိမ့်မယ်၊ ကိုယ်ပိုင် နိုင်ငံရေးအသိ၊ နိုင်ငံရေးလေ့လာမှုနဲ့ ရေးတာ တစ်ခုမှမရှိပါဘူး) တွေကြောင့်.. ပြည်ပရောက် လူငယ်တွေလည်း လင်းတစိတ်တွေဝင်ကုန်ကြပြီး အားရင် မြန်မာနိုင်ငံကြီးကို ထိုးဆိတ်ချင်နေကြပါတော့တယ်။ ကိုယ်တိုင်မထိုးဆိတ်နိုင်ရင်တောင် လင်းတကြီးများကို အားကိုပြီး ထိုးဆိတ်ခိုင်းနေကြတော့ ရှေ့ကိုမရောက်တော့ဘူး။ ဒေါင်းခေတ်လည်း ကုန်တာကြာပါပြီ.. ဒေါင်းအိုတွေလည်း ဖင်ပြောင်နေပါပြီ..။ ဒေါင်းပြပြီး ဒေါ်လာတောင်းနေတဲ့ ဘလော့တွေလည်း ရှက်သင့်ပါပြီ.......။


8 comments:

ကိုဒေါ်လာ ကျွန်မဘလော့ဂ်မှာ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။ ကျွန်မဖြင့် ဘလော့ဂ်ရေးတာ ပိုက်ဆံရတယ်လို့ တခါမှ မကြားဖူးဘူး။ ရှင်ပြောမှပဲ ကြားဖူးတော့တယ်။ ရှင်တို့ နအဖတွေအတွက်ပဲ ဖြစ်ချင်ဖြစ်မယ်။ ကျွန်မတို့ ဒီမိုကရေစီကို မြတ်နိုးတဲ့သူတွေကတော့ ၀ါသနာအရ၊ စေတနာအရ ရေးတာပဲ ရှိတယ်။ ပိုက်ဆံရဖို့ နေနေသာသာ ကိုယ်ပိုင်အချိန်တွေ ကျောင်းချိန်တွေကို ဖဲ့ပြီး ရေးရလို့ အိမ်သားတွေနဲ့ ပြဿနာမဖြစ်အောင်တောင် မနည်းဆင်ခြင်နေရတယ်။ ထားလိုက်တော့ ရှင်တို့ပြောတာတွေက အရူးပြောတာ အရူးပဲ ယုံမယ်ဆိုပြီးပဲ သဘောထားလိုက်တော့မယ်။ ကျွန်မ C-Box မှာ IP တွေကို ပိတ်လိုက်ရတာ ရှင်တို့ နအဖကအကောင်တွေ အယုတ်အရိုင်းတွေ အကြမ်းပတမ်းတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ လာလာရေးပြီး ကျွန်မနာမည်ကိုလည်း ပြန်သုံးပြီး ကျွန်မ C-Box မှာ ကျွန်မကပဲ ရေးထားသလိုလို မဟုတ်မဟတ်တွေ လျှောက်ရေးလို့ ပိတ်တာ။ ဒါကို ဒီမိုကရေစီဆိုပြီး ခွင့်ပြုရမှာလား။ ဒီမိုကရေစီဆိုပြီး C-Box မှာ သပွတ်အူလို အမှိုက်ပေးမပွနိုင်ဘူး။ ယဉ်ယဉ်ကျေးကျေးရေးရင် ဘယ် IP ကိုမှ မပိတ်ပါဘူး။ ရှင့် IP ကတော့ ခုနက ပြောတာတွေ မရေးခဲ့ဘူး မှန်ရင် မတော်တဆ မှားပိတ်မိတာ ဖြစ်မယ်။ ပိတ်တဲ့ IP တွေက များလို့ ကျွန်မမမှတ်မိတော့ဘူး။ ပြန်ထည့်ပေးစေချင်ရင် ဒီမှာပဲ ဖြစ်ဖြစ် ကျွန်မဘလော့ဂ်က မှတ်ချက်မှာဖြစ်ဖြစ် ရေးထားပေးပါ။ ကျွန်မ ပြန်ထည့်ထားပေးမယ်။ ရှင့်ဘလော့ဂ်ကို ကျွန်မ မကြာခဏရောက်ပါတယ်။ ပို့စ်ကိုမဖတ်ပေမဲ့ ဘယ်သူတွေ အသစ်တင်ထားတယ်ဆိုတာ လာကြည့်ဖို့ ရှင့်ဘလော့ဂ်က အတော်စုံလို့ ကျေးဇူးပါပဲ။ ရှင်ဖျက်လိုက်တဲ့ မှတ်ချက်ကို ကျွန်မ ပြန်ထည့်ထားပေးပြီး ရှင့်မှတ်ချက်ကို အကြောင်းပြန်ချက် ပြန်ရေးထားပါတယ်။ နှစ်သစ်မှာ ဒီမိုမကောင်းကြောင်း အကုသိုလ်တွေ သိပ်မပြောပါနဲ့ ရှင်တို့ နအဖတွေကိုယ်တိုင် ဒီမိုကရေစီနိုင်ငံထူ ထောင်ပေးတော့မယ်ဆိုပြီး ပြည်သူလူထုကို လိမ်ညာနေရပြီ မဟုတ်လား။

မငယ်နိုင် ....

ကျွန်တော် တော့ ဒီ ဘလော့ဂ် ကို ဖတ်ရသလောက် ဒီမိုအရေခြုံပြီး လုပ်စားနေတဲ့သူတွေကို ဝေဖန်တာကလွဲပြီး နအဖ ကို ဂုဏ်ဖော်ချီးကျူးထားတဲ့ ပိုစ့်မျိုးမတွေ့မိသေးပါဘူး။ (ဖတ်တာတော့ မစုံသေးဘူး၊ ဆက်ဖတ်ကြည့်ရဦးမယ်။) .. မကောင်းလို့ မကောင်းဘူးပြောတာ နာစရာမဟုတ်ပါဘူးဗျာ၊ ဝေဖန်တာဘဲ .. အဲဒီအမျိုးအစားအထဲမှာ အမ မပါဘူးဆိုရင်၊ ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်ထင်ရင် .. ဆက်လုပ်ပေါ့။ ယုံကြည်ချက်နဲ့ အသက်ရှင်နေကြတဲ့ သူ ချည်းပါဘဲ .. အားပေးပါတယ်။ ကျနော်သိသလောက်တော့ Freedom of Speech က ဒီမိုဘလော့ဂ်တွေမှာလည်း မရှိပါဘူး။

ကျမ က တော့ဒီမိုလဲမဟုတ်ပါဘူး.နအဖထောက်ခံသူလဲမဟုတ်ပါ
ဘူး။မြန်မာပြည်သူပါ.ကျမဒီပို့စ်ကိုတော်တော်ကြိုက်တယ်။
ပြည်သူတွေတစ်ခုခုလုပ်မယ်မှ မကြံသူအဲ့ဒီဒေါင်းတွေက
ဘာလို့ပါပါလာတာလဲ။ဘုန်းကြီးပရိတ်ရွတ်တာနဲ့ဒေါင်းအလံတခြားစီပါ။ဆိုင်ဆိုင်မဆိုင်ဆိုင်လူစူမိမယ်ဆိုတာနဲ့သူတို့က အလံဝင်ထောင်တာပဲ။်မနိုင်ငံခြား က သူတွေကလည်း
သနားတယ်တကြော်ကြော်အော်နေကြတယ်.သိပ်သနားနေရင်ပြန်လာခဲ့ပေါ့။ နိုင်ငံရေးဒေါင်းတွေနဲ့အာဏာပိုင်တွေကြားထဲပြည်သူတွေ
သေရတာများနေပြီ။

ခုလောက်ဆိုရင်တော့ Peacemaker အနေနဲ့ အကုန်လုံးကို ဖတ်ပြီးလောက်ပြီ ဆိုတာတော့ နအဖကို တိုက်ရိုက် ဂုဏ်ဖေါ်ချီးကျူးတဲ့ပို့စ် မပါပေမဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို ဒေါ်လာယူပြီး ဘလော့ဂ်ရေးနေတယ်လို့ မဟုတ်ကဟုတ်က ရေးပြီး တဘက်က နအဖကို ဂုဏ်တင်ထားတာတွေ၊ နအဖ လက်ထပ်သင်ထားပေးတာကို လိုက်လုပ်ပြီး နှုတ်တိုက်အာဂုံ ဆောင်ထားတာကို ရေးနေတဲ့ ဘလော့ဂ်တွေ (မီးပြတိုက်နဲ့ တချို့ကို မဆိုလို) ကို အတုယူစရာ ဘလော့ဂ်တွေဆိုပြီး ထည့်ထားတာကို တွေ့ပြီးဖြစ်ပါလိမ့်မယ်။ အဲဒီဘလော့ဂ်တွေက ဒေါ်လာအတွက်ပဲ အတုယူစရာ ဖြစ်မှာ သေချာတယ်။

C-Box မှာ Nge Naing နာမည်အပြည့်နဲ့ ညစ်ညမ်းတဲ့ စကားတွေ ရေးထားတာ ပြည့်နေတဲ့ ဘလော့ဂ်တခုကို ကျွန်မ တွေ့ထားတယ်။ ကျွန်မရေးတာမဟုတ်ဘူးလို့ ပို့စ်တခုရဲ့ မှတ်ချက်အောက်မှာ သွားရေးပြီး ဖြုတ်ခိုင်းလည်း မရဘူး ဒီမိုကရေစီဆိုတာ ဒါပဲလို့တောင် ထပ်ရေးလိုက်သေးတယ်။ ကျွန်မလည်း ဘာမှ ထပ်မပြောတော့ဘူး။ အရူးစိတ်ချမ်းသာရင် တိုင်းပြည်တ၀က်အေးတယ်ဆိုတဲ့ သဘောထားအတိုင်း လွှတ်ထားလိုက်တယ်။ ဒီဘလော့ဂ်ဟာ ဒေါ်လာ အတုယူစရာ ဘလော့ဂ် စာရင်းထဲမှာ မကြာခင်ပေါ်လာလိမ့်မယ်လို့ ကျွန်မ ထင်တယ်။ မီးပြတိုက် တခုကတော့ ဟုတ်ပါတယ် ဒေါ်လာရေးထားတဲ့ အထဲမှာ အတုယူစရာ ဘလော့ဂ်လေးတခုအဖြစ် ကျွန်မ လက်ခံပါတယ်။

ကိုယ်တိုင် ဒေါ်လာယူပြီး လုပ်စားနေလို့သာ ကိုယ့်ကိုယ်ကိုယ်နဲ့ နှိုင်းပြီး ကျွန်မတို့ကို ဒေါ်လာစားဘလော့ဂ်လို့ မဟုတ်က ဟုတ်က စွပ်စွဲတယ်လို့ ထင်တယ်။

မေ့ကျန်ခဲ့လို့ ကျွန်မဘလော့ဂ်မှာ မဟုတ်တာ မဆိုင်တာ မရေးရလို့ အိပ်မပျော်စားမ၀င်ဖြစ်ပြီး တခုခုဖြစ်သွားရင် ကျွန်မတာဝန်ဖြစ်နေမှာစိုးလို့ ဒေါ်လာရေးထားတဲ့ မှတ်ချက်တခုကို မဆိုင်ပေမဲ့ ချွင်းချက်အနေနဲ့ မဖျက်ဘဲ ထားပေးထားပါတယ်။ အိပ်ပျော်စားဝင်ကာ အကျိုးရှိပြီး မှန်ကန်တာရေးဖို့နဲ့ မဟုတ်တာ မရေးဖို့ တိုက်တွန်းပါတယ်။

ခုတလော ma Nge Naing ကိုနေရာတကာတွေ့နေရတယ်။
ဘလော့ကစာမျက်နှာမှာရေးထားတာက *အမိ မြန်မာပြည်*
အားတကယ်ကို ငြိမ်းချမ်းသာယာ တိုးတက်စေချင်ပါသည် တဲ့
blog icon ကြီးမှာက australia flag ကြီးက ၀င့်ဝင့်ကြွားကြွားကြီးနဲ့လွင့်နေလိုက်တာများ

Australia အလံက သုံးခုတောင်ဗျ။

(၁) Phone Free ခေါ်လိုရရတဲ့ နိင်ငံတွေထဲက ရှေ့ဆုံးမှာ တစ်ခု၊
(၂) farvicon မှာလည်း Australia အလံပဲ၊
(၃) cursor မှာလည်း Australia အလံပဲဗျ။

ဒီဘလော့မျိုးတော့ တစ်ခါမှ မကြုံဖူးဘူး။ တကယ်ဗျ။ လုပ်ထားတဲ့ပုံစံနဲ့ အတွေးတောတာတွေ၊ ရေးထားတာတွေက မူလတန်းကလေး ဦးနောက်၊ သတ်ပုံက မူလတန်းကလေးသတ်ပုံ၊ အသက်က သေခါနီးနေပြီ။

မြန်မာနိုင်ငံအလံနဲ့တူတာတော့ တစ်ခုမှမရှိဘူး။ ပြောလိုက်ရင်တော့ ကြီးကြီးကျယ်ကျယ်။

စီဘောက်တကာရောက်တာတော့ မပြောနဲ့ဗျို့ မဗေဒါပြီးရင် သူပဲ။ အအားဆုံး ဘလော့ဂါဆုပေးရမယ်ဗျ

အဲ့ဒီ အဒေါ်ကြီးက ကောင်းတဲ့ဘက်မှာ နေရာ မရမယ့် တူတူ .. နေရာတော့ ရအောင်ယူမယ်(ဆိုးတဲ့နေရာ) ဆိုတာလား မသိဘူး .. တကယ်ပါပဲ .. မိန်းမကြီးတန်မဲ့ . ကလေးအမေဖြစ်နေပြီးတော့ .. အနောက်နိုင်ငံကိုပတ်အားကိုးပြီး . နေရတာကိုမကျေနပ်သေးဘူး . မြန်မာပြည်ကောင်းကြောင်းလေးလဲပြောပါဦး ဒေါ်လေးငယ်နိုင် ..

ဘယ်သူမှားတယ်မှန်တယ်တော့ မသိဘူး...ဒေါင်းဆို၇င်တော့ အသေမုန်းးး...တော်တော်အမြင်ကတ်တယ်...ပီးတော့ နိုင်ငံေ၇းမလုပ်ဘဲ ၇ုပ်၇ှင်မင်းသမီးဘဲ လုပ်စား၇င်ပိုတောင်ကောင်းမယ်...အမေ အခန်းကလေ..း)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်